စစ်ပွဲအလိုမရှိ ပြဇာတ်ကသူ ကျောင်းသားရှစ်ဦးကို ဒဏ်ငွေသာချမှတ်ခဲ့သဖြင့် ပြင်ဆင်ပေးရန် တပ်မတော်က အယူခံဆက်တက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်၌ စစ်ပွဲအလိုမရှိ ပြဇာတ် ကပြခြင်းကြာင့် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခံခဲ့ရသည့် ကျောင်း သားကိုးဦးမှ ရှစ်ဦးကို ဒဏ်ငွေသာချမှတ် ခဲ့သဖြင့် ပြင်ဆင်ပေးရန် ပုသိမ်ခရိုင် တရားရုံးသို့ တပ်မတော်က အယူခံ ဆက်တက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပြဇာတ်ကရာတွင် တပ် မတော်မိသားစုဝင်များ၏ ဂုဏ်သိက်္ခာ ထိခိုက်သည့် စကားလုံးများ ပါဝင်သည် ဟုဆိုကာ အနောက်တောင်တိုင်း စစ် ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးအောင်မျိုးခိုင်က တရားလိုပြုလုပ်ပြီး ကျောင်းသားများကို တရားစွဲခဲ့ရာ ပုသိမ်မြို့နယ်တရားရုံးက ၂၀၁၈ ခုနှစ် ဧပြီလ ၄ ရက်တွင် ပြဇာတ် ခေါင်းဆောင်ကျောင်းသားနှစ်ဦးကို ဒဏ် ငွေ ၅၀၀၀၀ ကျပ်နှင့် အခြားကျောင်း သားခြောက်ဦးကို ၃၀၀၀၀ကျပ်အသီးသီး ချမှတ်ခဲ့ခြင်းကို ပြင်ဆင်ပေးရန် အယူခံ ဆက်တက်ခြင်းဖြစ်ကြောင်း သိရသည်။
““ကျွန်တော်တို့ ကျောင်းသားရှစ်ဦး ကို ပုသိမ်မြို့နယ်တရားရုံးက အပြစ်ရှိ တယ်ဆိုပြီး ဒဏ်ငွေတွေ ချမှတ်ခဲ့တယ်။ အဲဒီအပေါ်မှာ တပ်မတော်ဘက်က ကျေနပ်ခြင်းမရှိတဲ့အတွက် ပုသိမ် ခရိုင်တရားရုံးကို အယူခံတက်ရောက်ခဲ့ တာကြောင့် ဇူလိုင် ၁၆ ရက်မှာ ကျွန် တော်တို့ရှစ်ဦးစလုံး ခရိုင်တရားရုံးမှာ အမှုပြန်လည်ရင်ဆိုင်ရမှာပါ””ဟု ပြဇာတ် တွင် ပါဝင်ကပြတရားစွဲဆိုခံရသည့် ကျောင်းသား ကိုအောင်ခန့်ဇော်က ပြော သည်။ ပုသိမ်ဟိုတယ်၌ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ ၉ရက်တွင် ပြုလုပ်သည့် ငြိမ်း ချမ်းရေးဆိုင်ရာ သဘောထား ဆွေးနွေး ပွဲ၌ ကျောင်းသားများကပြခဲ့သည့် ပြဇာတ်မှာ စစ်ပွဲထောက်ခံသူများအား အောက်ဆီဂျင်အမည်ရှိ သတင်းဌာနက အင်တာဗျူးမေးမြန်းသည့်ပုံစံဖြင့် တင် ဆက်ကပြခဲ့ကြောင်း သိရသည်။ 
““ဒဏ်ငွေ အမိန့်ချမှတ်ခဲ့တာကို ကျောင်းသားတွေ ဘက်ကလည်း ကျေ နပ်မှုမရှိဘူးဆိုရင် ခရိုင်တရားရုံးကို ပြင်ဆင်မိန့် အယူခံဆက်တက်လို့ရသလို တစ်ဖက်ကလည်း ပြင်ဆင်မိန့် အယူခံ ဆက်တက်လို့ရပါတယ်””ဟု ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က အမိန့် ချမှတ်ခဲ့သည့်ရက်က မီဒီယာများအား ဖြေကြားခဲ့သည်။
ပြဇာတ်ကို ကျောင်းသားကိုးဦး ကပြခဲ့ခြင်းဖြစ်ပြီး အမှုရင်ဆိုင်ရန် ပျက် ကွက်ခဲ့သည့် ကျောင်းသားမျိုးကိုကို ကိုလည်း ရာဇ၀တ်ကျင့်ထုံးပုဒ်မ ၅၀၀/ ၁၂ ဖြင့်တရားခံပြေးအဖြစ် ကြေညာထား ကြောင်း ပုသိမ်မြို့နယ် တရားရုံးမှ သိရ သည်။             
မျိုးမင်းထွန်း(မြစ်မခ)
Date: 
Tuesday, July 10, 2018