စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတက်ရန်အတွက် ကြုံတွေ့နေရသည့် အခက်အခဲများ အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားရန်လိုအပ်

မြန်မာနိုင်ငံရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် စာ ကြည့်တိုက်များ ရင်ဆိုင်ကြုံတွေ့နေရ သည့် အခက်အခဲများအား အမြန်ဆုံး ဖြေရှင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း  Myanmar Book Aid & Preservation Foundation  ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်းက ပြော သည်။

စာကြည့်တိုက်များတွင် ရင်ဆိုင်ကြုံ တွေ့နေရသည့် အခက်အခဲများနှင့်ပတ် သက်ပြီး စာရေးဆရာများနှင့် စာကြည့် တိုက်ပညာရှင်များက သြဂုတ် ၂၀ ရက် တွင် Yangon Book Plaza  ၌ ဆွေးနွေးခဲ့ ကြပြီး အဆိုပါဆွေးနွေးပွဲတွင် ၎င်းင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

““ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးကြီးပါတယ်။ အရင်က စာကြည့် တိုက်ပေါင်း ငါးသောင်းကျော်ရှိတာကို အခု ငါးထောင်ကျော်လောက်ပဲ ရှိတယ် ဆိုတော့ ဘယ်လောက်ပျက်စီးသွားသလဲ ပေါ့။ အဓိကက ကျောင်းစာကြည့်တိုက်ပဲ ဖြစ်ဖြစ်၊ ပြည်သူ့စာကြည့်တိုက်ပဲဖြစ်ဖြစ် ပထမအချက်က စာအုပ်အဟောင်းတွေ ပုံမှန်လိုပါတယ်။ဒုတိယကတော့ ပူးပေါင်း ဆောင်ရွက်မယ့်သူတွေ လိုပါတယ်။ ဒေသခံပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ်ပေါ့။ နောက်တစ်ခုက ပုံမှန်လုပ်ရမယ့်ဆောင် ရွက်ချက်လေးတွေပေါ့။ ပြည်သူ့စာကြည့် တိုက်ဆိုရင် သင်တန်းလေးတွေလုပ်လို့ ရတယ်။ IT  နဲ့ပတ်သက်တဲ့ သင်တန်း လေးတွေ ပေးလို့ရသလိုမျိုး တခြားလုပ် ချင်တဲ့အဖွဲ့အစည်းမှန်သမျှကို နေရာပေး ပြီးလုပ်လို့ရတယ်။ ဒီလိုအချက်တွေပြည့် စုံမယ်ဆိုရင်တော့ ကျွန်တော်တို့ စာကြည့် တိုက်တွေက အလျင်အမြန် အောင်မြင် လာမယ်လို့ ထင်ပါတယ်””ဟု ၎င်းင်းကပြော သည်။

အဆိုပါ ဆွေးနွေးပွဲမှာ လက်ရှိလုပ် ကိုင်နေကြသည့်  စာကြည့်တိုက်များ အချင်းချင်း ချိတ်ဆက်လုပ်ကိုင်နိုင်ရန်နှင့် အရည်အသွေးပြည့်ဝသည့် စာကြည့်တိုက် များထွက်ပေါ်လာစေရန် ရည်ရွယ်သလို အမှန်တကယ် လူအများအကျိုးရှိစေမယ့် စာကြည့်တိုက်များ ပေါ်ပေါက်စေရန် လည်း ရည်ရွယ်ကြောင်း စာကြည့်တိုက် များကွန်ရက်တာဝန်ခံ ကိုမောင်မောင်စိုး က ပြောသည်။

““ကျွန်မတို့ရဲ့ ပြည်သူ့စာကြည့်တိုက် တွေကို အသွင်ပြောင်းရတော့မယ်။ လူ တွေထင်မြင်ကြတာက စာအုပ်ကို လာ ဖတ်မယ်။ လာငှားမယ်၊ တိတ်တဆိတ် လေးဖတ်ရတဲ့နေရာ အဲလိုပဲ ထင်ကြ တယ်။ အဲလိုမဟုတ်တော့ဘူး။ ပြည်သူ့ စာကြည့်တိုက်တွေက ပြည်သူတွေကို အကျိုးပြုမယ့်စာအုပ်သော်လည်းကောင်း၊ စာပေသော်လည်းကောင်း၊ အချက် အလက်သော်လည်းကောင်း၊ လူတွေ အတွက် အကျိုးရှိမယ့်လှုပ်ရှားမှုလေးတွေ ကို လုပ်ရမယ်။ ကျန်းမာရေးနဲ့ပတ်သက် တဲ့ ဟောပြောပွဲလေးတွေ၊ အဲလိုလှုပ်ရှား နေတဲ့ နေရာလေးတွေဖြစ်ဖို့ လိုတယ်။ နောက်ပြီးတော့ စာကြည့်တိုက်ဆိုတာ ဟာ ဘ၀တက်္ကသိုလ်ဆိုတာကို လူတွေက လက်ခံဖို့အတွက်ကို ကျွန်မတို့က ပြန်ပြီး တော့ အများကြီး လုပ်ဖို့လိုတယ်””ဟု မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဒုတိယ ဥက်္ကဋ္ဌ(၁) ဒေါ်အ၀င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ယခင်က နေရာ ဒေသအနှံ့ စာကြည့်တိုက်များဖွင့်လှစ်နိုင် ခဲ့သော်လည်း ယခုလက်ရှိ အခြေအနေ အရ စာကြည့်တိုက်များ ပိတ်သိမ်းခဲ့ရ သည့်အခြေအနေများကြုံတွေ့နေရကြောင်း သိရသည်။

ကျော်ကိုကို

Date: 
Tuesday, August 22, 2017