တရုတ်နိုင်ငံမှ ဖုကျန့်ကုန်သည်ကြီးများအသင်း ဒုတိယအကြိမ်မြောက်ရေဘေးလှူ

မြန်မာနိုင်ငံဖုကျန့်ကုန်သည်ကြီးများ အသင်းချုပ်၏ ဒုတိယအကြိမ်မြောက်ရေ ဘေးအလှူခရီးစဉ်အဖြစ် မွန်ပြည်နယ် ပေါင်မြို့နယ်ရှိရေဘေးသင့်ကျေးရွာများ သို့သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံဖုကျန့်ကုန်သည်ကြီးများ အသင်းသည် တရုတ်နိုင်ငံမှ ကုန်သည် ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားပြီး မြန်မာ နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများအပြင် ပရဟိတထောက်ပံ့ကူညီရေးများကိုလည်း လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်ကြောင်း ရေဘေးအလှူခရီးစဉ်တာဝန်ခံဦးတင်ကိုကို နိုင်ကပြောသည်။
“သူတို့က ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးသက်သက်လုပ်တာမျိုးမဟုတ် ဘဲ နိုင်ငံအနှံ့ဒေသအသီးသီးမှာ သဘာဝ ဘေးသင့်ပြည်သူတွေကို ကူညီတာမျိုး၊ စာသင်ကျောင်းမရှိတဲ့ ကျေးရွာတွေမှာ စာသင်ကျောင်းတွေဆောက်ပေးတာမျိုး ပရဟိတလုပ်ငန်းတွေလုပ်ပါတယ်။ ဒီလ အတွင်းမှာဆိုရင် ပထမအကြိမ်ရွှေကျင် မဒေါက်မှာ လှူပြီးပြီ။ ဒီပေါင်မြို့နယ်က ဒုတိယအကြိမ်ပေါ့။ရေဘေးနဲ့ ပတ်သက် ပြီးနောက်ထပ်နှစ်ကြိမ်လှူဒါန်းဖို့စီစဉ်ထား ပါတယ်”ဟု ဦးတင်ကိုကိုနိုင်ကပြောသည်။
လှူဒါန်းသည့်ပစ်္စည်းများမှာ ရေဘေး သင့်ပြည်သူများအမှန်တကယ်လိုအပ်နေ သည့် ရေသန့်၊ ခြင်ထောင်၊ စောင်၊ ငါးပိ၊ လက်ဖက်၊ မုန့်ကြွပ်နှင့် အ၀တ်အထည် များဖြစ်ပြီး ကျပ်သိန်း ၉၀ ဖိုးခန့်ရှိကြောင်း   သိရသည်။
ရေဘေးအလှူခရီးစဉ်ကို ပေါင်မြို့ နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့ကအနီးကပ်  စောင့်ရှောက်ပေးပြီး ရေဘေးသင့်ပြည်သူ  များရှိရာလက်ပံကျွန်းကျေးရွာသို့ဖုကျန့် ကုန်သည်ကြီးများက ကိုယ်တိုင်သွား ရောက်ပေးအပ်ခဲ့ကြသည်။
“မြန်မာပြည်ရောက်တာလည်းကြာပြီ။ မြန်မာပြည်သူတွေရဲ့ အခက်အခဲတွေကို လည်း သိပြီဆိုတော့ နောက်ပိုင်းလည်း လိုအပ်တဲ့နေရာတွေကို လိုအပ်သလို လှူဒါန်းပေးသွားမှာပါ”ဟု ဖုကျန့်ကုန်သည်  ကြီးများအသင်းဥက်္ကဋ္ဌမစ်္စတာဝမ်ကြားယု ကပြောသည်။               ဇော်မြင့်
Date: 
Tuesday, August 14, 2018