တရုတ်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုတွေကို အိမ်နီးနားချင်းနိုင်ငံက အကျိုးရှိရှိအသုံးချနိုင်ရန်လိုဟုဆို

တရုတ်နိုင်ငံ၏ကြွယ်ဝချမ်းသာမှုတွေ ကို အိမ်နီးနားချင်းနိုင်ငံဖြစ်သည့်မိမိတို့က အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က ၅ နှစ်မြောက်နှစ်ပတ် လည်အသင်းအစည်းအဝေးတွင်ပြောကြား လိုက်သည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း  ၅ နှစ်မြောက်နှစ်ပတ်လည်အစည်းအဝေး ကို မေ ၁၃ ရက်တွင် Westen Royal Part ဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မန္တလေး၊ လားရှိုး၊ မော်လမြိုင်၊ တောင်ကြီး မြို့များမှ အသင်းခွဲများလည်းတက်ရောက်  ခဲ့သည့်အပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌလည်းတက် ရောက်ဂုဏ်ပြုခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အနောက်တံခါးပြဿနာတွင် မြန်မာနိုင်ငံ ဘက်မှမားမားမတ်မတ်ရပ်တည်၍မြန်မာ နိုင်ငံ၏အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ခဲ့သည့်အပြင်နယ်နိမိတ်အရသော် လည်းကောင်း၊ သမိုင်းကြောင်းအရသော် လည်းကောင်း၊စီးပွားရေးအရသော်လည်း ကောင်း ငြင်းပယ်မရသည့်အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်ကြောင်းမြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက်္ကဋ္ဌကဆို သည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုကို အိမ်နီးနားချင်းနိုင်ငံ ဖြစ်တဲ့ ကျွန်တော်တို့က ဘယ်လိုအကျိုး ရှိရှိ အသုံးချမလဲ။ အင်မတန်ကြီးမား သောဈေးကွက်ကြီးကျွန်တော်တို့အနား မှာရှိနေပြီ။ ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များနဲ့အတူရပ်ဝန်း တစ်ခုလမ်းကြောင်းတစ်ခု 'one belt one road  ၊ အစီအစဉ်မှာ ငြိမ်းချမ်းသာယာစွာ စီးမျောပါဝင်ရေးနဲ့ ရနိုင်မယ့်အခွင့်အလမ်း တွေကို အမိအရဆုပ်ကိုင်ရယူနိုင်ရေးပဲ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ပြည်သူ တွေနဲ့အတူ စီမံခန့်ခွဲသူတွေသိဖို့လိုပါ တယ်။စိုးရိမ်ကြောင့် ကြလွန်ပြီးတော့ပေး နေတဲ့ဟာတွေကိုမယူဘူးဆိုရင်ကျွန်တော် တို့တွေ ဒီလိုပဲ ခက်ခက်ခဲခဲ ဆင်းတောင့် ဆင်းရဲ သွားနေရဦးမှာ ဖြစ်ပါတယ်”ဟု ဥက်္ကဋ္ဌဦးစိန်ဝင်းအောင်က ပြောသည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း သည် နှစ်နိုင်ငံချစ်ကြည်ရေးအဖွဲ့များ အပြန်အလှန်စေလွှတ်ခြင်း၊ မြန်မာလူငယ် များအား တရုတ်နိုင်ငံသို့ပညာတော်သင် စေလွှတ်ခြင်း၊ မြန်မာနိုင်ငံရှိသဘာဝဘေး သင့်ဒုက္ခရောက်သူများကို ထောက်ပံ့လှူ ဒါန်းခြင်း၊ သတင်းမီဒီယာအဖွဲ့များကို တရုတ်နိုင်ငံသို့လေ့လာရေးခရီးများစေ လွှတ်ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။                 

ဇော်မြင့်

 

Date: 
Tuesday, May 15, 2018