ပုသိမ်တံတားတည်ဆောက်ရေးစီမံကိန်းတွင် ဖျက်သိမ်းရမည့်နေအိမ်များ ပြောင်းရွှေ့ရေးအတွက် အစီအမံတစ်ရပ်ရေးဆွဲမည်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြစ် ကူးတံတား တည်ဆောက်ရေးစီမံကိန်း ဧရိယာအတွင်း ပါဝင်သဖြင့် ဖျက်သိမ်းရ မည့်နေအိမ်များပြောင်းရွှေ့ရေးအတွက် အစီအမံတစ်ရပ် ရေးဆွဲသွားမည်ဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ သိရှိရသည်။ နေအိမ်ဖျက်သိမ်း ရမည့် ပုသိမ်မြို့တစ်ဖက်ကမ်းအမှတ်(၉) ရပ်ကွက်မှ အိမ်ထောင်စု၅၀နှင့် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားများပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ စက်တင်ဘာ ၂၁ရက်တွင်တွေ့ဆုံပွဲပြုလုပ် ခဲ့ကြောင်းလည်း သိရသည်။
““ပြောင်းရွှေ့ရမယ့်နေအိမ်တွေအတွက် ကျွန်တော်တို့ ကြိုတင်စဉ်စားထားပါတယ်။ ဘယ်တော့ စဖယ်ရမလဲဆိုတာလည်း သေချာပြောမယ်။ တကယ်လို့များ အရေး ပေါ် ဖျက်မယ်ဆို ဘယ်လိုပြောင်းမလဲ။ ပြောင်းရွှေ့ရင် ဘယ်လိုလုပ်ပေးရမလဲဆို တာကအစ စဉ်းစားထားပါတယ်။ မေ့ လို့မရပါဘူး။ ရုတ်တရက်ကြီးပြောင်းရွှေ့ဖို့ ဆိုတာ ပြန်ဆောက်ဖို့ဆိုတာမလွယ်ဘူး ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော် တို့ သဘောတစ်ခုတည်းနဲ့  မလုပ်ပါဘူး။ လုပ်ဆောင်မယ့်အစီအစဉ်တွေကို ကက် ဘိနက်မှာ တင်ပြပြီး အစီအစဉ်ပြန်ကျ လာရင် ဘယ်လိုနေရာမျိုးတွေ ရွေးချယ် ထားတယ်ဆိုတာကအစ နေအိမ်ပိုင်ရှင် များနဲ့ပြန်လည်တွေ့ဆုံပြီးပြောပါမယ်””ဟု  ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောသည်။
ပုသိမ်မြစ်ကူးတံတားထိုးရန် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့က ရွှေမြင်တင် ရပ်ကွက်၊ ပုသိမ်ကြိုးတံတား၏ ညာ ဘက်ခြမ်း၊ ပုသိမ်ကြိုးတံတား၏ ဘယ် ဘက်ခြမ်း၊ မေတ်္တာဦးတံတားထိပ်နှင့် ကျောက်ငူရပ်ကွက်စသည့် နေရာများတွင် မြေနေရာငါးခု ရွေးချယ်လျာထားခဲ့ပြီး ထိုနေရာ ငါးခုအနက် ပုသိမ်မြို့လယ် ကောင်ရှိမေတ်္တာဦးတံတားထိပ်၌ တည် ဆောက်ရန် ဇူလိုင်လအတွင်းက တိုင်း ဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်ကိုယ် စားလှယ်များနှင့် ဌာနဆိုင်ရာများက ရွေး ချယ်ခဲ့ကြောင်း သိရသည်။ 
မြစ်ကူးတံတား တည်ဆောက်ရေး အတွက် ပုသိမ်မြို့ဘက်ကမ်းရှိ အမှတ်(၄) ရပ်ကွက် မေတ်္တာဦးဆိပ်ခံတံတားမှ မဟာ ဗန်္ဓုလလမ်းမကြီးနှင့် ရွှေစည်းခုံဘုရား လမ်းဆုံအထိလည်းကောင်း၊ ပုသိမ်မြို့ တစ်ဖက်ကမ်း အမှတ် (၉) ရပ်ကွက် စိန် ကုန်းဇက်ဆိပ်ဟောင်းမှ စိန်ကုန်းလမ်းမကြီး တစ်လျှောက်တို့တွင် တံတားသစ်တည် ဆောက်ရန် မြေဧရိယာတိုင်းထွာခြင်း၊ မြေ အရည်အသွေးစစ်ဆေးခြင်းတို့ကို သြဂုတ် လဆန်းပိုင်းလုပ်ဆောင်ခဲ့ကြောင်း သိရ သည်။ တံတားထိုးမည့်နေရာမှအိမ်ထောင်စု ၅၀ ခန့် ဖယ်ရှားဖျက်သိမ်းပေးရမည် ဖြစ် သဖြင့် ၎င်းင်းအိမ်ထောင်စုများနှင့် တွေ့ဆုံ၍ သဘောထားခံယူပြီးဖြစ်ကြောင်း ၀န်ကြီး ဦးဝင်းဌေးက ဆက်လက်ပြောဆိုသည်။
““ပုသိမ်တစ်ဖက်ကမ်းမှာရှိတဲ့ ပြည်သူ တွေ တင်ပြချက်တွေကို သိရှိရပါတယ်။ ကျွန်တော်တို့ဘက်ကလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့ကို သူတို့အားလုံးရဲ့ထိခိုက်နစ် နာမှုတွေကို အစီရင်ခံစာ အသေးစိတ် တင်ပြီးတာဝန်ယူဆောင်ရွက်နိင်အောင် တိုက်တွန်းဆွေးနွေးသွားပါမယ်။ ပုသိမ်မြို့ တစ်ဖက်ကမ်းဒေသတွေ အားလုံးလည်း ဖွံ့ဖြိုးနိုင်မယ်၊ မြို့အတွက်လည်း အဆင် အပြေနိုင်ဆုံးနေရာကိုရွေးချယ်ခဲ့တာပါ။ အခုတက်ရောက်လာတဲ့ အိမ်ထောင်စု တွေကလည်း တံတားစီမံကိန်းအပေါ် ကန့်ကွက်တာ လုံးဝမရှိဘဲသူတို့အတွက် အဆင်အပြေနိုင်ဆုံးနေရာမှာ ပြန်လည် နေရာချထားပေးဖို့ပဲ တင်ပြလာကြတဲ့ အတွက် ၀မ်းသာပါတယ်””ဟု ပုသိမ်မြို့နယ် မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးအောင်သူထွေးကပြောသည်။ 
လက်ရှိပုသိမ်ကြိုးတံတားမှာ ခံနိုင် ၀န်လျှော့ကျနေပြီး တန် ၂၀ နှင့် တန် ၂၀ အောက်ယာဉ်များသာ ဖြတ်သန်းသွားလာ ခွင့်ပြုခဲ့ပြီး ပုသိမ်တံတားသစ်အတွက် မြေအရည်အသွေးစစ်ဆေးခြင်းများကို တံတားတည်ဆောက်ရေးအထူးအဖွဲ့ ၁၆ က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး င၀န်မြစ်အကျယ် ၁၀၁၀ ပေရှိသည့် ပုသိမ်မြို့လယ်မေတ်္တာ ဦးတံတားနေရာကို ရွေးချယ်ခဲ့ကြောင်း သိရသည်။
““တံတားကြီးကိုလည်း ဖြစ်စေချင် သလိုဖျက်သိမ်းဖယ်ရှားပေးရမယ့် မိသားစု တွေရဲ့ဘ၀ကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးစေချင်ပါတယ်။ ဖျက်ရ မယ့်မိသားစုတွေကတော့ တံတားနဲ့ အနီး စပ်ဆုံး အကောင်းဆုံးနေရာမှာ ပြန်ပြီး နေရာ ပြန်ပေးစေချင်ပါတယ်။ နောက် တစ်ခုက တချို့အိမ်တွေဆိုတံတားဧရိယာ မှာ ခြံတစ်ခြံလုံးမဟုတ်ဘဲ  တစ်ဝက် လောက်ပဲ ပေါင်မုန့်လှီးသလိုပါသွားမှာ ဆိုတော့ ကျန်တဲ့ခြံတစ်ဝက်ကိုရော ဆက် လက်ပိုင်ဆိုင်ခွင့်ရှိမလား သိချင်နေကြ တယ်””ဟု တံတားတည်ဆောက်ရာတွင် ဖယ်ရှားပေးရမည့် စိန်ရတနာလမ်းနေ ဒေါက်တာခင်မောင်ထွေး ကပြောသည်။  
ပုသိမ်မြစ်ကူးတံတားကိုပြည်ထောင်စု လွှတ်တော်ဘတ်ဂျက်ကျပ်သိန်းပေါင်း ၄ သောင်းဖြင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန တံတားအထူးအဖွဲ့ ၁၆ က တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရ သည်။              မျိုးမင်းထွန်း(မြစ်မခ)
 
Date: 
Tuesday, September 25, 2018