ဗုဒ္ဓစွယ်တော်မြတ်စေတီရှိရာ တုရင်တောင်၌ ဓာတ်လှေကားတပ်ဆင်ပေးရန် ဘုရားဖူးပြည်သူများဆန္ဒရှိနေ

Author: 
စိန်မင်း(မကွေး)

ဗုဒ္ဓစွယ်တော်မြတ်စေတီရှိရာညောင် ဦးမြို့နယ်၊ တုရင်တောင်၌ ယာဉ်အစီး ရေ ၆၀ခန့်ရပ်နားရန် ယာဉ်ရပ်နားကွင်း ရှိသော်လည်း မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးပြည်သူများ လာရောက်ချိန်တွင် ကားရပ်နားရန် နေရာအခက်အခဲများဖြစ် ပေါ်နေပြီး သက်ကြီးရွယ်အိုနှင့်ကလေး ငယ်များပါဝင်သည့်မိသားစုများ၊ဘုရားဖူး ပြည်သူများအနေဖြင့် မပင်မပန်းဘုရားဖူး ခွင့်ရနိုင်ရေးအတွက် ဓာတ်လှေကားတပ် ဆင်ပေးရန်  ဆန္ဒရှိလိုလားနေကြောင်း သိရသည်။

““တောင်တက်ကားလမ်းကလည်း မတ်စောက်တယ်။ ဘုရားဖူးကားတွေက များတော့ ကားရပ်ဖို့ကလည်း နေရာသိပ် မရှိဘူး။ကလေးတွေ၊သက်ကြီးဘိုးဘွားတွေ အတွက် တောင်ပေါ်တက်ပြီး ဘုရားဖူး ချင်ပေမဲ့ မတက်နိုင်လို့ အောက်ကနေ ဖူးပြီးပြန်သွားရတာတွေရှိတယ်လို့ သိရပါ တယ်။ ဓာတ်လှေကားရှိရင်တော့ မြေပြန့် မှာ ကားရပ်စရာကျယ်ကျယ်ရမယ်။ လူ တွေလည်း မပင်ပန်းတော့ဘူးပေါ့။ စွယ် တော်လေးဆူ နေ့ချင်းဖူးချင်သူတွေလည်း ပိုအဆင်ပြေသွားမယ်ထင်တယ်””  ဟု မကွေးမြို့မှ ဘုရားဖူးလာသူတစ်ဦးက ပြောသည်။

ဓာတ်လှေကားတပ်မည်ဆိုပါကတတ် နိုင်သရွေ့စုပေါင်းလှူဒါန်းလိုပါသဖြင့်ဆက် သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်များကို ဘုရားဂေါပကထံ လာရောက်ပေးထား သူများလည်းရှိကြောင်း  တုရင်တောင် စွယ်တော်မြတ်စေတီ ဂေါပကအဖွဲ့ထံမှ သိရသည်။

အရင်အစိုးရလက်ထက်ကတော့ ဓာတ်လှေကားဆင်ဖို့ တင်ပြဖူးပါတယ်။ ဘာမှတော့ အကျိုးအကြောင်း မသိရ ဘူး။ ဘုရားကလည်း ရှေးဟောင်းဇုန်ထဲ ပါတဲ့အခါကြတော့ဒါလေးတွေလည်းတွက် တယ်ထင်ပါတယ်။ ဓာတ်လှေကားဆင် မှာက တောင်ရိုးရဲ့အရှေ့ဘက်ခြမ်း၊ ပုဂံ ပြည်နဲ့ဆိုရင် ဘုရားကွယ်ပြီးသား၊တောင် ရိုးကွယ်ပြီးသား။ အဲဒါ ဘုရားသာသနိက အဆောက်အအုံတွေလည်း ပျက်စီးစရာ မရှိတာကြောင့် လူကြီးတွေကသာခွင့်ပြု ရင် လုပ်ချင်တာပေါ့””ဟု ဂေါပကအတွင်း ရေးမှူး ဦးလှရွှေက ဆိုသည်။

လတ်တလောတွင် ဂေါပကအနေ ဖြင့် ယာဉ်ရပ်နားကွင်းနေရာသစ်တစ်ခု တည်ဆောက်နိုင်ရန်လေ့လာမှုများဆောင် ရွက်နေပြီး ဘုရားဖူးများလိုလားနေသည့် ဓာတ်လှေကားတည်ဆောက်ခွင့် ပြုမည် ဆိုပါကလည်း ဒေသတွင်းအစိုးရအဖွဲ့က ကြီးကြပ်ဦးဆောင်ပေးစေလိုကြောင်း၊ ဂေါပကအဖွဲ့ ရန်ပုံငွေကျပ် ၈၄၅၅သိန်း ခန့်ကို ဘဏ်၌အပ်နှံထားရှိပြီး ဓာတ် လှေကား တပ်ခွင့်ရမည်ဆိုပါက ဘုရားဖူး ပြည်သူများ၏ လှူဒါန်းထည့်ဝင်ငွေများ ရရှိမည်ဟုယုံကြည်ကြောင်း ဂေါပကအဖွဲ့ ထံမှ သိရသည်။          

စိန်မင်း(မကွေး)

Date: 
Tuesday, May 23, 2017