ဘ/ကကျောင်း ဆရာမများလစာငွေ လစဉ်အခက်အခဲရှိနေ

Author: 
လင်းထွန်း(ကျိုက်မရော)

ပဲခူးမြို့၊  ဗိုလ်ကုန်း  ၁၈ရပ်ကွက်၊ အမှတ်(၂၁) ဇေယျာသီရိ အသောက ဘုန်းတော်ကြီးသင်အလယ်တန်းကျောင်း ၌ပညာသင်ကြားပေးနေသည့် ဆရာမ များအား လစာပေးရန်  လစဉ်အခက် အခဲရှိနေကြောင်း ပရဟိတပညာရေး ကျောင်း တည်ထောင်သူ တိုက်အုပ်ဆရာ တော် ဘဒ္ဒန္တနန္ဒ၀ံသက မိန့်ကြားသည်။

““တစ်လတစ်ခါ ဆရာမကိုပေးရမယ့် လစာက လစဉ်တိုင်းလိုလို အခက်အခဲ ရှိတယ်။ ကလေးတွေအတွက်ကတော့ ဟိုကနည်းနည်းစုလိုက်၊ ဒီကနည်းစုလိုက် နဲ့ ကလေးတွေရဲ့ လိုအပ်ချက်တွေကို လည်းဖြည့်ပေးရတာပေါ့။ ကလေးတွေ အတွက် စာရေးကိရိယာကတော့ ပူစရာ မလိုဘူး။ ကျောင်းဆရာမလစာအတွက် ၁၀လဆို သိန်းခြောက်ဆယ်လောက် ကုန် တယ်။ဘုန်းဘုန်းက ဆရာမတစ်ယောက် ကို တစ်လရှစ်သောင်းလစာပေးရတာပေါ့။ အလုပ်သင်ဆရာမဆိုတစ်လလေးသောင်း ပေးပါတယ်။ ကိုယ်ပေးတဲ့လစာကလည်း နည်းတယ်လေ။ ပြန်လျှော့ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး”” ဟု တိုက်အုပ်ဆရာတော်က မိန့်ကြားသည်။

အဆိုပါ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းအား ၂၀၀၆ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ကျောင်းသား/သူဦးရေ ၅၄၉ဦးရှိကာ သင်ကြားရေးဆရာမ တရားဝင် ၁၅ ဦး၊ အလုပ်သင်ဆရာမ နှစ်ဦး ခန့်အပ်ထားကာ ပညာသင်ကြား ပေးနေရသည်။

အစိုးရပညာရေးကျောင်းတွင်မူ ကျောင်းသား/သူ ၄၀ဦးအားသင်ကြား ရေးဆရာတစ်ယောက်အဖြစ် သတ်မှတ် သင်ကြားစေပြီး ၎င်းင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင်မွူု အဆင့်မှ အလယ်တန်းအဆင့်ထိ  ကျောင်းသား၊ ကျောင်းသူများအား  ဆရာမများက အတန်းလိုက်ခွဲခြားခြင်းမရှိဘဲ လိုအပ် လျှင်လိုအပ်သလို တစ်ပြေးညီသင်ကြား ပေးနေရကြောင်း အသောကဘုန်းတော် ကြီးသင်ပညာရေးကျောင်းမှ  အလယ် တန်းပြဆရာမ ဒေါ်မိုးမိုးက ပြောသည်။

““အခုဆိုရင် ကျွန်မတို့ကျောင်းမှာ ကျောင်းဆရာမရှိဘူး။ အချို့ဆရာတွေက လည်း ဒီကျောင်းမှာ စာသင်ပေးချင်တဲ့ ဆန်္ဒရှိပေမဲ့ ဒီမှာရမယ့်လစာနဲ့ သူတို့ နောက်ကွယ်မှာ မှီခိုနေတဲ့ မိသားစုကို မထိန်းနိုင်ဘူးလေ။  တချို့ဒီကျောင်းက ထွက်သွားတဲ့သူတွေဆို အလုပ်တွေရပြီး လစာဆိုသိန်းကျော်နေပြီလေ။ ဒီမှာလုပ် တာ လစာလစဉ်အခက်အခဲရှိပေမဲ့ ကိုယ်တွေက ဒီကျောင်းကနေပညာတတ် လာတာဆိုတော့ ဒီကျောင်းမှာပဲ ကလေး တွေကို ပညာဆက်သင်ပေးစေချင်တဲ့ဆန္ဒ နဲ့ ဆက်သင်ဖြစ်နေတာပါ”” ဟု လစာ နည်းသော်လည်း မိမိကြီးပြင်းလာခဲ့သည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွင်ပညာလက်ဆင့်ကမ်းခွင့်သည့်အပေါ် ကျေနပ်ပီတိဖြစ်စွာဖြင့် အသက် ၂၃နှစ် အရွယ် ဆရာမဒေါ်မိုးမိုးကပြောပြသည်။

အသောကဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းသို့ မိဘမဲ့ကလေးငယ်များ၊ မိသားစုစီးပွားရေးအခက်အခဲကြောင့် ကျောင်းမတက်နိုင်သူနှင့်  ကျောင်းနှင့် အလှမ်းဝေးသည့်ရွာမှ ကျောင်းသား/သူ များ  ပညာလာရောက်သင်ကြားကြပြီး ယင်းကျောင်းတွင်မူလတန်းမှ အလယ် တန်းထိ ပညာသင်ကြားပေးသည့်အပြင် ၁၀ တန်းစာမေးပွဲဖြေဆိုကြမည့်ကျောင်း သား/သူများအားဆရာတော်ကဘော်ဒါ ဆောင်စီစဉ်ပေးကာ သင်ကြားရေးဆရာ များအား ငှားရမ်းပေးထားကြောင်း သိရ သည်။

““ငွေရေးကြေးရေးကတော့ အခက် အခဲရှိတာပေါ့ဒကာရယ်။ တစ်လကို သင် ကြားရေးဆရာတွေအတွက်  ၁၅သိန်း လောက်ကုန်ကျတယ်။  အခုဟိုဘက် အဆောင်မှာဆို ၁၀ တန်းကျောင်းသား တွေ စာမေးပွဲမှာ လွယ်လွယ်ကူကူ ဖြေ နိုင်ဖို့ ဆရာတစ်ယောက်ကို အဆောင်မှာ ကျုရှင်ပြဖို့ တစ်လသုံးသိန်းနဲ့ ဘုန်းဘုန်း ခေါ်ငှားထားပေးတယ်။ ၁၀ တန်းလေး တွေကိုတော့သူ့မိဘက နေစရိတ်တစ်လ ၁၅၀၀၀ တော့ ထောက်ပံ့ပေးရတာပေါ့။ ကျန်တဲ့ကလေးတွေရဲ့ပညာရေး၊လူမှုရေး၊ ကျန်းမာရေးတွေကအစ ဘုန်းဘုန်းတို့ တာဝန်ယူထားပေးတယ်””ဟု တိုက်အုပ် ဆရာတော်ဘဒ္ဒန္တနန္ဒ၀ံသက  တာဝန်ယူ ထားမှုအပိုင်းနှင့်ပတ်သက်ပြီး မိန့်ကြား သည်။

အသောကဘုန်းတော်ကြီးသင်ပညာ ရေး ပရဟိတကျောင်းမှ ဆရာမများသည် နွေရာသီကျောင်းပိတ်ရက်တွင် ပဲခူးမြို့ နယ်၊ ခရမ်းကျေးရွာ၊ မင်းရွာ၊ မိုးနက်၊ ကမာနက်ကျေးရွာများအတွင်းရှိ ကလေး သူငယ်များအားယဉ်ကျေးလိမ္မာသင်တန်း များ ပို့ချပေးနေကြောင်း သိရသည်။

လင်းထွန်း(ကျိုက်မရော)

Date: 
Tuesday, February 14, 2017