ဘုရားနှင့်အဆက်အသွယ်ရှိသည်ဆိုသည့်အဖွဲ့ နေထိုင်သည့်ခြံဝန်း ဖျက်သိမ်းအရေးယူပေးရန် နစ်နာသူများက တိုင်းဧရာအစိုးရထံ တောင်းဆို

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် မြို့နယ်၊ လှည်းဆိပ်ရွာမှ ဘုရားနှင့် အဆက်အသွယ်ရှိသည်ဟုဆိုသော အဖွဲ့စုစည်းနေထိုင်နေသည့် ခြံဝန်းကို ဥပဒေအရအရေးယူပေးရန်နှင့် ဖျက် သိမ်းပေးရန် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ၊ ခြံဝန်းမှ ထွက်ပြေး လာသူများနှင့် သားသမီးများကို ပြန် ခေါ်မရသည့်မိဘများက ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတောင်း ဆိုလိုက်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၇ ရက် ပုသိမ်မြို့ ယိုးဒယားကုန်းလမ်းရှိ ပုသိမ်-မြောင်းမြ သာသနာနယ်စကောကရင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရုံး၌ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲတွင် ကာယကံရှင်များက၎င်းင်းတို့ နစ်နာမှုများအသိပေးကာခရစ်တော် ၏ တပည့်တော်များမိတ်သဟာရအဖွဲ့ ဟုအမည်ပေးထားသည့်ထိုအဖွဲ့ကို ဖျက် သိမ်းအရေးယူပေးရန်တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီအဖွဲ့က ခရစ်ယာန်ဘာသာရေး ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ တရားမ၀င်အဖွဲ့အစည်းဖြစ်တယ်။  လုပ် အားခေါင်းပုံဖြတ်တာတွေ၊ ဘာသာရေး အဖွဲ့အောက်မှာမရှိဘဲ ဘာသာရေး အမည်ခံပြီး နိုင်ငံရေးလုပ်တဲ့ သူတွေ လည်း ပါနေတယ်။ ဒါကြောင့် အစိုးရ အနေနဲ့ ခြံဝန်းကို ဖျက်သိမ်းပြီး ဥပဒေ အရပြင်းပြင်းထန်ထန်အရေးယူပေးပါ”ဟု ပိုးကရင်နှစ်ခြင်းသာသနာနယ် ကျုံပျော်-ကျောင်းကုန်းမြို့ပြကျေးလက်သာသနာ နယ်တာဝန်ခံမန်းထောင်းစိန်ကပြော သည်။

ခရစ်တော်၏တပည့်တော်များ မိတ် သဟာရအဖွဲ့သည်ခရစ်ယာန်ဘာသာ ၀င်များနေထိုင်သည့်အိမ်များသို့ ရက် ၄၀ ကျမ်းစာသင်တန်းတက်ရောက်ရန် လိုက်လံစည်းရုံးကာရောက်ရှိသွားသူများ အား  မှတ်ပုံတင်နှင့် ဖုန်းများသိမ်းယူ ကြောင်း၊ ခြံဝန်းထဲတွင်လည်း လိင်ပိုင်း ဆိုင်ရာခေါင်းပုံဖြတ်မှုများပြုလုပ်နေ ကြောင်း၊ မိသားစုနှင့် အဆက်အသွယ် ဖြတ်ထားကာမနေချင်သူများကိုလည်း ပြန်ခွင့်မပေးကြောင်း၊ပျော်ရွှင်ပြီး မိသားစု များနှင့် မဆက်သွယ်သူများကို ၀ိညာဉ် မိသားစုဟု နာမည်ပေးကာစုစည်းနေ ထိုင်ကြောင်း ခြံဝန်းထဲမှထွက်ပြေး လွှတ်မြောက်ခဲ့သူတို့က ဆိုသည်။

“ဒီအသင်းကြီးဟာ အစိုးရနဲ့ ချိတ် ဆက်မှုလည်းမရှိဘူး။ သာသနာရေး အသင်းတွေနဲ့လည်း ပတ်သက်မှုမရှိဘူး။  ဘာသာ၊ သာသနာနဲ့မဆိုင်တဲ့ဟော ပြောမှုတွေလုပ်လို့နစ်နာတဲ့ မိဘတွေက တိုင်တဲ့အခါအစိုးရအနေနဲ့ အရေးယူဖို့ လုပ်ခဲ့ပေမယ့် ကာယကံရှင်တွေ ကိုယ် တိုင်တိတိကျကျသက်သေမထွက်လို့ပြင်း ပြင်းထန်ထန် အရေးမယူနိုင်ခဲ့ဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးဂါ့မိုးမြတ်မြတ် သူကပြောသည်။ 

ခရစ်တော်၏တပည့်တော်များ မိတ် သဟာရအဖွဲ့ကို တရားမမှု၊ရာဇ၀တ်မှု များနှင့် နစ်နာသူများက တရားစွဲဆိုမှု များရှိနေပြီး အမှုများထဲမှ အမှု နှစ်မှုကို ဒီဇင်ဘာ ၁ ရက်တွင် ကျုံပျော်မြို့နယ် တရားရုံးက အမိန့်ချမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူး ကြီးရဲမြင့်ကပြောသည်။

ခရစ်တော်၏တပည့်တော်များ မိတ် သဟာရအဖွဲ့က ၎င်းင်းတို့သည်ခရစ်ယာန် ဘာသာမဟုတ်သလို ဗုဒ္ဓဘာသာလည်း မဟုတ်ကြောင်း ၀ိညာဉ်မိသားစုများနေ ထိုင်မည့်ပလ်္လင်ကို ကိုယ်တိုင်ရှာတွေ့ထား သည်ဟုလည်း မီဒီယာများအားထုတ် ဖော်ပြောဆိုထားသည်။

မျိုးမင်းထွန်၊(မြစ်မခ)

Date: 
Tuesday, November 28, 2017