မင်းလှမြို့နယ်၊ ရေနံမဒေသအတွက် လျှပ်စစ်မီးရရှိရန် ဒေသခံများမျှော်လင့်နေ

Author: 
စိန်မင်း(မကွေး)

လျှပ်စစ်မီးရရန် မျှော်လင့်ချက်ဖြင့် ရေနံမကျေးရွာ၌ ကိုယ်ထူကိုယ်ထမီးတိုင် များ၊ မီးလိုင်းကြိုးများကို ကျပ်သိန်း ၈၀၀ ခန့် အကုန်ကျခံ ဆောင်ရွက်ပြီးသော် လည်း အခက်အခဲများရှိနေခြင်းကြောင့် အစိုးရအစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိရန် မျှော်လင့်နေရကြောင်း ရေနံမကျေးရွာ နေ ဒေသခံများထံမှ သိရသည်။

““မီးရဖို့ ရေနံမရွာကနေ၂၁မိုင်ဝေးတဲ့ ထန်းကိုင်းရွာထိ သွယ်တန်းရမှာပါ။  တစ် မိုင်ကို ကျပ်သိန်း ၂၂၀နှုန်းလောက် ကုန် ကျမယ်လို့ သိရပါတယ်။ အလုံးစုံတွက် ချက်ရင် သိန်းပေါင်း ၆၀၀၀ကျပ်လောက် ကုန်ကျမှာပါ။ ရေနံမရွာရဲ့ အဓိကစီးပွား ရေးလုပ်ငန်းက ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းဖြစ်ပြီးတော့ လတ်တလော ရေနံ အထွက်နှုန်း လျော့နည်းကျဆင်းနေတာ ကြောင့် မီးလင်းရေးရန်ပုံငွေစုရာမှာ ခက် ခဲလာပါတယ်။   ရပ်ရွာအနေနဲ့ မတတ် နိုင်တော့တဲ့အတွက်  တိုင်းဒေသကြီး အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့က မီး စက်ကြီးတစ်လုံးလောက်နဲ့ လျှပ်စစ်မီး လင်းအောင်  ဆောင်ရွက်ပေးစေလိုပါ တယ်”” ဟု ကျေးရွာလျှပ်စစ် မီးလင်းရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်နိုင်က ပြော သည်။

မင်းလှမြို့နယ်၊မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကိုက  ““လျှပ်စစ်က လောလောဆယ် 11KV ရေနံမဒေသကို မရောက်ရှိနိုင်သေးတာ ကြောင့်လတ်တလောအင်ဂျင်တွေနဲ့ လုပ် ရမှာလို့မြင်တယ်။ အစိုးရအနေနဲ့ 11KV  နဲ့ ဝေးလံတဲ့ဒေသတွေကို ဆိုလာပြားတွေ ကိုပဲ ထုတ်ပေးနေတယ်။ ၂၀၂၀မှာ စစ္စနို့ ရွာထိ 11KV  လိုင်းရောက်မှာဆိုတော့ တစ်ဆင့်ချင်းသွားရမှာ ဖြစ်ပါတယ်”” ဟု ဆိုသည်။မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့ နယ် ရေနံမကျေးရွာသည် စစ္စနို့-ကန် တုတ်ကားလမ်းမပေါ်တွင်တည်ရှိပြီး အိမ် ခြေ ၁၀၀၀ကျော်ခန့်၊ လူဦးရေ ၃၇၀၀ ကျော်ခန့်၊ တောင်ရွာ၊ မြောက်ဘက်ရွာ၊ ကုတင်၊သပြေမြောင်ဆိုသည့်အကွက်လေးခု ရှိကာတိုက်နယ်ပြည်သူ့ဆေးရုံ၊အထက(ခွဲ) တို့ရှိကြောင်းသိရသည်။  

 

စိန်မင်း(မကွေး)

Date: 
Tuesday, May 30, 2017