မည်သည့်ဓာတုဆေးဝါးမျှမသုံးဘဲ သဘာဝအတိုင်း စိုက်ပျိုးလျှင် လျှော်ဖြူတစ်ပိဿာ လေးသိန်းကျော်ရရှိနိုင်

လျှော်ဖြူစတင်စိုက်ပျိုးချိန်မှစ၍ ပိုး သတ်ဆေးများ၊ ဓာတုမြေသြဇာများမသုံး ဘဲသဘာဝနည်းအတိုင်း၊ သဘာဝမြေသြ ဇာသုံး၍ သြော်ဂဲနစ်စစ်စစ်ဖြစ်အောင် စိုက်ပျိုးလျှင် ဂျပန်ဈေးကွက်၌ လျှော်ဖြူ တစ်ပိဿာငွေကျပ်လေးသိန်းကျော်အထိ ရရှိနိုင်ကြောင်း လျှော်ဖြူဧကပေါင်း ၅၀၀ ခန့်စိုက်ပျိုးနေသော ပခုက်္ကူမြို့မှလုပ်ငန်း ရှင်ကိုလပြည့်ထံမှ သိရသည်။

“ဂျပန်ဈေးကွက်က ကျွန်တော်တို့ ဘက်အနေအထားနဲ့ဆိုရင်ခြောက်ဆ တစ်ဆလောက်ကွာတယ်။ ကျွန်တော် တို့ဆီမှာ တစ်ပိဿာခုနစ်သောင်းဆိုရင် သူတို့ဆီမှာ တစ်ပိဿာလေးသိန်းကျော်၊ ငါးသိန်းဝန်းကျင်လောက်ပေါက်တယ်။ မြန်မာ့လျှော်ဖြူကိုသူတို့တော်တော်စိတ် ၀င်စားပါတယ်။ ၀ယ်ချင်တယ်ဆိုပြီး ကမ်း လှမ်းခြင်းခံရပါတယ်။ ကမ်းလှမ်းခြင်းခံရ ပေမယ့် သူတို့ကဓာတုလွတ်သြော်ဂဲနစ် ကို အရမ်းကြိုက်ကြတယ်။ ကျွန်တော် ဘက်ကမှ ရောင်းမယ်ဆိုရင်တော့ ဓာတု လွတ်ဖြစ်အောင်ကြိုးစားဖို့တော့လိုတာ ပေါ့”ဟု ဂျပန်နိုင်ငံ၊ မြန်မာပွဲတော်တွင် လျှော်ဖြူပြခန်းသွားရောက်ပြသခဲ့သူ ကိုလပြည့်ကဆိုသည်။

လျှော်ဖြူစိုက်နိုင်ငံအများစုကထွက် ရှိသည့်လျှော်ဖြူမှာ စက်မှုကုန်ကြမ်း အတွက် သာအသုံးပြုနိုင်ပြီး စားသုံးရ သည့်လျှော်ဖြူကို မြန်မာနိုင်ငံတစ်ခုတည်း ကသာထွက်ရှိနေသည့်အတွက် ဈေး ကွက်တောင်းဆိုမှုများစွာရှိနိုင်ပြီး ဈေး ကောင်းရသည့်နိုင်ငံသို့ရောင်းမည်ဆိုလျှင် Quantity  ထက် Quality  ကို ပိုပြီးဦးစား ပေးရန်လိုအပ်နေပြီဖြစ်သည်။

“အပင်တွေမြန်မြန်ကြီးအောင် ဓာတုဗေဒဆေးတွေအများကြီးသုံးမယ်။ နှစ်တိုတိုနဲ့ မြန်မြန်ရောင်းရအောင်မြေ သြဇာတွေအများကြီးကျွေးမယ်ဆိုရင် ဒီပစ်္စည်းကို သူတို့စစ်ကြည့်လိုက်တဲ့အခါ လုံး၀၀ယ်မှာမဟုတ်ပါဘူး။ သြော်ဂဲနစ် မဟုတ်ရင်ဈေးကောင်းမရတဲ့ ဈေးကွက် ကိုပဲပို့လို့ရမှာပါ။ စစိုက်ကတည်းက မြေ တွင်းပိုးသတ်ဆေးကိုသုံးမယ့် အစားဆေး ရွက်ကြီးအမှုန့်လို၊ တမာရွက်အမှုန့်လို ဟာမျိုးအခြောက်ခံပြီးသုံးတာတို့၊ မြေသြ ဇာကိုလည်း နိုင်ငံခြားကလာတဲ့ ဆေး တွေသုံးမယ့်အစား ပြည်တွင်းကထုတ်တဲ့ ငါးအမိုင်နိုတို့၊ ၀ါးပေါင်းခံရည်တို့၊ အီး အမ်ဖျော်ရည်တို့ကိုကိုယ်တိုင်ဖျော်စပ်ပြီး သုံးတာမျိုး၊ ဓာတ်ကြွင်းမြေသြဇာတွေ သုံးမယ့်အစားနွားချေး၊ ဆိတ်ချေး မြေသြ ဇာတွေသုံးတာမျိုးလုပ်သင့်ပါတယ်”ဟု စိုက်ပျိုးရေးလုပ်ငန်းရှင်ကိုလပြည့်ကအကြံ ပြုသည်။

လာမည့်အောက်တိုဘာလအတွင်း ဂျပန်နိုင်ငံသို့သြော်ဂဲနစ်လျှော်ဖြူတစ်တန် စတင်ပို့ဆောင်ရမည်ဖြစ်ပြီး  မကွေးတိုင်း အတွင်းသဘာဝနည်းအတိုင်းစိုက်ပျိုးထား သည့်ခြံများမှဝယ်ယူသွားရန်ရှိနေကြောင်း၊ လျှော်ဖြူစိုက်ပျိုး၍ တစ်နိုင်ငံလုံးချမ်းသာ နေသည့်မာလီနိုင်ငံဆိုသည်မှာလက်တွေ့ ရှိနေ၍ လျှော်ဖြူသီးသန့်စိုက်ပျိုးလျှင် ဖြစ်စေ၊ ပဲခင်း၊နှမ်းခင်းများ၌ သီးညှပ် စိုက်လျှင်ဖြစ်စေ ဓာတုဆေးဝါးလွတ် ကင်းစွာသဘာဝအတိုင်းစိုက်ပျိုးခြင်းဖြင့် ဈေးကွက်ကောင်းရရှိစေလိုကြောင်း  လျှော်ဖြူလုပ်ငန်းရှင်ကိုလပြည့်ထံမှ သိရ သည်။                  စိန်မင်း(မကွေး)

 

Date: 
Tuesday, July 10, 2018