မဟာသင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှုများ မဖြစ်ပွားစေရေး အသိပညာပေးနိုင်ခဲ့ပြီး စည်းကမ်းမဲ့ မောင်းနှင်ကြသော မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးအရေးယူခဲ့

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌  မဟာသင်္ကြန်ကာလအတွင်း ယာဉ် မတော်တဆမှုများ မဖြစ်ပွားစေရေး အသိပညာပေးလုပ်ငန်းများ မတ်၃၁ ရက်တွင် ဆောင်ရွက်ခဲ့ပြီး စည်းကမ်းမဲ့ မောင်းနှင်ကြသော ဆိုင်ကယ်များကို ဖမ်းဆီး အရေးယူလျက်ရှိကြောင်း သိရ သည် ။
အဆိုပါ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာသို့ မိုးညှင်းမြို့ အမှတ် (၁၀၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးဒုရဲမှူး မြင့်မိုးနှင့်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက အဆိုပါနံနက် ၈နာရီအချိန်မှ ၁၀နာရီ အချိန်ထိ မိုးညှင်းမြို့၊ နားခါရပ်ကွက်၊ ဈေး လမ်းဆုံ၌ ယာဉ်မောင်းသူများနှင့် ဆိုင် ကယ်မောင်းနှင်ကြသူများကို မဟာ သင်္ကြန်ကာလအတွင်း ယာဉ်မတော် တဆမှုများ မဖြစ်ပွားစေရေးအတွက် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက် ကမ်းစာစောင်များဖြန့်ဝေကြသည်။ 
““အခု လာမယ့်ဧပြီ ၁ရက်က စပြီး ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူ၊ လူ နှစ်ဦးထက်ပိုစီးသူ၊ အိပ်ဇောဖြုတ်၊ ပါဝါအိပ်ဇောတပ် မောင်းနှင်သူများကို  ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ အရရဲစခန်းမှာ အမှုဖွင့်အရေးယူသွားမှာ ဖြစ်ပါတယ်””ဟုဒုရဲမှူးမြင့်မိုးကပြော ကြားသည်။
သင်္ကြန်မတိုင်မီ နှစ်ရက် သုံးရက် အလိုတွင် အိပ်ဇောဖြုတ်၊ ပါဝါအိပ်ဇော တပ်ဆိုင်ကယ် မောင်းသူများကို သင်္ကြန် ကာလပြီးတွင် တရားစွဲဆိုသွားမည်ဖြစ် ကြောင်း ဆိုင် ကယ်မောင်းနှင်ကြသူများ သည် ဆိုင် ကယ်စီးဦးထုပ်ကိုစနစ်တကျ ဆောင်းပြီး မေးသိုင်းကြိုးတပ်ဆင်ပါရန်၊ အိပ်ဇောဖြုတ်၊ ပါဝါအိပ်တပ်မောင်း နှင်ခြင်း မပြုပါရန်၊ လူနှစ်ဦးထက်ပို၍ တင်ဆောင် မောင်းနှင်ခြင်းမပြုပါရန် စသဖြင့် မိုးညှင်း မြို့အတွင်း၌ အသိ ပညာပေးနိုးဆော်ထား ပြီးဖြစ်ကြောင်း ၎င်းင်းကပြောကြားသည်။
ထိုကဲ့သို့ ယာဉ်/လမ်းစည်းကမ်းနှင့် မကိုက်ညီသည့်ဆိုင်ကယ်များကိုဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်တော့ မည်ဖြစ်ကြောင်း အသိပညာပေးနိုင်ခဲ့ပြီး ဖမ်းဆီးအရေးယူခြင်းများကို မိုးညှင်းမြို့ တွင် ဧပြီ၁ရက်တွင် စတင်ပြီးဖမ်းဆီး ခဲ့ရာ အများပြည်သူများ ယာဉ်အန်္တရာယ် ကင်းရှင်းစေနိုင်ရေးအတွက် စည်းကမ်းမဲ့ မောင်းနှင်ကြသည့် မော်တော်ဆိုင်ကယ် ၇၆စီးကိုဖမ်းဆီးခဲ့ပြီး ယင်းတို့အနက် ၂၅စီးမှာ ပါဝါအိတ်ဇောတပ်ဆင်ထား သော ဆိုင်ကယ်များဖြစ်ကြောင်း၊ ဧပြီ ၃ရက်တွင် မော်တော်ဆိုင်ကယ်၉ စီး ဖမ်းဆီးရမိခဲ့ပြီး၃စီးမှာပါဝါအိပ်ဇော တပ်ဆိုင်ကယ် ပါဝင်ကြောင်းသိရသည်။အဆိုပါဖမ်းဆီးရမိသော မော်တော် ဆိုင်ကယ်များကို မိုးညှင်းမြို့မရဲစခန်း ၌ အမှုဖွင့်ခဲ့ပြီး ၂၀၁၅ခုနှစ် မော်တော် ယာဉ်ဥပဒေပုဒ်မ-၆၂ အရအမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ဆက်လက်၍ပြည်သူများယာဉ် အန်္တရာယ်ကင်းရှင်းစေနိုင်ရန်အတွက် ယာဉ်/လမ်းစည်းကမ်းနှင့်မညီသော ဆိုင်ကယ်မောင်းနှင်သူများကို ဥပဒေနှင့် အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း မိုးညှင်းမြို့အမှတ်(၁၀၁) ယာဉ်ထိန်းတပ်ဖွဲ့မှူးဒုရဲမှူးမြင့်မိုးထံမှသိရ သည်။  ““အဓိကတော့ ယာဉ်အန်္တရာယ် ကင်းရှင်းဖို့ဆိုင်ကယ်ဦးထုပ်ဆောင်းကြပါ။ လူနှစ်ဦးထက်ကို ပိုပြီးမစီးပါနဲ့၊ ပါဝါအိတ် ဇောတွေမသုံးပါနဲ့လို့သတိပေးချင်ပါ တယ်””ဟု ၎င်းင်းကဆက်လက်၍အသိ ပညာပေး ပြောကြားခဲ့သည်။  
  မိုးကြိုး
Date: 
Monday, April 9, 2018