မိုးညှင်းမြို့ပေါ် ရှိ စည်ပင်သာယာအမှိုက်ပုံးများ မီးရှို့ဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုး ညှင်းမြို့၌မြို့နယ်စည်ပင်သာယာရေး အဖွဲ့ကမြို့တော်သန့်ရှင်းသာယာလှပစေ ရေးအတွက်အမှိုက်များစွန့်ပစ်ရန်သင့်လျော် သည့်နေရာများ၌ စည်ပင်သာယာ အမှိုက်ပုံးများထားရှိပေးခဲ့သည်။

ထိုသို့အမှိုက်ပုံးများထားရှိခဲ့သဖြင့် ရပ်ကွက်နေပြည်သူများအနေဖြင့်အမှိုက်  စွန့်ပစ်မှုလွယ်ကူသလိုခရီးသွားပြည်သူများ အနေဖြင့်လည်းအမှိုက်စွန့်ပစ်ရန်အဆင် ပြေခဲ့သည်။

အဆိုပါအမှိုက်ပုံးများအတွင်းစွန့်ပစ် ထားသောအမှိုက်များကိုလည်းစည်ပင် သာယာရေးအဖွဲ့ကနေ့စဉ်သိမ်းဆည်းလျက် ရှိပေရာမိုးညှင်းမြို့အနေဖြင့် ထိုက်သင့် သောသန့်ရှင်းသာယာလှပမှုရှိခဲ့သည်။

သို့သော် ဇန်န၀ါရီလ ၂၉ ရက် ညပိုင်းတွင်အမှိုက်ပုံးသုံးလုံးမီးရှို့ဖျက်ဆီးခံရ ကြောင်း သတင်းရရှိသဖြင့် စုံစမ်းခဲ့ရာ မိုးညှင်းခရိုင်ခုတင် ၁၀၀ ဆံ့ ဆေးရုံ နောက်ကျောဝန်ထမ်းလိုင်းခန်းအနီးရှိ အမှိုက်ပုံးတစ်လုံး၊ မင်ကွမ်းလက်ဖက်ရည် ဆိုင်ရှေ့အမှတ် (၁) စည်ပင်သာယာဈေး အနီးရှိအမှိုက်ပုံးတစ်လုံး၊ ရွှေမိုးညှင်းဆိုင် ကယ်နှင့် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်  အနီးရှိအမှိုက်ပုံးတစ်လုံးတို့ဖြစ်ပြီးအမှိုက် ပုံများ၏ကာလတန်ဖိုးမှာ နှစ်သိန်းဝန်ကျင် တန်ဖိုးရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာကစုံစမ်းလျက်ရှိနေသော်လည်း ယနေ့အထိတရားခံအားဖော်ထုတ်ဖမ်းဆီး နိုင်ခြင်းမရှိသဖြင့် ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်မကင်းရှိနေကြကြောင်း သိရသည်။

“မီးရှို့ဖျက်ဆီးခံရတဲ့အမှိုက်ပုံးတွေဟာ တစ်နေရာနဲ့ တစ်နေရာအလှမ်းကွာဝေး တဲ့အတွက်ဖျက်ဆီးတဲ့သူအနေနဲ့ ရည်ရွယ် ချက်ရှိရှိဆောင်ရွက်သွားတယ်လို့ယူဆရ  မှာပါ။ ပြည်သူတွေရဲ့ ဘဏ္ဍာငွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ထား တာဆိုတော့ ဒေသခံပြည်သူတွေကိုစော် ကားလိုက်တာပါပဲ။ ဖျက်ဆီးတဲ့ပုံစံက မီးရှို့ဖျက်ဆီးတာဆိုတော့ တရားခံမမိသေး သ၍မိုးညှင်းမြို့အတွက်အချိန်မရွေးမီးဘေး အန်္တရာယ်စိုးရိမ်ရမှာပါ။ အမှိုက်ပုံးကိုဖျက် ဆီးသလိုလူနေအိမ်တွေနဲ့ ဈေးဆိုင်ခန်း တွေကို ပစ်မှတ်ထားလာရင်မတွေးရဲ အောင်ရှိနေလို့တရားခံကိုအမြန်ဆုံးဖော် ထုတ်နိုင်ပါစေလို့ဆုတောင်းနေရပါတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောကြား သည်။

ထိုသို့ဖြစ်ပွားပြီးသည့်နောက်စည်ပင် သာယာရေးအဖွဲ့ကမိုးညှင်းမြို့ပေါ်နေရာ  အနှံ့တွင်ချထားသော အမှိုက်ပုံးများအား ပြန်လည်သိမ်းဆည်းခဲ့ပြီးအမှိုက်ကားများ  အသုံးပြုကာအမှိုက်များသိမ်းဆည်းလျက် ရှိရာရပ်ကွက်သားတစ်ဦးက “အရင်ကလို အမှိုက်ပစ်ရတာအဆင်မပြေတော့ပါဘူး။ စည်ပင်သာယာကနေ့စဉ်အမှိုက်ကားနဲ့ လိုက်သိမ်းပေမဲ့ ကားလာတဲ့အချိန်မှာ လုပ်ငန်းခွင်ဝင်နေချိန်၊ ဈေးဝယ်ထွက်တဲ့ အချိန်တွေနဲ့ တိုက်ဆိုင်နေရင်နေ့စဉ်ထွက် ရှိနေတဲ့အမှိုက်စွန့်ပစ်မှုအတွက်အခက်ကြုံ ရပါတယ်။ စိုးရိမ်စရာကောင်းတာက မိုး ညှင်းမြို့ရဲ့ ကျက်သရေဆောင် “နန့်ရင်း ချောင်း”ထဲမှာ အမှိုက်စွန့်ပစ်လာရင်ချောင်း ရေညစ်ပတ်လာပြီးချောင်းလည်းတိမ်ကော  လာနိုင်တယ်”ဟု ပြောကြားသည်။

ထို့ကြောင့် စည်ပင်သာယာအမှိုက် ပုံးကို မီးရှို့ဖျက်ဆီးသည့်တရားခံပေါ်ပေါက် စေရန်အတွက် ရပ်ကွက်နေပြည်သူလူထု အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်ကြပါဟုတိုက်တွန်းရေးသား လိုက်ရပါသည်။            တောသားလေး

Date: 
Tuesday, February 13, 2018