မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့သဖြင့် လူနေအိမ် ၁၀၀ ကျော်ပျက်စီး

Author: 
ပန်လှအောင်(မြစ်မခ)

ရခိုင်ပြည်နယ်၌ မိုးသက်လေပြင်း များပြင်းထန်စွာတိုက်ခတ်ခဲ့သောကြောင့် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြား မြို့နယ်တို့တွင် နေအိမ်အဆောက်အအုံ ၁၀၀ ကျော် ပျက်စီးခဲ့ကြောင်း သက် ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရှိရသည်။

လေပြင်းသည် ဇူလိုင် ၂၄ ရက်၊ နေ့လယ် ၂နာရီမှ ညနေ ၅နာရီအတွင်း တိုက်ခတ်ခဲ့ခြင်းကြောင့် ကျောက်တော် မြို့နယ်၊ ကုန်းတန်းကျေးရွာတွင် နေအိမ် ၃၃လုံး၊ မြောက်ဦးမြို့နယ်၊ ပုဇွန်ဖေ ကျေးရွာတွင် နေအိမ် ၃၆ လုံး၊ စက် သားရွာဟောင်းကျေးရွာတွင် နေအိမ် ၁၆ လုံးနှင့် မင်းပြားမြို့နယ်၊ လဟာကျယ် ကျေးရွာတွင် နေအိမ် ၃၁လုံးတို့ ပျက်စီးခဲ့ ကြောင်း သိရသည်။

““လေတိုက်တာ ပြင်းထန်ပါတယ်။ လုံးဝပြိုလဲပျက်စီးသွားတာက နေအိမ် ခုနစ်လုံးပါ။ ဓနိမိုး၊ ၀ါးထရံကာအိမ်တွေ ပါ။ တခြားအိမ်တွေက အမိုးအကာ ပျက်စီးသွားတယ်။ အိမ်လုံးဝပျက်စီး သွားတဲ့မိသားစုတွေက နီးစပ်ရာဆွေမျိုး အိမ်တွေမှာသွားနေကြတယ်””ဟု မြောက်ဦး မြို့နယ်၊ ပုဇွန်ဖေကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းမြကပြောသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအပါအ၀င် စာသင်ကျောင်း များ၊ စပါးကျီများနှင့် ဆန်စက်များတွင် အမိုးအကာပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်လုံးဝပျက်စီးသွားသည့် မိသားစု များမှာစားဝတ်နေရေးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

““မင်းပြား၊ လဟာကျယ်ရွာမှာ နေ အိမ် ၃၀ ကျော်လောက် ပျက်စီးသွား တယ်၊ လူတွေရဲ့ အခြေအနေကိုတော့ သေချာမသိသေးဘူး။ အကူအညီပေး နိုင်ဖို့တော့ စီစဉ်မယ်””ဟု မင်းပြားမြို့မှ ခင်မောင်ညိုဖောင်ဒေးရှင်းဥက်္ကဋ္ဌ ဦးသိန်း ထွန်းကပြောသည်။

အဆိုပါ မိုးသက်လေပြင်းကြောင့် ပျက်စီးခဲ့သည့် နေအိမ်အများစုသည် ဓနိမိုး၊ ၀ါးထရံကာနေအိမ်များ ဖြစ်ကြပြီး ရခိုင်ပြည်နယ်တွင် မိုးသည်းထန်ခြင်း ကြောင့် မြို့နယ်အချို့တွင် ရေလွှမ်းမိုးခြင်း နှင့် ရန်ကုန်-စစ်တွေ ကားလမ်းတို့တွင် ကားလမ်းရေကျော်ခြင်းများ ဖြစ်ပွားနေ ကြောင်း သိရသည်။

 

ပန်လှအောင်(မြစ်မခ)

Date: 
Wednesday, July 26, 2017