မူလတန်းကျောင်းအချို့H1N1 ပညာပေးအစီအစဉ်များ လုံးဝမလုပ်ရသေးဟုဆို

Author: 
ဇော်မြင့်

ရာသီတုပ်ကွေး H1N1 ရောဂါကာ ကွယ်ရေးနှင့် ပညာပေး အစီအစဉ်များ ကို အရပ်ဘက် လူမှုအဖွဲ့အစည်းများက မြို့နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ  စိတ်္တသုခ ဖွံ့ဖြိုးရေးအင်စတီကျုနှင့် ဒဂုံ တက်္ကသိုလ် ကျောင်းသားများက သြဂုတ် ၁ ရက်နေ့တွင် မြောက်ဥက်္ကလာပမြို့နယ် တွင်းရှိ အခြေခံပညာ ကျောင်းများနှင့် လူစည်ကားရာ ဘတ်စ်ကားမှတ်တိုင် များတွင် ပညာပေးအစီအစဉ်များပြုလုပ် ခဲ့ကြောင်း သိရသည်။

ကျောင်းများတွင် H1N1 ကာကွယ် ရေးသတိပေးနှိုးဆော်ချက်ဗီနိုင်းများလိုက် လံချိတ်ဆွဲရာတွင် ဆရာ၊ ဆရာမများက အထူးလိုလိုလားလားရှိကြောင်း၊ မူလတန်း ကျောင်းအချို့တွင်ကလေးများလက်ဆေး ရန် ဘေဇင်များမရှိခြင်းနှင့် H1N1 ပညာ ပေးအစီအစဉ်များလုံးဝမလုပ်ရသေးကြောင်း စိတ်္တသုခဖွံ့ဖြိုးရေးအင်စတီကျုမှတာဝန်ခံ  တစ်ဦးဖြစ်သူကိုဇေယျာလင်းကပြောသည်။

“ကျွန်တော်တို့ရောက်လာတာကို ဆရာမတွေက ၀မ်းသာပြီး လိုလိုလား လားရှိကြတယ်။ အထက ၄ ကျောင်းမှာ ဆိုဖျားနာလို့ခွင့်တိုင်ထားတဲ့ကလေးတချို့ စာရင်းလုပ်ထားပြီး ဆရာမတွေစိတ်ပူနေ တာတွေ့ရတယ်။ မူလတန်းကျောင်းတချို့ ကတော့ ပညာပေးအစီအစဉ်တွေလုံးဝ မလုပ်ရသေးဘူး။ ကျွန်တော်တို့ပေးတဲ့ ဗီနိုင်းတွေသတိပေးနှိုးဆော်ချက်တွေရလို့ သူတို့ဝမ်းသာသွားတယ်”ဟု ကိုဇေယျာ လင်းကပြောသည်။ H1N1 အရေးကို နိုင်ငံတော်အဆင့်လုပ်ဆောင်ပေးသင့် နေပြီဖြစ်ကြောင်း စိတ္တသုခဖွံ့ဖြိုးရေး အင်စတီကျုခေါင်းဆောင်ကိုဇာနည်က ဆိုသည်။

“ကျွန်တော်တို့အခုလုပ်တယ်။ ပြည် သူအားလုံးကိုတော့ မထိရောက်ဘူးပေါ့ ဗျာ။ ဒီပြဿနာက နိုင်ငံတော်အဆင့် အနေနဲ့ ရှင်းလင်းတဲ့ ထုတ်ပြန်ချက်တွေ အကူအညီတွေပေးသင့်နေပြီလို့မြင်တယ်။ အခုကပြည်သူတွေမှာ ဇဝေဇ၀ါဖြစ်နေရ တယ်လေ။ နိုင်ငံပိုင်မီဒီယာတွေကလည်း ပညာပေးအစီအစဉ်တွေလွှင့်ပေးတာမျိုး မတွေ့ရသေးဘူး။ပြောရရင်တော့ တာဝန် ယူမှုတာဝန်ခံမှုဆိုတာမရှိဘူး။ အစိုးရလုပ် နိုင်ပါတယ်လို့တာဝန်ယူပြီးသွားပြီလေ တာဝန်ယူပြီးသွားရင်တာဝန်ခံဖို့တော့လို တာပေါ့ဗျာ”ဟု ၎င်းကဆိုသည်။

စိတ်္တသုခဖွံ့ဖြိုးရေးအင်စတီကျုမှ သတိပေးနှိုးဆော်ချက်စတစ်ကာ ၃၀၀၊ ပန်းဖလက် ၃၀၀၀၊ ဗီနိုင်း ၂၀၀ နှင့် Mask ၂၀၀၀ တို့ကို ကျောင်းများနှင့် လူ စည်ကားရာဘတ်စ်ကားမှတ်တိုင်များတွင် ဝေငှခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ဇူလိုင် ၃၁ ရက် ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး H1 N1 သံသယရှိလူနာ ၂၁၃ ဦး၊ ရောဂါတွေ့ ရှိလူနာ ၆၂ ဦး၊ သေဆုံးသူ ၁၂ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။          ဇော်မြင့်

Date: 
Tuesday, August 1, 2017