မူးယစ်ဆေးဝါးပြဿနာများဖြေရှင်းရာတွင် တိုက်ဖျက်ရေးကို ဦးစားပေး လုပ်ဆောင်နေကြသလို ပြန်လည်ထူထောင်ရေးအတွက်လည်း မူဝါဒများရေးဆွဲသင့်ဟုဆို

မူးယစ်ဆေးဝါး ပြဿနာများ ဖြေ ရှင်းရာတွင် တိုက်ဖျက်ရေးကိုသာ ဦးစား ပေးလုပ်ဆောင်နေကြသလို ပြန်လည် ထူထောင်ရေးအတွက်လည်း မူဝါဒများ ရေးဆွဲသင့်ကြောင်း မူးယစ်ဆေးဝါးရေး ရာ မူဝါဒ ပြောင်းလဲခြင်း ထောက်ခံ ဆွေးနွေးအဖွဲ့ မြန်မာမှ ညှိနှိုင်းရေးမှူး ဒေါက်တာနန်းပန်းအိခမ်းကပြောသည်။

မူးယစ်ဆေးဝါးရေးရာ မူဝါဒ ပြောင်းလဲခြင်းထောက်ခံဆွေးနွေးအဖွဲ့ -မြန်မာက ဦးဆောင်ကျင်းပသည့် ““ကူညီ ပါ အပြစ်မပေးပါနဲ့”” ခေါင်းစဉ်ဖြင့် လူထု ပညာပေးဆွေးနွေးပွဲကို ဇွန် ၂၄ ရက်တွင်  Orchid Hotel တွင် ကျင်းပခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် ၎င်းင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

““ဒီလုပ်ငန်းတွေနဲ့ ပတ်သက်လို့က တော့ ကမ်္ဘာမှာရော၊ မြန်မာနိုင်ငံမှာပါ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရ ပါတယ်။ အခုခေတ်က ပိုပြီးတော့မှ ခေတ်မီတဲ့ ဓာတုဗေဒ ဆေးတွေရော၊ စိတ်ကြွဆေးတွေရော အများကြီး ပေါ် လာတာ တွေ့ရတယ်။ ဒီမူးယစ်ဆေး ပြဿနာကို ရင်ဆိုင်ဖြေရှင်းကြတဲ့အခါ မှာ တိုက်ဖျက်ရေးကို အရမ်းဦးစားပေး တယ်။ ကျွန်မတို့ အနေနဲ့ကတော့ ဒီ တိုက်ဖျက်ရေးသာမက ကျန်းမာရေး၊ ပြန် လည်ဝင်ဆံ့ရေး ပြီးတော့ လူ့အခွင့်အရေး  ကာကွယ်မှုတွေ အဲဒါတွေကိုလည်း စဉ်း စားပြီးတော့မှ မူဝါဒများ ရေးဆွဲသင့် တယ်လို့ ထင်ပါတယ်”” ဟု ဒေါက်တာ နန်းပန်းအိခမ်းက ပြောသည်။

 

မူးယစ်ဆေး သုံးစွဲခြင်းမှာ စိတ် ရောဂါတစ်ခုဖြစ်ပြီး ၎င်းင်းတို့အား ကျန်း မာရေးစောင့်ရှောက်မှု အပြည့်အ၀ပေး ရမည်ဖြစ်သလို ဆွေးနွေးသည့် ပတ်ဝန်း ကျင်အသိုင်းအ၀ိုင်းများလည်း ဖန်တီး ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး သုံးစွဲသူများအသင်းမှ ကိုထူးဝင့်ကျော်က ပြောသည်။

““မူးယစ်ဆေးဝါးနဲ့ သုံးစွဲသူတွေကြား မှာ လူတန်းစေ့ ပြန်ဝင်နိုင်ဖို့ မူးယစ်ဆေး ဖြတ်ဖို့ဆိုတာကို အရင်တုန်းက အမြင် တွေ မှားခဲ့ကြတယ်။ နောက် ၁၉၉၃ ဥပဒေဆိုရင် အပြစ်ပေးတာတွေ၊ ပြစ်မှု နဲ့ ပြစ်ဒဏ်မမျှဘူး။ မူးယစ်ဆေး သုံးစွဲ သူတွေကို ရာဇ၀တ်သားတွေ၊ အပြစ် သားတွေလို့ပဲ ထင်ကြတယ်။ တကယ် တော့ မူးယစ်ဆေးဝါးသုံးစွဲတာက စိတ် ရောဂါတစ်ခုပေါ့။ အဖန်တလဲလဲ ပြန် ဖြစ်နိုင်တယ်။ စွဲလမ်းတယ်။ သူတို့ကို ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ ပေးနိုင်ရမယ်။ နွေးထွေးတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေ ဖန်တီးပေးရမယ်။ ပြီးတော့ မူးယစ်ဆေး အန္တရာယ် လျှော့ ချရေးလုပ်ငန်းတွေကိုလည်း လူထုက သေသေချာချာနားလည်ပြီးတော့ လက်ခံလာဖို့ အရေးကြီးပါတယ်။ အဲဒါ မှာလည်း ဒီလုပ်ငန်းတွေက အောင်မြင် ပြီးတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပန်းတိုင်တွေ၊ ရည်မှန်းချက်တွေက အကောင်အထည် ပေါ်လာမှာဖြစ်ပါ တယ်”” ဟု ၎င်းက ပြောသည်။

““ကူညီပါ အပြစ်မပေးပါနဲ့”” ဆိုသည့် လူထု လှုပ်ရှားမှုသည် ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှုဖြစ်ပြီး အဆိုပါ လှုပ်ရှား မှုကို ၂၀၁၂ ခုနှစ်မှစ၍ စတင်လှုပ်ရှား ခဲ့ခြင်းဖြစ်သလို ယခုအချိန်ထိ ကမ္ဘာ့ နိုင်ငံပေါင်း ၉၃ နိုင်ငံက မြို့ပေါင်း ၂၀၅ မြို့တွင် ကျင်းပပြုလုပ်လာခြင်းဖြစ် ကြောင်း သိရသည်။         ကျော်ကိုကို

 

Date: 
Tuesday, June 26, 2018