မကွေးမှာ တစ်ပတ်နှစ်ကြိမ်လေယာဉ်ဆင်းပေးပါ ရှုံးတဲ့ဟာကို ကျွန်တော်ခံမယ်

ဒေသခံတောင်သူများထံမှလယ် မြေဧကပေါင်းများစွာသိမ်းဆည်းတည် ဆောက်ခဲ့သည့်မကွေးလေယာဉ်ကွင်းမှာ သက်တမ်း ၁၅နှစ်ရှိနေပြီဖြစ်ပြီး သုံးနှစ်ခန့် လေကြောင်းခရီးစဉ်များပြေးဆွဲခဲ့ရာမှ ၂၀၀၆ခုနှစ်နောက်ပိုင်းမှစ၍ ၁၂ နှစ်ကြာ သည့်တိုင်ခရီးသည်တင်လေယာဉ်များ ဆင်းသက်မှုမရှိတော့သည့်အတွက်ဒေသ ဖွံ့ဖြိုးရေးရှေးရှုကာပြန်လည်ပြေးဆွဲပေး ရန်လိုလားကြောင်း မကွေးဒေသခံများ ထံမှ သိရသည်။

“လေယာဉ်မရှိလို့မဆင်းတာလား၊ စီးမယ့်ခရီးသည်မရှိလို့မဆင်းတာလား။ သေချာမသိဘူးဖြစ်နေတယ်။ တိုင်းမြို့ ကြီးလည်းဖြစ်တယ်။ လေယာဉ်ကွင်း လည်းရှိတယ်။ ဒေသရဲ့လိုအပ်ချက်တစ်ခု လည်းဖြစ်ပါတယ်။ လေယာဉ်ကွင်းရှိပြီး ခရီးသည်တင်လေယာဉ်မဆင်းတာက ဒေသရဲ့ပုံရိပ်ကိုလည်းကျစေပါတယ်။ အခွင့်အလမ်းတွေလည်း ဆုံးရှုံးစေပါ တယ်။ လေယာဉ်ခရီးစဉ်တွေမှာမကွေး ကိုထည့်သွင်းပြီးဆင်းစေချင်ပါတယ် ”ဟု မကွေးဒေသခံဦးဌေးလွင်ကပြောသည်။

“၂၀၀၁ခုနှစ်တွင်စတင်ဆောက်လုပ် ပြီး ၂၀၀၃ခုနှစ် ဇွန်လ၆ရက် လေယာဉ် ကွင်းကြီးဖွင့်ခဲ့စဉ်က တာဝန်ရှိသူများ အမြင်တင့်စွာ သက်သေပြနေချိန်တွင် သိမ်းဆည်းခံတောင်သူများကရင် နင့်စွာ မျက်ရည်ကျခဲ့ရပါသည်”ဟု ဒေသခံ တောင်သူတစ်ဦးကရင်ဖွင့်ပြောဆိုသည်။

“စီးမယ့်သူမရှိဘူးဆိုတဲ့အကြောင်း ပြချက်နဲ့ လေယာဉ်မဆင်းတော့တာပါ။ မကွေးမှာလေယာဉ်ဆင်းရင်စီးမယ့် သူ မရှိဘူးလို့ပြောတယ်။  တစ်ပတ်မှာ နှစ် ကြိမ်ဆင်းပေးပါ။ ရှုံးတဲ့ဟာကို ကျွန်တော် ခံမယ်။ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ဖို့ ရှုံးတဲ့ဟာကို ကျွန်တော်ခံမယ်။ လေယာဉ် ဆင်းစေချင်ပါတယ်။ လူမှုရေး၊ သက်ကြီး ရွယ်အိုတွေရဲ့ ဆေးဝါးကုသရေး၊ နိုင်ငံ တကာခရီးသွားလာမှုဖွံ့ဖြိုးတိုးတက်ရေး အပါဝင် NGO တွေ အ၀င်အထွက်များ နေတဲ့အချိန်မှာ ဒါကမကွေးတိုင်းရဲ့ လို အပ်ချက်ဖြစ်နေပါတယ်။ အချိန်ကို ချုံ့ သွားရတဲ့ကိစ်္စတွေအများကြီးရှိပါတယ်” ဟု မကွေးတိုင်းဟိုတယ်လုပ်ငန်းရှင်များ အသင်းဥက်္ကဋ္ဌဦးစံထွေးကပြောသည်။

လက်ရှိလေယာဉ်ကွင်းမှာမြေအကျယ် ၈၁၈ဒသမ၈၂ ဧကပေါ်၌တည်ရှိပြီး ပြေ လမ်းအရှည် ၈၅၀၀ ပေ၊ အကျယ်ပေ ၂၀၀ရှိကာ မြန်မာ့လေကြောင်းပိုင်ခရီး သည် ၁၀၀ ကျော်ဆံ့သည့် Eperer Jet လေယာဉ်ကြီးများဆင်းသက်နိုင်ကြောင်း၊ သိမ်းဆည်းခံတောင်သူများအားလျော် ကြေးနှစ်ကြိမ်ပေးခဲ့ပြီး လျော်ကြေးလက် မခံသောတောင်သူများစွာကျန်နေသေး ကြောင်း မကွေးလေဆိပ်မှသိရသည်။

ဒေသဖွံ့ဖြိုးရေးအတွက် လေယာဉ် ခရီးစဉ်များရှိစေချင်သော်လည်းပို့ဆောင် ရေးဝန်ကြီးဌာန၊ လေကြောင်းလိုင်းများ၊ ဒေသတွင်းအစိုးရနှင့် ပြည်သူများပူး ပေါင်းဆောင်ရွက်မှအဆင်ပြေမည်ဟု ထင်မြင်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် လေယာဉ်များဆင်းသက်ပျံသန်းရာတွင် အန်္တရာယ်ကင်းရှင်းရေးကို အဓိကထား ၀န်ဆောင်မှုပေးဆောင်ရွက်နေပြီး လေယာဉ်များညအချိန်၌ပင် ဆင်းသက် နိုင်အောင်လုပ်ဆောင်ထားကြောင်း လေ ကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မကွေးလေဆိပ်မန်နေဂျာ (လေကြောင်း ထိန်း) ဦးမင်းအောင်၏ပြောကြားချက် အရသိရသည်။       

  စိန်မင်း(မကွေး)

 

Date: 
Tuesday, June 12, 2018