မကွေးသင်္ကြန်အလှ ဓာတ်ပုံပြိုင်ပွဲ ဆု ၆ဆု ရွေးချယ်ချီးမြှင့်သွားမည်

ယဉ်ကျေးမှုအနှစ်သာရကိုပြန်လည် ဖော်ဆောင်ကျင်းပနိုင်ရန်စီစဉ်နေသည့် မကွေးသင်္ကြန်ပွဲတွင် လမ်းလျှောက် သင်္ကြန်၊ ကုန်းဘောင်ခေတ်သင်္ကြန်၊ ရခိုင် ရိုးရာသင်္ကြန်နှင့် ဒေသတွင်းတိုင်းရင်း သားယဉ်ကျေးမှုအသွင်သဏ္ဌန်များပါဝင် မည်ဖြစ်ပြီး မကွေးသင်္ကြန်အလှကိုမှတ် တမ်းပြုနိုင်ရန် ဓာတ်ပုံပြိုင်ပွဲတစ်ရပ်ထည့် သွင်းကျင်းပမည်ဖြစ်ကာ ဆု ၆ ဆုရွေး ချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဓာတ်ပုံ ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။ 
“ဓာတ်ပုံပြိုင်ပွဲထည့်လိုက်ခြင်းအား ဖြင့် ရှုထောင့်မျိုးစုံ၊ နေရာမျိုးစုံကနေ ရိုက်ကြမှာဆိုတော့ ကျွန်တော်တို့မသိ၊ မမြင်လိုက်တဲ့ သင်္ကြန်ရဲ့အလှတရားတွေ မြင်ရမယ်။ တစ်ဦးတစ်ယောက်၊ ဓာတ်ပုံ ဆိုင်တစ်ခုလောက်ကတာဝန်ယူရိုက်မယ် ဆိုရင်လည်း အလှအပအားလုံးရဖို့က မလွယ်ဘူး။ ဒီပြိုင်ပွဲကနေအနုပညာရှု ထောင့်မျိုးစုံကနေထွက်ပေါ်လာတဲ့ ပုံရိပ် တွေကို ဟာခနဲ၊ ဟင်ခနဲဖြစ်လောက် အောင်မြင်ရလိမ့်မယ်လို့မျှော်လင့်ပါ တယ်။ ပြိုင်ပွဲဝင်ပုံတွေအများကြီးတက် လာမှာဖြစ်တဲ့အတွက် မကွေးသင်္ကြန် ပုံရိပ်မှတ်တမ်းတွေအများကြီးကျန်ခဲ့မှာပါ” ဟုပြိုင်ပွဲကျင်းပရေးကော်မတီဝင်ဓာတ်ပုံ ကိုဇော် က ပြောသည်။
ပြိုင်ပွဲတွင် ပထမဆု ၅ သိန်း၊ ဒုတိ ယဆု ၃သိန်း၊ တတိယဆု ၂ သိန်း၊ နှစ်သိမ့်ဆု ၃ ဆု ငွေကျပ် ၁ သိန်းနှုန်း ဆု ၆ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အမှတ်ပေးဒိုင်များကို မြန်မာနိုင်ငံဓာတ်ပုံ အသင်း၊ အထက်မြန်မာပြည်ဓာတ်ပုံ အသင်းစသည့်အသင်းအဖွဲ့များမှအတတ် ပညာရှင်များအားဖိတ်ကြားပြီးအကဲဖြတ် နိုင်ရန် စီစဉ်သွားရန်ရှိကြောင်း ကော်မတီမှ သိရသည်။
ဓာတ်ပုံမိုးဇော်ညို ၊ ဓာတ်ပုံကိုဇော်၊ ဓာတ်ပုံအောင်ကျော်ဇောတို့ပါဝင်သည့် အဖွဲ့ဝင်ခုနစ်ဦးပါ ဓာတ်ပုံပြိုင်ပွဲ ကျင်းပ ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး ကော်မတီဝင်များမှာ ၀င်ပြိုင်ခွင့်မရှိရုံ သာမက အကဲဖြတ်မှုများတွင်လည်း ၀င်ရောက် စွက်ဖက်မည်မဟုတ်ကြောင်း၊ ဆုတစ်ခုချင်းစီအတွက် ဆုများပေးအပ် လိုပါက(သို့)ပြိုင်ပွဲဝင်လိုပါက၊ ကိုမိုးဇော် ညို  ဖုန်း-၀၉၉၆၅၃၄၁၅၁၄ နှင့် ကိုဇော် ဖုန်း ၀၉၇၉၆၆၆၁၈၆၆  သို့ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
စိန်မင်း(မကွေး)
 
Date: 
Tuesday, April 3, 2018