မန္တလေးမြို့ ၌ လုယက်မှုများလာခြင်းမှာ ဧည့်စာရင်းတိုင်ကြားခြင်းကို ဖျက်သိမ်းလိုက်ခြင်းကြောင့်ဟုဆို

မန္တလေးမြို့ပေါ်၌ ဓားထောက် လုယက်မှုများမကြာခဏဖြစ်ပွားနေခြင်း မှာ လက်ရှိအစိုးရလက်ထက်တွင် ဖျက် သိမ်းလိုက်သည့်ဧည့်စာရင်းဥပဒေကြောင့် ဟု ထင်မြင်မိကြောင်း မန္တလေးတိုင်းဒေ သကြီးအစိုးရအဖွဲ့မှလုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဟောင်းဗိုလ်မှူးကြီးအောင် ကျော်မိုး(ငြိမ်း)က ပြောဆိုလိုက်သည်။

“အခုလိုမန်္တလေးမြို့ပေါ်မှာ ဓား ထောက်လုယက်မှုတွေ မကြာခဏ ဖြစ်တယ်ဆိုတာကလက်ရှိအစိုးရအသစ် လက်ထက်မှာဖျက်သိမ်းလိုက်တဲ့ ဧည့် စာရင်းဥပဒေကြောင့် ဖြစ်တယ်လို့မြင် တယ်။ မိမိရပ်ကွက်တွေမှာလူစိမ်းအ၀င် အထွက်ရှိတယ်ဆိုတာကိုရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့တွေက အဓိကကျပါတယ်။ သူတို့ကသာအကုန်သိမှာပါ။ ဒါပေမဲ့ ဒီဧည့်စာရင်းဥပဒေဖျက်သိမ်းလိုက်တော့ ဘယ်သူမှတရားဝင်သွားပြီး စစ်ဆေး တာမျိုးတွေမလုပ်ရဲပါဘူး”ဟု မန်္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဟောင်းဗိုလ်မှူးကြီး အောင်ကျော်မိုး(ငြိမ်း)ကပြောသည်။

ဧည့်စာရင်းဥပဒေသာရှိနေပါက ရပ်ကွက်အတွင်းဒုစရိုက်မှုကျူးလွန်သူ များမပုန်းခိုနိုင်သည့်အတွက် ခိုးသူ၊ လု  ယက်သူများလျှော့နည်းလာနိုင်ကြောင်း ဗိုလ်မှူးကြီးအောင်ကျော်မိုး(ငြိမ်း)က ဆက်ပြောသည်။

“ဧည့်စာရင်းဆိုတာကအရင် အစိုးရ လက်ထက်မှာရှိတယ်။ အစိုးရအသစ် တက်လာတော့ ဧည့်စာရင်းနဲ့ ပတ်သတ် တဲ့ဥပဒေကို ဖျက်သိမ်းလိုက်တယ်။  အဲဒီ မှာဘာတွေဖြစ်လာလဲဆိုရင် ဒုစရိုက်မှု တွေက တဖြည်းဖြည်းများလာတယ်။ မန္တလေးမြို့ပေါ်မှာ ကဒုစရိုက်မှုတွေများ လာတဲ့အပြင် ဒီလူတွေကအသက်ကိုပါ ရန်ရှာလာတာကိုနေ့စဉ်တွေ့ရတယ်။  ဒီ အတွက် ဒုစရိုက်သမားတွေအတွက် နေရာမရှိစေဖို့အတွက်ဧည့်စာရင်းဥပဒေ ကို ပြန်လည်ပြင်ဆင်ပြီးရေးဆွဲဖို့လိုပါ တယ်”ဟု မန်္တလေးမြို့ခံဦးလှသိန်းကပြော သည်။ မန္တလေးမြို့၌ ၂၀၁၈ ခုနှစ် ဇူလိုင်လမှ စတင်ကာခိုးမှု၊ လုယက်မှု၊ သေနတ်ပစ်မှု၊ မူးယစ်မှုများသည် နေ့စဉ် နီးပါးဖြစ်ပေါ်နေကြောင်းမန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဧည့်စာရင်းတိုင်ကြားခြင်းသည် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလာဘ်စား ခွင့်ရရှိစေရန်ပြုလုပ်သည့်အနေအထား တစ်ခုဖြစ်နေခြင်းကြောင့် ပြည်သူများ ဧည့်စာရင်းတိုင်းကြားခြင်းကို ဖျက်သိမ်း နိုင်ရန် ရပ်ကွက် (သို့)ကျေးရွာအုပ်စုအုပ် ချုပ်ရေးဥပဒေတွင်ပါရှိသည့်ဧည့်စာရင်း တိုင်းကြားခြင်းကို ဖျက်သိမ်းလိုက် ကြောင်း သိရသည်။

ရပ်ကွက် (သို့)ကျေးရွာအုပ်စုအုပ် ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင် ဆင်သည့်ဥပဒေကို ၂၁၀၆ ခုနှစ် ဒီဇင်ဘာ ၂ရက်တွင်နိုင်ငံတော်သမ်္မတဦးထင်ကျော် (ငြိမ်း)က လက်မှတ်ထိုးကာအတည်ပြု ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်း သိရ သည်။            မင်းခန့် (မြစ်မခ)

 

Date: 
Tuesday, September 4, 2018