ရာထူးအဆောင်အယောင် လစာများယူပြီး ငုတ်တုတ်မေ့မနေရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့် သတိပေး

နိုင်ငံတော်ကပေးအပ်ထားသည့် ရာ ထူး၊ အဆောင်အယောင်၊ လစာများယူ ပြီး ငုတ်တုတ်မေ့မနေရန်နှင့် မိမိတို့တာ ၀န်ယူစဉ်ကာလအတွင်းပြည်သူများ အတွက် အကောင်းဆုံးအလုပ်လုပ်ပေး ရန် နိုင်ငံတော်သမ်္မတဦးဝင်းမြင့်ကဧရာ ၀တီတိုင်းဒေသကြီးသို့ရောက်ရှိစဉ်သတိ ပေးပြောကြားလိုက်သည်။
ပုသိမ်မြို့အနီးရှိ၊ င၀န်မြစ်ကိုဖြတ် ကူးတည်ဆောက်မည့်ပုသိမ်တံတား အမှတ်(၂) တည်ဆောက်ရေး စီမံကိန်း ဖွင့်ပွဲ အခမ်းအနားပြုလုပ်စဉ် စီမံကိန်း ရှင်းလင်းဆောင်၌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယင်းသို့ သတိပေးပြော ကြားခဲ့ခြင်းဖြစ်သည်။ 
“ဒီတာဝန်ပေးထားတာက ကိုယ့်ရဲ့ အစွမ်းအစပြဖို့ပေးထားတာ။ ငုတ်တုတ် ထိုင်ပြီးမေ့နေဖို့၊ သာယာပျော်မွေ့နေဖို့၊ ဒီလစာနဲ့  အဆောင်အယောင်အပေါ် မှာ ခံစားနေဖို့ပေးထားတာ မဟုတ်ဘူး။ စွမ်းရည်ပြဖို့ပေးထားတာ။ အဲဒါတော့ ခေါင်းထဲမှာရှိစေချင်တယ်”ဟု နိုင်ငံတော် သမ်္မတဦးဝင်းမြင့်ကပြောသည်။
မိမိတို့တာဝန်ယူသည့်ကာလအတွင်း တက်ညီလက်ညီဖြင့် သမိုင်းကပေးသည့် ကိုယ်ကျရာတာဝန်ကိုအကောင်းဆုံးလုပ် ကိုင်ပြီးအမွန်မြတ်ဆုံးဂုဏ်သိက်္ခာကိုရ ယူ စေလိုကာအရပ်သားများတိုင်ကြားလာ ပါကမည်သူဖြစ်ဖြစ်သက်ညှာမည်မဟုတ် ကြောင်း နိုင်ငံတော်သမ်္မတဦးဝင်းမြင့်က ဆက်လက်သတိပေးပြောကြားခဲ့သည်။ 
“တည့်တည့်ပြောရရင်အရပ်ကတိုင် လာလို့ကတော့ ကျွန်တော်တို့ကကျော သား၊ ရင်သားမခွဲခြားဘဲအရှိအတိုင်းပဲ ဖုံးတာ၊ ဖိတာ၊ ကာတာ၊ ကွယ်တာမရှိ ဘူး။ ဘယ်သူပဲဖြစ်ဖြစ်အရပ်ကိုအပ်ထား ပါတယ်။ အရပ်ကလည်းစောင့်ကြည့်ပေး စေလိုပါတယ်”ဟု နိုင်ငံတော်သမ်္မတ ဦးဝင်းမြင့်ကပြောသည်။
ဧရာဝတီတိုင်းဒေသကြီးသည် အခြားသောပြည်နယ်အချို့ထက်ပင်ဖွံ့ ဖြိုးတိုးတက်မှုနောက်ကျနေသည့်အတွက် မိမိအနေဖြင့်ခံစားရကြောင်း နိုင်ငံတော် သမ်္မတဦးဝင်းမြင့်ကဆက်လက်ပြောဆို သည်။ 
နိုင်ငံတော်သမ်္မတဦးဝင်းမြင့်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ မွေးဖွားခဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိပုသိမ်မြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။
 
မျိုးမင်းထွန်း (မြစ်မခ)
Date: 
Tuesday, October 30, 2018