ရဲတပ်ဖွဲ့ဝင်အချင်းချင်းဖိနှိပ်သည်ဆိုကာ သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် ရဲတပ်သားအား ရဲစခန်းသို့ခေါ်ယူထိန်းသိမ်းထား

မန္တလေးမြို့၊ အောင်မြေသာစံမြို့ နယ်အမှတ်(၄)ရဲစခန်း၌ ရဲတပ်ဖွဲ့ဝင် အချင်းချင်းဖိနှိပ်မှုများ၊ ကိုယ်ထိလက် ရောက်လုပ်ကျူးလွန်မှုများပြုလုပ်သည်ဆို ကာသတင်းစာရှင်းလင်းပွဲလုပ်သည့် ရဲတပ်သားအားအမှတ်(၅)ရဲစခန်းသို့ ခေါ်ယူထိန်းသိမ်းထားကြောင်း သိရ သည်။

အမှတ်(၄)ရဲစခန်းမှ ရဲတပ်သား သန်းဖြိုးအောင်ဆိုသူသည်သတင်းစာရှင်း လင်းပွဲကို ဇန်န၀ါရီ ၂၆ ရက်တွင် မန္တလေး မြို့ရှိမီဒီယာစင်တာ၌ ပြုလုပ်ခဲ့ပြီးနောက် ညနေပိုင်းတွင် ၎င်းကို မြို့နယ် ရဲတပ်ဖွဲ့ မှူးက အမှတ်(၄)စခန်းသို့ လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရ သည်။

“ကျွန်မအမျိုးသားကို မြို့နယ်ရဲမှူး ကစကားပြောဖို့ဆိုပြီးဒုရဲအုပ်တစ်ယောက် ကလာခေါ်တယ်။ ပြီးတော့ သူတို့ကား နားခေါ်သွားပြီးမင်းကားပေါ်တက်လိုက်လို့ ကျွန်မယောက်ျားကိုပြောတယ်။ ဒါနဲ့ ကျွန်မအမျိုးသားက နောက်က လိုက်ခဲ့ ပါမယ်လို့ ပြောတာကိုမရဘူး။ သူတို့က ကားပေါ်ကိုဆွဲတင်သွားတယ်။ ကျွန်မကို လည်းကားအနားကိုကပ်ခွင့်မပေးဘူး” ဟု ရဲတပ်သားသန်းဖြိုးအောင်၏ဇနီးဖြစ်သူ မပွင့်ဖြူခိုင်ကပြောသည်။

လက်ရှိတွင် ခင်ပွန်းသည်ရဲတပ်သား ကို ခေါ်ဆောင်သွားသောကြောင့် ရဲ ၀န်ထမ်းတန်းလျားတွင် ဆက်လက်မနေ ထိုင်ရဲသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ လိုက်သွားမည်ဖြစ်ကြောင်းမပွင့်ဖြူခိုင်က ဆက်ပြောသည်။

သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်း မှာလည်း ခင်ပွန်းသည်ရဲတပ်သားကိုရဲ အုပ်တစ်ဦးနှင့် ဇနီး၊ ရဲတပ်သားတစ်ဦး နှင့် ဇနီးတို့ကထိုးကြိတ်ကန်ကြောက် ခြင်းကြောင့် နှာခေါင်းသွေးယိုခြင်း၊ ဆီး အိမ်အောင့်ခြင်းနှင့် မျက်နှာ၊ ခန်္ဓာကိုယ် တို့တွင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် အမှု ဖွင့်တိုင်တန်းသော်လည်း  အမှုဖွင့်မပေး သောကြောင့် ပြည်ထဲရေးဝန်ကြီးဌာနထံ စာတင်ပြတိုင်ကြားထားပြီးဖြစ်ကြောင်း မပွင့်ဖြူခိုင်က ပြောသည်။

အမှတ်(၄)စခန်းအတွင်း၌ ဇန်န၀ါရီ ၂၀ ရက် ညပိုင်းကရဲဝန်ထမ်းတန်းလျား ၌ နေထိုင်သောရဲတပ်သားတစ်ဦးက အရက်မူးကာဆူပူမှုပြုလုပ်သောကြောင့် မပွင့်ဖြူခိုင်ကမဆူပူရန်ပြောဆိုခဲ့ရာမှ နှစ်ဖက်စကားများပြီးနောက်အဆိုပါရဲ တပ်သားအပြင်ရဲအုပ်တစ်ဦးနှင့် ၎င်းင်းတို့၏ ဇနီးသည်များက၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ် သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဇန်န၀ါရီ ၂၆ ရက် ညနေပိုင်းတွင်အောင်မြေသာစံ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ဖုန်းဖြင့်ဆက် သွယ်မေးမြန်းရာအဆိုပါကိစ္စနှင့်ပတ်သက် ၍ သေချာစိစစ်ဆောင်ရွက်နေကြောင်းရဲ အရာရှိတစ်ဦးကပြောသည်။

မင်းခန့် (မြစ်မခ)

Date: 
Tuesday, January 30, 2018