ရှစ်လေးလုံးသမိုင်းပြတိုက် ဖြစ်မြောက်ရေး ရန်ကုန်တိုင်းဝန်ကြီးချုပ် အားတက်သရောကူညီ

ရှစ်လေးလုံးသမိုင်းပြတိုက် မြေနေရာ ရရှိရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်း၌ ယာယီဖွင့်လှစ်ထား သည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့် လင်းလူ့အဖွဲ့အစည်း) ရှစ်လေးလုံးသမိုင်း ပြတိုက်သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း လာရောက်လေ့လာ၍ ပြတိုက် ဖြစ်မြောက်ရေးကော်မတီနှင့် ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြတိုက်တည်ဆောက်ရန်နေရာ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီတို့ပူးပေါင်း၍ နေရာရွေး ချယ်မှုများ အကြမ်းဖျင်းပြုလုပ်ထားရှိပြီး ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရရှိပါက ပြတိုက်ဖြစ် မြောက်ရေးကော်မတီသို့ လွှဲပြောင်းပေး အပ်သွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ဦးမင်းကိုနိုင်က ၀န်ကြီးချုပ်နှင့် တွေ့ဆုံမှုနှင့်ပတ်သက်ပြီး မီဒီယာများကို ပြောကြားရာတွင်ရန်ကုန်မြို့လယ်ကောင် ရှိ အဆောက်အအုံတစ်ခုခု၌ ယာယီ အဖြစ် ပထမအဆင့်ရရှိနိုင်ကြောင်း၊ မြေ နေရာရရှိပြီး အသစ်ဆောက်လုပ်နိုင်မှ သာ တစ်သက်လုံးအတွက် ခိုင်မြဲမှာဖြစ် သဖြင့် နှစ်ဆင့်တော့ သွားရလိမ့်မည်ထင် ကြောင်း ပြောသည်။ ရှစ်လေးလုံးသမိုင်း ပြတိုက်(ယာယီ)တာဝန်ခံဦးအောင်မော် က အောက်တိုဘာ ၂ ရက်တွင် ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ထံ စာပေးပို့ ခဲ့သဖြင့် ယခုဝန်ကြီးချုပ် လာရောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ပြတိုက်ဖြစ်မြောက်ရေး အတွက် ယခုဝန်ကြီးချုပ်အနေဖြင့် အား တက်သရောရှိပုံရပြီး ပေတစ်ရာပတ် လည်ခန့်ကျယ်ဝန်းသည့် မြေနေရာတစ်ခု ရရှိနိုင်ကြောင်း ပြောသည်။

 

ဇော်မြင့်

Date: 
Friday, November 24, 2017