သတင်းမီဒီယာစာတမ်းဖတ်ပွဲ နားထောင်သူနည်းပါးသော်လည်း စာနယ်ဇင်းဈေးရောင်းပွဲ စာပေချစ်သူများဖြင့် စည်ကား

Author: 
ဇော်မြင့်

မတ် ၁၈ ရက်နှင့် ၁၉ ရက် ရန်ကုန် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် သတင်းမီဒီယာစာတမ်းဖတ်ပွဲသို့တက် ရောက်နားထောင်သူနည်းပါးသော်လည်း မဟာဗန္ဓုလပန်းခြံရှေ့၌ ပြုလုပ်သည့် စာနယ်ဇင်းဈေးရောင်းပွဲတော်မှာမူစာပေ ချစ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရ သည်။

အခမ်းအနားကိုပြန်ကြားရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် က အဖွင့်မိန့်ခွန်းပြောကြား၍ ဖွင့်လှစ်ပေး  ခဲ့ပြီး မြို့တော်ဝန်ဒေါက်တာမောင်မောင် စိုး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့် ဟံသာဝတီဦးအုန်းကြိုင်တို့က နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြ သည်။

ပြည်ထောင်စုဝန်ကြီးက စာတမ်း ဖတ်ပွဲသည်သတင်းမီဒီယာကောင်စီဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူ ပြုစေမည့်လုပ်ငန်းစဉ်တစ်ရပ်ဟုမြင်ကြောင်း၊ သတင်းမီဒိယာကောင်စီအနေဖြင့် ပိုမိုပီ ပီသသဖော်ဆောင်ရင်းနောက်ထပ်စာတမ်း ဖတ်ပွဲများ ယခုထက်မကဆက်လက်ကျင်း  ပနိုင်ပါစေကြောင်း ပြောသည်။

“သတင်းစာသမိုင်းကို ဖြစ်ဖြစ်မြောက် မြောက်မှတ်တမ်းတင်ခဲ့တာမရှိခဲ့ပါဘူး။ ဒီနေ့ဖတ်ကြားမယ်စာတမ်းတွေဟာ ကျွန်တော်တို့ရဲ့ သမိုင်းပါ။ ဒီစာတမ်းဖတ် ပွဲကြီးကိုလည်း အနှစ်နှစ်အလလမျှော် လင့်ခဲ့ရာကနေဒီနေ့လုပ်နိုင်ခဲ့ပြီမို့လို့ဒါဟာ သမိုင်းတင်တဲ့နေ့ဖြစ်ခဲ့ပါပြီ”ဟု ဟံသာဝတီ ဦးအုန်းကြိုင်ကဆိုသည်။

စာနယ်ဇင်းဈေးရောင်းပွဲတော်ကို မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နှစ်ရက်တိုင်ကျင်းပခဲ့ရာစာဖတ်ပရိသတ် များ၏စိတ်ဝင်စားမှုကို တွေ့ရှိခဲ့ရပြီး စာတမ်းဖတ်ပွဲမှာမူဝင်ပေါက်ခြံတံခါးစေ့ ထားကာလုံခြုံရေးချထားသဖြင့် တက် ရောက်နားထောင်သူနည်းပါးခဲ့ရကြောင်း သိရသည်။     

             

ဇော်မြင့်

Date: 
Tuesday, March 21, 2017