သထုံမြို့မဈေးအဆင့်မြှင့်တင်မည့်ကိစ္စ မွန်ပြည်နယ်အစိုးရအနေဖြင့် လတ်တလောအခြေနေတွင် ဆောင်ရွက်ရန်မသင့်ဟုဆို

မွန်ပြည်နယ်၊ သထုံမြို့မဈေး အဆင့်မြှင့်တင်မည့်ကိစ်္စကို မွန်ပြည်နယ် အစိုးရအနေဖြင့် လတ်တလောအခြေ အနေတွင် ဆောင်ရွက်ရန်မသင့်သေး ကြောင်း  သထုံမြို့နယ်  မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကပြောဆိုလိုက်သည်။  မွန် ပြည်နယ်၊ သထုံမြို့ရှိအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရုံးတွင်သထုံမြို့နယ်မဲဆန္ဒ နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် သထုံဈေးသူ၊ ဈေးသားများတွေ့ဆုံပွဲ တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“ဈေးသူ၊ ဈေးသားတွေကကန့်ကွက် နေတဲ့အတွက် သူတို့သဘောထားတွေကို တော့ တင်ပြပေးသွားမယ်။ အန်တီတို့ ကတော့ ဈေးသူ၊ ဈေးသားတွရဲ့သဘော ထားကို အလေးထားရမှာပါ။ သဘော တရားအရပြောရရင်တော့ ဒီဈေးကိုလုပ် ဖို့မလိုဘူးလားဆိုတော့လိုတယ်။ ဒါပေမဲ့ အခုလောလာဆယ်လုပ်ရင်အဆင်မပြေ သေးတဲ့အခြေနေရှိနေတယ်။ မွန်ပြည် နယ်အစိုးရအဖွဲ့ကဒါကိုမဖြစ်မနေဆက် လုပ်မယ်ဆိုရင်အန်တီတို့ကတော့ ဈေးသူ၊ ဈေးသားတွေရဲ့သဘောထားအတိုင်းဆက် ရပ်တည်သွားမှာပါ”ဟုဒေါ်မာမာခိုင်က ပြောသည်။

လက်ရှိအခြေနေတွင် ဈေးသူ၊ ဈေး သားများအနေဖြစ်ကန့်ကွက်မှုများရှိနေ သလိုအရောင်းအ၀ယ်မကောင်းသဖြင့် စီးပွားရေးအခြေနေမှာအားရစရာကောင်း မွန်ခြင်းမရှိသောကြောင့် ဈေးအဆင့်မြှင့် တင်သည့်အချိန်ကာလတွင် ဈေးသူ၊ ဈေးသားများအတွက် အခက်ခဲများစွာ ပေါ်ပေါက်လာနိုင်ကြောင်း သိရသည်။ 

သထုံဈေးအားအဆင့်မြှင့်တင်ရန် အတွက်ီနလနူသစနမ များကိုပထမ အကြိမ်ခေါ်ယူစဉ်ကအဆိုပြုလွှာတင် မည့်နောက်ဆုံးရက်ရောက်သည်အထိ လာရောက်တင်ခြင်းမရှိသောကြောင့် နိုဝင်ဘာ ၂၀ ရက်အထိနောက်ဆုံးလာ ရောက်တင်ဒါတင်သွင်းရန်ဒုတိယအကြိမ် ရက်ထပ်တိုးကာခေါ်ယူထားကြောင်း သိရသည်။

“ကျွန်မတို့သဘာထားကတော့ ဈေးအဆင့်မြှင့်တဲ့ကိစ်္စကို ကန့်ကွက် သားပြီးထားပါ။ ပထမအကြိမ်အဆိုပြု လွှာခ်ါတယ်။ ဒုတိယအကြိမ်တင်ဒါထပ် ခေါ်တယ်။ ဘယ်လိုနည်းနဲ့မှ သဘော မတူပါဘူး။ ၀န်ကြီးချုပ်ကဈေးသူ၊ ဈေး သားကိုယ်စားလှယ် ၆၀ ကိုတွေ့ဖို့ခေါ် ထားတာရှိတယ်။ ဒါပေမဲ့ ကျွန်မတို့ သွားတွေ့မှာမဟုတ်ဘူး။ ဘာလို့ဆိုလူ အများကြီးသွားလို့လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ပြုပြီးမှဈေးသူ၊ ဈေးသား တွေက ခံစားချက်ကြောင့်ပြောဆိုမိရင် အမှားပါသွားရင်ရှေ့မှာလည်း အရေးယူ ခံထားရတာတွေရှိတော့ ကြောက်တယ်” ဟု သထုံမြို့မဈေးအတွင်းကော်ပစ်္စည်း များရောင်းချသူဒေါ်ခင်သန်းနွဲ့ကပြော သည်။

သထုံဈေးအဆင့်မြှင့်တင်မည့်ကိစ္စ အား ဈေးသူ၊ ဈေးသားများနှင့် ကြို တင်ညှိနှိုင်းဆောင်ရွက်မှုမရှိခြင်း၊ မူလ ရှိနေသည့် ဈေးဖျက်ရပါကဈေးသူ၊ ဈေးသားများစားဝတ်နေရေးအခြေနေ ခက်ခဲသွားမည်ကိုစိုးရိမ်နေခြင်း၊ ဈေး ဖျက်သိမ်းပြီပါကနောက်တွဲဆက်လက် လုပ်ဆောင်မည့်အခြေနေများနှင့် ပတ် သက်ပြီးဖြစ်ပေါ်လာမည့်အကျိုးဆက် ကြောင့် ဆိုးကျိုးများဖြစ်ပေါ်လာမည်ကို စိုးရမ်နေကြသည့်အတွက်ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။

 အောင်မြင့်ထွန်း (မြစ်မခ)

 

Date: 
Tuesday, October 30, 2018