သမိုင်းဝင် ကွေ့ချောင်းခံတပ်သို့ လာရောက်လေ့လာသူ ယခင်နှစ်ကထက် ပိုများလာ

ဧရာဝတီမြစ်ကြောင်းအကွေ့တွင် ခံတပ်တည်၍ နယ်ချဲ့ကျူးကျော်စစ်ကို ခု ခံခဲ့သည့်သူရဲကောင်းစစ်သည်တို့၏သမိုင်း သက်သေများတည်ရှိရာကွေ့ချောင်းခံ တပ်သို့လာရောက်လေ့လာကြသူများ ယခင်နှစ်ကထက်ပိုများလာကြောင်း မကွေးမြို့နယ်၊ ကွေ့ချောင်း (တောင်)ရွာ ဒေသခံများထံမှ သိရသည်။

“အရင်နှစ်တွေကလာကြတယ်ဆို ပေမယ့် ဒီနှစ်လောက်မများဘူး။ ဒီ နှစ်ထဲမှာ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် တွေဆိုတစ်ရက်လူ ၈၀ ၀န်းကျင်လောက် လာကြတယ်။ ကြားရက်တွေကတော့ ၃၀ ၀န်းကျင်လောက်လာတယ်။ မိသား စုလိုက်၊ အဖွဲ့လိုက်အပန်းဖြေလေ့လာတဲ့ သဘောပေါ့။ လူငယ်တွေကတော့ ဆိုင် ကယ်တွေနဲ့ အလာများတယ်”ဟု ကွေ့ ချောင်းခံတပ်မှ လုံခြုံရေးဝန်ထမ်းတစ် ဦးဖြစ်သူဦးဝင်းထိန်ကပြောသည်။

လူမှုကွန်ရက်များတွင်အမှတ်တရ ဓာတ်ပုံများတင်ကြရာမှအလည်အပတ် လာလိုသူ များလာခြင်းဖြစ်နိုင်ကြောင်း၊ မကွေးမြို့မှ  မိုင် ၂၀ ကျော်အကွာ၊ မကွေး-တောင်တွင်းကြီးကားလမ်း၊ ပဌန ဂိုရ်လမ်းခွဲ (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ မြန်မာ့ရေနံထွက်ပစ်္စည်းရောင်း ၀ယ်ရေးလုပ်ငန်းဆိုင်းဘုတ်ရှိရာ) သို့ ရောက်လျှင် ခံတပ်သို့ကားလမ်း (၇)မိုင် ခန့်ဝင်ရကြောင်း၊ ခံတပ်နားတွင် မည် သည့်စားသောက်ဆိုင်မျှမရှိ၍  ၃ဖာလုံ ခန့်ကွာရှိကွေ့ချောင်း(တောင်)ရွာသို့ ရေနှင့် အစားသောက်များလာဝယ်လေ့ ရှိကြောင်းဒေသခံများထံမှ သိရသည်။

“လမ်းခွဲကနေလာတော့ ငွေစမ်း ရောင်ဆိုတဲ့ရွာနားကဖြတ်ရတယ်။ ရွာရဲ့ လမ်းတစ်ဖက်မှာ ရေနံစမ်းသပ်ရှာဖွေ တဲ့ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရတယ်။ အဲဒီက နိုင်ငံခြားသားတွေ၊ ဧည့်သည် တွေလည်းလာကြတယ်လို့သိရပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အကြောင်းပြုပြီး စည်ကားလာရင်တော့ ခံတပ်ကြီးကိုလာ လည်တဲ့ သူတွေပိုများလာမယ်ထင်တယ်။ လမ်းကတော့ ကားနှစ်စီးလွတ်လွတ် လပ်လပ်ရှောင်မရဘူး။ ကတ်္တရာလမ်းဖြစ် ရင်တော့လာကြတဲ့ သူတွေပိုအဆင် ပြေမှာပါ”ဟု ရန်ကုန်မြို့မှလာရောက် လေ့လာသူကိုအောင်ဝေလင်းကပြော သည်။ ဧရာဝတီမြစ်အရှေ့ခြမ်းရှိ ကွေ့ ချောင်းခံတပ်ကို အလျား၂၇၅ ပေ၊ အနံ ၁၅၅ ပေ ၊ အမြင့် ၁၂ ပေ ၊ ထု ၄ ပေ အုတ်တံတိုင်းဖြင့် ကာရံတည်ဆောက် ထားပြီး အဆင့်သုံးဆင့်ရှိသောခံတပ်ကြီး တွင် ပထမအဆင့်ကိုသာလာရောက် လေ့လာသူများမြင်တွေ့ရမည်ဖြစ်သည်။ အဆင့်နှစ်ဆင့်မှာ မြေအောက်တွင်နစ် မြုပ်နေပြီးတံတိုင်း၏အရှေ့အနောက်နှင့် မြောက်အရပ်တို့တွင် သေနတ်ပစ်၍ခုခံ နိုင်ရန် အပေါက် ၁၅၉ ခုရှိကြောင်း၊ ဧရာဝတီမြစ်အနောက်ခြမ်းရှိမင်းလှခံ တပ်နှင့် ဓားလွယ်ခုတ်အနေအထားတွင် ရှိပြီး မကွေးမြို့မှရေမိုင် ၁၂ မိုင်အကွာ တွင်ရှိကြောင်းမှတ်တမ်းများအရ သိရ သည်။          

         စိန်မင်း(မကွေး)

Date: 
Tuesday, November 7, 2017