သီးနှံအထွက်နှုန်းကျဆင်းကာ ၀ယ်လျှင် ဈေးကြီးပြီး ရောင်းလျှင် ဈေးမရသည့် ဘ၀ရောက်နေဟု ကုလားပဲစိုက်တောင်သူများဆို

ယခုနှစ်ကုလားပဲရာသီတွင်အထွက် နှုန်းများကျဆင်းခဲ့ရုံသာမက ၀ယ်ယူသုံး စွဲခဲ့ရသည့်သွင်းအားစုမှန်သမျှဈေးကြီး  ပြီး သီးနှံပေါ်ချိန်ရောက်၍ တောင်သူ များရောင်းရမည့်အလှည့်ရောက်လျှင် ဈေးမရသည့်အခြေအနေမျိုးရင်ဆိုင် နေရကြောင်း မင်းဘူး-စကုမြို့နယ် ကုလားပဲစိုက်တောင်သူများထံမှ သိရ သည်။

“ပြာသိုလဆန်း ၆ရက်နေ့ကြဲတယ် ဗျာ။ သုံးဧကစိုက်တာကို တင်း ၇၀ ထွက် တယ်။ ပုံမှန်ဆိုရင် ၉၀လောက်ထွက် တာ။ အထွက်နှုန်းလည်းကျတယ်။ ဈေးနှုန်းကလည်း တစ်တင်းကိုတစ် သောင်းခုနစ်ထောင်တဲ့။ မနှစ်က တစ် တင်းကိုသုံးသောင်းကျော်ရောင်းရတယ် ဗျာ။ ခုနစ်ကအထွက်နှုန်းလည်းကျ။ ၀ယ် တာမှန်သမျှအကုန်ဈေးကြီး၊ ကိုယ်ရောင်း ရမယ့်အလှည့်ကျဈေးမရ။ ကျွန်တော် တို့ဘ၀ကအဲသလို” ဟု မင်းဘူး-စကုမြို့ နယ်၊ ကံသစ်ကျေးရွာနေ တောင်သူ ကိုကျော်ဌေးကပြောသည်။

ကုလားပဲမျိုး တစ်တင်း ၄၅၀၀၀ ကျပ်ပေးဝယ်ရပြီး တစ်ဧကအတွက် မျိုး ပြည် (၄၀) ၁၃၅၀၀၀ကျပ်၊ ထွန်စက်ဖြင့် ထွန်ယက်ခ ၂၀၀၀၀ကျပ်၊ ရိတ်သိမ်းချိန် အလုပ်သမားခ ၂၄၀၀၀ ကျပ် ၊ တလင်း နယ်လုပ်သားခ ၄၅၀၀ကျပ်၊ တလင်းနယ် ရန် ဂွန်ဒေါင်းစက်ငှားခတစ်နာရီ ၃၅၀၀ကျပ်နှုန်းဖြင့် ၂နာရီခွဲကြာငှားခ ၈၇၅၀ ကျပ်၊ ပဲတစ်တင်းလှေ့ခ ၁၀၀ကျပ်၊ သီးနှံပိုးသတ်ဆေးဖိုးသုံးကြိမ်ပက်ဖျန်းခ ၄၅၀၀၀ကျပ်၊ တစ်ဧကလျှင် ကျပ်နှစ် သိန်းခွဲခန့်အရင်းရှိကြောင်း ၎င်းင်းကရှင်း ပြသည်။

လုပ်ရတဲ့လေးလအတွင်း အရင်းက နှစ်သိန်းခွဲ။ ကိုယ့်လုပ်အားတွေ မပါ သေးဘူး။ ခုဈေးကတစ်တင်း ၁၇၀၀၀ ကျပ်ဆိုတော့ ပုံမှန်တစ်ဧကတင်း ၃၀ ထွက်တယ်ဆိုရင် ငါးသိန်းတစ်သောင်း ရတယ်။ လေးလလုပ်အမြတ်နှစ်သိန်းခွဲပေါ့။ ခုဟာက တစ်ဧက ၂၃တင်းပဲထွက်တော့ ရောင်းရင် သုံးသိန်းကိုးသောင်းရမယ်။ အမြတ်တစ်သိန်းလေးသောင်းပဲရမယ်။ ပြီးခဲ့တဲ့နှစ်ကလို ဈေးလေးကောင်းမယ် ဆိုရင်တော့ ပိုကျန်မှာပေါ့။ မျိုးဝယ်ကျဲ တဲ့ဈေးကတော့ လေးသောင်းခွဲ၊ မနှစ်က အတိုင်းပဲ။ အလုပ်သမားခက ပြီးခဲ့တဲ့ နှစ်က တစ်မနက်စာ ၁၅၀၀ ကျပ်ပေး ရတယ်။ ဒီနှစ်ကျ ၅၀၀တက်သွားတယ်။ ၂၀၀၀ ပေးရတယ်။ စက်မောင်းတဲ့ ဒီဇယ်ဈေးကလည်းတက်သွားတယ်။ ပြီး ခဲ့တဲ့နှစ်က ငွေ ၁၂၀၀၀ ဆိုရင် ဒီဇယ် ငါးဂါလန်တစ်ပုံးရတယ်ဗျာ။ ဒီနှစ် ၂၃၀၀၀ ထိ ဖြစ်သွားတယ်။ ပုလဲဓာတ်မြေသြဇာက ပြီးခဲ့တဲ့နှစ်က ၂၁၀၀၀ ကျပ်၊ ခုနှစ် ၂၆၀၀၀ ကျပ်ဖြစ်သွားတယ်။ မတက်တာ ဘာရှိသေးလို့တုန်း” ဟု ဒေသခံတောင် သူကိုကျော်ဌေးကဆိုသည်။

တောင်သူအတွက် သီးနှံဈေးမှာ အမြဲအောက်ကရောက်နေပြီး တောင်သူ ၀ယ်ရမည့်အသုံးအဆောင်ပစ်္စည်းဈေး မှာ အမြဲအပေါ်ကဖြစ်နေကြောင်း၊ အခြားဘာမျှမလုပ်တတ်၍ တောင်သူ လုပ်နေရသော်လည်း တောင်သူဘ၀မှာ လုပ်မောဖြစ်ကာ ဘာမျှအဖတ်မတင် ကြောင်း၊ ကျေးရွာတွင် လူလတ်ပိုင်းနှင့် လူကြီးပိုင်းသာကျန်ပြီး တောင်သူ လုပ်ငန်းအဆင်မပြေ၍ အခြားနယ်များ သို့သွားရောက်အလုပ်လုပ်ကိုင်မှုများ နေကြောင်း ကံသစ်ကျေးရွာမှတောင်သူ ဒေါ်သက်သက်ခိုင်ထံမှ သိရသည်။

စိန်မင်း(မကွေး)

 

Date: 
Monday, April 9, 2018