သရုပ်ဆောင်အောင်ရဲထွေးသေဆုံးမှုစစ်ဆေးရာတွင် လာဘ်ပေးသူကို အရေးမယူခြင်းမှာ အမှုအတွက်အကောင်းဆုံးသက်သေဖြစ်လာနိုင်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်ပြောဆို

သရုပ်ဆောင်အောင်ရဲထွေးသေဆုံး မှုစစ်ဆေးရာတွင် လာဘ်စားသည်ဟု ယူဆရသူများကို အရေးယူခဲ့သည့်ကိစ်္စ မှာ တရားရေးလောကအတွက် အဆိုးမှ အကောင်းဘက်ကို ပြောင်းလဲခြင်းဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် ဆန်းအောင်က ပြောဆိုလိုက်သည်။ 
အရေးယူခံရသည့် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်ဦးဟန်ထူး၏ ပိုင် ဆိုင်မှုများနှင့်ပတ်သက်၍လည်း  ဆက် လက်စစ်ဆေးအရေးယူရန် လိုအပ်နေ သေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ထပ်မံပြော ဆိုသည်။ 
““ပြစ်မှုပြစ်ဒဏ်ကတော့ ဥပဒေမှာ ပြဋ္ဌာန်းတဲ့အတိုင်းဖြစ်မှာပဲ၊ ဦးဟန်ထူးရဲ့ ပိုင်ဆိုင်မူနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့အ ထောက်အထားပြနိုင်၊ မပြနိုင်ပေါ်မူတည် ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအခန်း ၄ အရ ဆက်လက်အရေး ယူရန်လိုအပ်သေးတယ်လို့ ပြောချင်ပါ တယ်။  ဒီလိုဖြစ်လာတာ  တရားရေး လောကအတွက် အဆိုးကနေအကောင်း ဘက်ကို ပြောင်းလဲခြင်းပဲဖြစ်တယ်””ဟု ဦးရောဘတ်ဆန်းအောင်က ပြောသည်။
ဦးဟန်ထူး၏ ပိုင်ဆိုင်မှုများနှင့် ပက်သက်၍ ခိုင်လုံသည့် အထောက် အထားပြနိုင်၊ မပြနိုင်ပေါ်မူတည်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အခန်း ၄ အရ ဆက်လက်အရေးယူရန် လိုအပ်နေသေးကြောင်း ဦးရောဘတ် ဆန်းအောင်က ဆက်လက်ပြောဆိုသည်။
အောင်ရဲထွေးသေဆုံးရခြင်းကို ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး ဖြစ်စဉ်တွင်ပါဝင်သည့် သက်သေရှစ်ဦးကိုမစစ်ဆေးဘဲ အမှုပိတ် သိမ်းလိုက်ခြင်းသည် မှားယွင်းသည့် လုပ် ရပ်ဖြစ်ပြီး ၎င်းင်းတို့အား အရေးယူလိုက် ခြင်းသည် မှန်ကန်ကြောင်း၊ တရားစီရင် ရေးအတွက်လည်း သန့်စင်သွားမည်ဖြစ် ကြောင်း ၎င်းင်းက ဆက်ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ် တိုင်းတရားဥပဒေချုပ်ကို အရေးယူလိုက် ခြင်းသည် ဆိုးရွားနေသည့် တရားရေး မဏ္ဍိုင်ကို သန့်စင်သွားစေနိုင်သည်ဟု တရားရေးအသိုင်းအ၀ိုင်းက ယူဆနေကြ ကြောင်း သိရသည်။
လာဘ်ပေးလာဘ်ယူကိစ်္စတွင် လာဘ် ပေးသူကို အရေးယူရေး၊ မယူရေး ပြည်သူ့ လွှတ်တော်၌ ဆွေးနွေးမှုများရှိခဲ့သေးပြီး လာဘ်ပေးသူကို အရေးမယူခြင်းသည် အမှုအတွက် အကောင်းဆုံးသက်သေ ဖြစ်လာနိုင်ကြောင်း ဦးရောဘတ်ဆန်း အောင်ကပြောသည်။  ထွယ်ဆန်(မြစ်မခ)
 
Date: 
Tuesday, September 18, 2018