အချုပ်အခြာအာဏာမထိပါးဖို့ဆိုရင် ပြည်သူပူးပေါင်းပါဝင်ရလိမ့်မယ်

နိုင်ငံတော်၏ အချုပ်အခြာအာဏာ  မထိပါးစေလိုလျှင် ပြည်သူလူထုကိုယ် တိုင် ပူးပေါင်းပါဝင်ရလိမ့်မည်ဖြစ်ကြောင်း ခိုးဝင်ဘင်္ဂါလီများနှင့်ပတ်သက်၍ ရေနံ ချောင်းမြို့နယ် လ၀ကဦးစီးမှူးဦးစန်းနိုင် က ပြောသည်။
ခိုးဝင်ဘင်္ဂါလီများမှာ များသော အားဖြင့် စစ်ဆေးရေးဂိတ်များကိုရှောင် ပြီး တောလမ်းများသုံး၍ ဆိုင်ကယ် ကယ် ရီများဖြင့် သွားတတ်ကြောင်း၊ ကိုယ်ပိုက် ဆံရတာပဲဆိုပြီး ပို့တဲ့သူတွေကလည်း လိုက်မပို့ကြရန်လိုကြောင်း ၎င်းင်းက ပြော သည်။
““အဓိကကတော့ ဥပဒေအတိုင်း သွားရင် သွားလို့ရတယ်။ ခရီးသွားလက် မှတ်တွေဘာတွေ စစ်ဆေးပြီး ထုတ်ပေး ပါတယ်။ ဒါပေမဲ့ သူတို့က တရားဝင်ခွင့် ပြုချက်မယူဘဲနဲ့ ပြည်မကို ကျော်ဝင်လာ တာပေါ့။ အဲဒီမှာ အထက်မင်းလှတို့ဘာ တို့က လမ်းကြောင်းကျတယ်။ မင်းတုန်း ဆို ရခိုင်ရိုးမနဲ့ ဆက်စပ်နေတာဗျ။ တချို့ လမ်းကြောင်းတွေက ဂွ၊ ငသိုင်းချောင်း ဘက်ကိုထွက်တယ်။ များသောအားဖြင့် သူတို့ရဲ့ဦးတည်ချက်က ရန်ကုန်ကို ဦးတည် တယ်။ ဖမ်းမိတဲ့အခါ ရန်ကုန်မှာ တစ် ထောက်နားပြီး မြ၀တီကနေ ထိုင်းဘက် ထွက်ဖို့ပါဆိုတာမျိုးပြောတယ်။ တစ်ခါ တလေ အခြေအနေမဟန်လို့ နောက် ကြောင်းပြန်လှည့်တဲ့အခါကျမှ ကျွန် တော်တို့ဂိတ်တွေမှာ မိတယ်။ ကြိုတင် ကာကွယ်တဲ့အပိုင်းဆိုရင်တော့ ကျွန်တော် တို့မှာလည်း ၀န်ထမ်းအင်အားနည်းတယ်။ သူတို့ရဲ့ ၀င်လမ်းထွက်လမ်းတွေမှာတော့ ဂိတ်တွေထားပါတယ်။ သူတို့က ဒီဂိတ် တွေကို ရှောင်ပြီး ရှောင်ကွင်းလမ်းတွေ က သွားကြတယ်။ တောလမ်းတွေပေါ့။ ဆိုင်ကယ်ကယ်ရီတွေနဲ့ သွားတာပေါ့။ ခက်တာက ကိုယ်ပိုက်ဆံရတာပဲဆိုပြီး ပို့တဲ့သူတွေကလည်း လိုက်မပို့ကြဖို့လို တယ်။ အချုပ်အခြာအာဏာ မထိပါးဖို့ ဆိုရင်တော့ ပြည်သူတွေ ပူးပေါင်းပါဝင် ရလိမ့်မယ်””ဟု ၎င်းင်းကဆိုသည်။
ရေနံချောင်းမြို့နယ် လ၀က၌ ၀န် ထမ်း ၁၀ဦးသာရှိပြီး တစ်ဦးမှာ ဆေး ခွင့်ယူထားပြီး တစ်ဦးကို စုပေါင်းအင်အား အဖြစ် စစ်တွေသို့ပို့ထားရသဖြင့် ရှစ်ဦး သာ တာဝန်ထမ်းဆောင်နေကြောင်း သိရ သည်။                          ဇော်မြင့်
Date: 
Tuesday, May 29, 2018