အစိုးရတစ်ရပ်အနေနဲ့ အဆင့်မြင့် မင်္ဂလာဈေးကို ဘယ်လိုပြန်ဆောက်မယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောဖို့လိုအပ်နေပြီ

အစိုးရတစ်ရပ်အနေဖြင့် အဆင့်မြင့် မင်္ဂလာဈေးအား မည်ကဲ့သို့ ပြန်လည် ဆောက်လုပ်မည်ဆိုသည်ကို ပွင့်ပွင့်လင်း လင်း ပြောရန် လိုအပ်နေပြီဖြစ်ကြောင်း မင်္ဂလာဈေးမှ ဈေးသည်တစ်ဦးဖြစ်သည့် ဦးသန်းဌေးဝင်းက ပြောသည်။

မင်္ဂလာဈေး ပြန်လည်တည်ဆောက် ရေး အဖွဲ့နှင့် မင်္ဂလာဈေး ဈေးသူ၊ ဈေးသားများ တွေ့ဆုံပွဲကို မတ်လ ၉ ရက် မင်္ဂလာဈေး ဓမ်္မာရုံ၌ ကျင်းပခဲ့ပြီး အဆိုပါတွေ့ဆုံပွဲတွင် ၎င်းင်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။

““ဈေးသူ၊ ဈေးသားတွေရဲ့ ထိခိုက် နစ်နာမှုက အများကြီးပဲ၊ မီးလောင်သွား တဲ့သူတွေလည်း ထိခိုက်နစ်နာသလို၊ မီး မလောင်ဘဲနဲ့ ဆိုင်ခန်းဆုံးရှုံးသွားတဲ့သူ တွေလည်း နစ်နာပါတယ်။ လက်ရှိ သူတို့ ချပေးထားတဲ့ ယာယီဆိုတဲ့ဈေးကလည်း တော်တော်လေး ဒုက်္ခ၊ သုက်္ခနဲ့ နေနေရ တဲ့ အနေအထားမျိုး၊ ကျွန်တော်တို့ ဆိုရင်လည်း ယာယီဆိုင်ခန်းမှာ အဆင် မပြေတော့ ရွှေမင်္ဂလာဈေးမှာ ဆိုင်ခန်း ငှားပြီးတော့မှ ဖွင့်ရတဲ့ အနေအထား မျိုး။ အဲဒီတော့ တစ်နှစ်ကို ပေးရတဲ့ ဆိုင်ခန်း လခတွေကလည်း သိန်းရာနဲ့ချီပြီးတော့ ပေးနေရတာပေါ့။ ဒီပေါ်မှာ ဒုက်္ခတွေ အများကြီးပဲ။ ဒီဈေးကြီးကို အမြန်ဆုံး ဆောက်စေချင်တယ်။ အစိုးရတစ်ရပ် အနေနဲ့လည်း ဆောက်မယ်၊ မဆောက် ဘူး ဘယ်လိုလုပ်မယ်ဆိုတာကို ပွင့်ပွင့် လင်းလင်း ပြောသင့်တယ်လို့ တော့ ကျွန် တော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်နှစ်ကျော် နှစ်နှစ်ကာလကြီးတစ်ခုက အစိုးရတစ်ရပ်အနေနဲ့ ဘာတစ်ခုမှ ရေရာ သေချာတဲ့ အခြေမပေးနိုင်ဘူးဆိုရင် ဒီအစိုးရရဲ့လုပ်ဆောင်ချက်တွေကိုလည်း ကျွန်တော်တို့က နည်းနည်း ပြန်လည် ဆန်းစစ်ဖို့ လိုပြီထင်တယ်””ဟု ၎င်းင်းက ပြောသည်။

““ဒီဈေးကြီးက ကျွန်မတို့ မိသားစု တစ်ခုလုံးကို ကျွေးမွေးနေတဲ့ နေရာပါ။ အဲလိုပဲ ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ရဲ့ မိသားစုတွေရယ်၊ နောက် ၀န်ထမ်းတွေရဲ့ မိသားစုတွေရယ်အားထားရာနေရာလည်း ဖြစ်ပါတယ်။ အဲဒီတော့ အဲ့ဒီနေရာကို ကျွန်မတို့ အမြန်ဆုံး ပြန်ဆောက်ချင် တယ်။ အစိုးရက ဘတ်ဂျက်မရှိဘူး ဆိုရင်လည်း ကျွန်မတို့ နောက်ဆုံး ရှိတာ တွေကို ရောင်းချပြီးတော့ အမြန်ဆုံး ဆောက်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီထက် ဘ၀တွေ ထပ်မဆိုးစေချင်လို့။ ကျွန်မ တစ်ယောက်တည်းအတွက် ပြောတာမဟုတ်ပါဘူး။ တစ်ဈေးလုံး အတွက် ပြောတာပါ”” ဟု ဈေးသည် တစ်ဦးဖြစ်သူ မဒါလီမြင့်က ပြောသည်။

အဆင့်မြင့် မင်္ဂလာဈေး ပြန်လည် တည်ဆောက်ရေးအတွက် ဈေးသူ၊ ဈေးသားများ ၎င်းင်းတို့အား ဌာနဆိုင်ရာ အကြီးအကဲများ ခေါ်ယူတွေ့ဆုံညှိနှိုင်း မှုများ ဆောင်ရွက်ရန် ဆန်္ဒရှိနေကြ ကြောင်း၊ မင်္ဂလာဈေး ပြန်လည်တည် ဆောက်ရန်အတွက် စံမြတ်ထွန်းကုမ်္ပဏီ က တင်ဒါအောင်ထားသော်လည်း ကြန့် ကြာမှုများ ရှိနေကြောင်း၊ မင်္ဂလာဈေး အား အမြန်ဆုံး တည်ဆောက်နိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ချုပ်နှင့် မြို့တော်ဝန်ထံ တင်ပြဆွေးနွေး သွားမည်ဖြစ်ကြောင်း အဆင့်မြင့် မင်္ဂလာ ဈေး ပြန်လည်တည်ဆောက်ရေးနှင့် သာယာရေးအဖွဲ့ အထွေထွေ အတွင်း ရေးမှူး ဦးတင်ဝင်းက ပြောကြားခဲ့သည်။

အဆင့်မြင့် မင်္ဂလာဈေးကို ၁၉၉၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ခုနှစ် နှင့် ၂၀၁၆ ခုနှစ်များတွင် မီးလောင်ဆုံးရှုံး မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ဒုတိယ အကြိမ် လောင်ကျွမ်းမှုတွင် ဆိုင်ခန်း ပေါင်း ၁၆၃၆ ခန်း ဆုံးရှုံးခဲ့ပြီး ပြန်လည် တည်ထောင်ရန် ကြိုးစားနေသော်လည်း ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ကျော်ကိုကို

 

Date: 
Tuesday, March 13, 2018