အနာဂတ်လူငယ်များ၏ စိတ်ဓာတ်ခိုင်မာလာစေရန်နှင့် နိုင်ငံချစ်စိတ်များ တိုးပွားလာစေရန် စာပေများမှတစ်ဆင့် လူထုဒေါ်အမာတိုက်တွန်းခဲ့

မြန်မာ့စာပေလောကတွင် စာပေ သြဇာကြီးမားသည့် သတင်းစာဆရာမ ကြီး လူထုဒေါ်အမာ၏ ၁၀၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၃ ရက် Yangon Book Plaza တွင်ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနား တွင် ““အမေချစ်တဲ့ငြိမ်းချမ်းရေး”” ခေါင်း စဉ်ဖြင့် ဟောပြောဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူထုဒေါ်အမာသည် အနာဂတ် လူငယ်များ၏ စိတ်ဓာတ်ခိုင်မာလာစေရန် နှင့် နိုင်ငံချစ်စိတ်များ တိုးပွားလာစေရန် စာပေများမှတစ်ဆင့် လူငယ်များအား တိုက်တွန်းခဲ့ကြောင်း ကဗျာဆရာ မောင် သွေးသစ်က ပြောသည်။

““လူငယ်တွေ စာရိတ်္တမှန်ကန်ခိုင်မာ ဖို့၊ နောက်တစ်ခုက အမျိုးသားရေးခေါ် တဲ့ နိုင်ငံကိုချစ်စိတ်ရှိဖို့ ဒေါ်ဒေါ်က တိုက်တွန်းပါတယ်။ လူထုစာပေတိုက်ရဲ့ သြဇာဟာ မြန်မာစာပေလောကကြီးမှာ အင်မတန်ကြီးမားပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း လူထုစာပေတိုက်က ထုတ်ဝေတဲ့ ဦးလေးလှ၊ ဒေါ်အမာတို့ရဲ့ စာပေရဲ့လောင်းရိပ်ကနေပြီးတော့ ယနေ့ ထိ စာပေလောကမှာ ရပ်တည်နေတဲ့ အဖြစ်အပျက်ပါ။ ဆိုလိုချင်တာကတော့ မြန်မာစာပေလောကကြီးမှာ လူထုမောင်နှံ ဖြစ်ကြတဲ့ လူထုဦးလှရဲ့ လူထုဒေါ်အမာ တို့ရဲ့ စာပေကျေးဇူးဟာ အရင်တုန်းက လည်း ရှိခဲ့တယ်။ အခုလည်း ရှိခဲ့တယ်။ နောင်အနာဂတ်မျိုးဆက်မှာလည်း လူထု တိုက်က လူထုဒေါ်အမာနဲ့ လူထုဦးလှရဲ့ စာပေမျိုးဆက်ဟာ ဆက်ပြီး ရှင်သန်နေ မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါ တယ်””ဟု ၎င်းင်းက ပြောသည်။

““ဒေါ်ဒေါ်ဟာ ယုံကြည်ချက်တစ်ခု ပေါ်မှာ လျှောက်နေတဲ့သူဖြစ်ပြီး နာမည် နဲ့လိုက်အောင် စိတ်ဓာတ်မာကျောတယ်။ နောက်ထပ် အသစ်တစ်ရာမှာ တစ် ယောက်ပေါ်ထွန်းလာဖို့လည်း မလွယ်ပါ ဘူး။ ဒါဟာ ပါရမီနဲ့လည်း ဆိုင်သလို သူရဲ့စိတ်ဓာတ်ရင့်မာမှုနဲ့လည်းဆိုင်တယ်။ နောက်တစ်ချက်က သူ့ရဲ့ခေတ်ဖြတ်သန်း မှုပေါ့။ သူက အင်မတန်ကြမ်းတမ်းတဲ့ ခေတ်ကြီးကို ဖြတ်သန်းလာတဲ့အခါမှာ အဲဒီကြမ်းရှမှုတွေကနေ သူ့ကို မာကျော အောင် ထုဆစ်လိုက်တယ်လို့ ကျွန်မတို့ က ယူဆတယ်။ ဒေါ်ဒေါ်က သိပ်စိတ် မာတယ်။ မပျော့ညံ့ဘူး။ နာမည်နဲ့လိုက် အောင် မာကျောပါတယ်””ဟု စာရေး ဆရာမ မိချမ်းဝေက ပြောသည်။

လူထုဒေါ်အမာသည် ဘာသာပြန် စာအုပ်များ၊ ပညာပေးဆုံးမစာများ၊ ရသ စာပေများနှင့် နိုင်ငံရေးစာပေများအား ပြန်သူများဘက်မှ အမြဲရပ်တည် ရေးသား ခဲ့သူဖြစ်ကြောင်း သိရသည်။  ကျော်ကိုကို

Date: 
Tuesday, December 5, 2017