အဘ နိုင်ငံရေးကို စိတ်မ၀င်စား အမျိုးဘာသာသာသနာအတွက် ဆောင်ရွက်မည်ဟု ဦးခင်ညွန့်ပြော

ရွှေမှော်ဝန်းလူမှုယဉ်ကျေးကူညီရေးအဖွဲ့ သတ်္တမအကြိမ်မြောက်ကူညီစောင့် ရှောက်ရေးအခမ်းအနားကို ဇွန်လ ၃၀ ရက် နံနက် ၁၀ နာရီတွင် ကျောက်တန်း မြို့ (ရွှေမှော်ဝန်း) သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်သည်။ အခမ်းအနားတွင် ကျောက်တန်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများ အား ပူဇော်ကန်တော့အလှူငွေများ ထောက်ပံ့ခြင်း ၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင် နှစ်အတွင်းဒသမတန်းတွင် ထူးချွန်စွာအောင်မြင်ကြသောကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်း၊ ကျောက်တန်းမြို့နယ်အတွင်း ရှိ အခြေခံ ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၇)ကျောင်း၊ ပြင်ပ ပညာရေး ကျောင်း(၇)ကျောင်း၊ ယဉ်ကျေးလိမ်္မာသင်တန်း လေးခု၊ ကုသိုလ်ဖြစ်ဆေးခန်း ငါးခန်း၊ ဘိုးဘွားရိပ်သာနှင့် နာရေးကူညီရေးအသင်းတို့အား စာရေးကိရိယာနှင့် အလှူငွေများပံ့ပိုးပေးခြင်းတို့ကို ဆောင် ရွက်သည်။
အဆိုပါအခမ်းအနားသို့ အသင်းရာသက်ပန်နာယကကြီးဦးခင်ညွန့်နှင့် ဇနီး ဒေါက်တာဒေါ်ခင်ဝင်းရွှေတို့တက်ရောက်သည်။ အခမ်းအနားတွင် ဦးခင်ညွန့်က အမှာစကားပြောကြားသည်တွင် “အဘိုးအဘွားတို့ကို သက်ရှည်ကျန်းမာစွာတွေ့ ရ၍ ၀မ်းသာပါကြောင်း အသက် ၈၀ ကျော် ၉၀ ကျော်ထိ နေကြရသည်မှာ သီလ သမာဓိကောင်း၍ ဖြစ်ပါကြောင်း၊ ပူဇော်သင့်သည်ကို ပူဇော်ခြင်းဖြစ်၍ မင်္ဂလာတရားတော်နှင့်ညီပါကြောင်း ပြောသည်။ ဆက်လက်၍ ဦးခင်ညွန့်က ကျောင်းသူကျောင်းသားများအား “အဘ အသက် ၈၀ထဲ ရောက်တော့မည်ဖြစ် ကြောင်း၊ သားတို့သမီးတို့ရဲ့အဘအရွယ်ဖြစ်၍ အဘဟု ပြောရခြင်းဖြစ်ကြောင်း၊ အဘအနေဖြင့် နိုင်ငံရေးကိုစိတ်ဝင်စားခြင်းလည်းမရှိကြောင်း၊ လူမျိုးဘာသာ သာသနာအတွက် လုပ်သင့်သည်များကို လုပ်သွားမည်သာဖြစ်ကြောင်း၊ သားတို့ သမီးတို့ပညာကိုတတ်အောင်သင်၊ တော်အောင်လုပ်၊ ထူးချွန်စွာကြိုးစားကြစေလို ကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့လို ကြောင်း၊ ““မြန်မာအစ တကောင်းက”” ဆိုသည့် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော် ၃၀၀၀ ခန့်မှစ၍ ဖြစ်တည်ခဲ့သည့် မြန်မာလူမျိုး၊ မြန်မာ့လူ့အဖွဲ့အစည်း၊ မြန်မာ့လူ့ဘောင်၊ မြန်မာ့သမိုင်းဖြစ်ပေါ်တိုးတက်မှုအစဉ်ကို မျက်ခြည်မပြတ် လေ့လာကြပြီး အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း” ပြောကြားသွား သည်။ ယနေ့ အသက် ၈၅ နှစ်အထက် အဘိုးအဘွားအယောက် ၂၃၀၊ ဂုဏ်ထူး ရကျောင်းသားကျောင်းသူ ၂၃၄ ယောက်အပါအ၀င် လှူဒါန်းမှု အစုစုမှာ ငွေကျပ် သိန်း ၂၃၀ခန့်ရှိကြောင်း သိရသည်။               
 
                မောင်ကျော်
Date: 
Tuesday, July 3, 2018