အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်နှင့် ၀န်ကြီးများရုံးအတွင်းသို့ ပစ်္စည်းအမျိုးအစား ၈ မျိုး ယူဆောင်ခွင့်မပြု

ဇူလိုင် ၁၉ ရက်နေ့တွင်ကျရောက် မည့် (၇၁) နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်နှင့် ၀န်ကြီးများရုံး (အတွင်း ၀န်များရုံးဟောင်း) သို့ လုံခြုံရေးအရ ပစ်္စည်းအမျိုးအစား ၈ မျိုးယူဆောင်ခွင့် မပြုကြောင်း ၂၀၁၈ ခုနှစ် (၇၁) နှစ် မြောက် အာဇာနည်နေ့အခမ်းအနားလုံခြုံ  ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ကော်မတီက အသိပေးထားသည်။
အဆိုပါ နေရာများသို့ လာရောက် ဂါရ၀ပြုကြည်ရှုလေ့လာကြမည့်ပြည်သူ များအနေဖြင့် ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်း အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ လက်ကိုင် ဖုန်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ ဘူးအမျိုးမျိုး၊ အလံအမျိုးမျိုး၊ အလံကိုင် ဆောင်ရာတွင် အသုံးပြုသည့်တုတ်နှင့် သံပိုက်/ကော်ပိုက်များ၊ လက်ကိုင်အိတ် အမျိုးမျိုးတို့ ယူဆောင်လာခြင်းမပြုရန် အသိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြည်သူများအနေဖြင့် အဆိုပါနေရာ များသို့ဝင်ထွက်ရာလမ်းကြောင်းနှင့် ဂိတ် များ၌ လုံခြုံရေးအရရှာဖွေစစ်ဆေးမှုများ ကို ပူးပေါင်းကူညီသောအားဖြင့် ကြည်ဖြူ စွာအစစ်ဆေးခံပေးကြရန်နှင့် သတ်မှတ် လမ်းကြောင်းမှသာစည်းကမ်းတကျဝင် ရောက်ထွက်ခွာကြရန်လည်း မေတ်္တာရပ်ခံ ထားသည်။
(၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ အာဇာနည် ဗိမာန်၌ ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီ တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၁၈ ရက်ညနေ ၆ နာရီမှ ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီအထိ ဦးဝိစာရလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းဆုံရာမှ အနောက် ရွှေဂုံတိုင်လမ်းအတိုင်းလင့်လမ်းနှင့် ဆုံရာ အထိ၊ အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာ နည်လမ်းအတိုင်းရွှေတိဂုံဘုရားအရှေ့မုခ် စောင်းတန်းအထိ၊ အနောက်ရွှေဂုံတိုင် လမ်းမှ အာဇာနည်ဗိမာန်သို့တက်ရောက် ရာအုတ်လှေကားလမ်းနှင့် ကျောက်ဆည်  ဓမ်္မာရုံဘေးလမ်းကြားများကို ဖြတ်သန်း သွားလာမှုယာယီပိတ်ဆို့ထားမည်ဖြစ် ကြောင်း သိရသည်။ 
မောင်မင်းကြီးသား
Date: 
Tuesday, July 3, 2018