အထောက်အထားမပြည့်စုံ၍ နေရပ်ပြန်လာသူများ ထိုင်းနိုင်ငံ၌ အလုပ်ပြန်လုပ်ရန် ပတ်စ်ပို့လျှောက်ထားမှုများရှိနေ

Author: 
စိန်မင်း(မကွေး)

ရွှေ့ပြောင်းလုပ်သားများနှင့် သက် ဆိုင်သောထိုင်းနိုင်ငံ၏လူဝင်မှုကြီးကြပ် ရေးဆိုင်ရာစည်းကမ်းပိုင်းတင်းကျပ်မှုများ အရထိုင်းနိုင်ငံ၊ ဒေသအသီးသီးရှိမြန်မာ အလုပ်သမားများနေရပ်သို့ပြန်လည်ဝင် ရောက်မှုများရှိခဲ့ပြီးနောက်ပိုင်း မကွေး တိုင်းဒေသကြီးသို့ပြန်ရောက်လာသူများ မှာထိုင်း၌ အလုပ်ပြန်လုပ်ရန်မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ (မကွေး)၌ ပတ်စ်ပို့လျှောက်ထားရယူ မှုများရှိနေကြောင်းလာရောက်လျှောက် ထားသူဒေသခံများထံမှ သိရသည်။

“ထိုင်းနိုင်ငံမှာတစ်နှစ်နဲ့ခုနစ်လကြာ နေခဲ့တယ်။ အထောက်အထားမပြည့်စုံ တဲ့သူတွေအဖမ်းအဆီးတွေများလို့ပတ်စ် ပို့ပြန်လာလုပ်တာဗျ။ ဘယ်လိုမပြည့်စုံ တာလဲဆိုတော့ တချို့ကပတ်စ်ပို့တွေမရှိ ဘူး။ တချို့ကရှိတယ်။ ရှိတယ်ဆိုပေမယ့် လည်းစာရွက်စာတမ်းအထောက်အထား စစ်တော့ အလုပ်ရှင်နဲ့အလုပ်သမား မကိုက်ကြဘူးဖြစ်နေတယ်။ ကိုယ့်လုပ်ရ မယ့်အလုပ်ရှင်နာမည်နဲ့မတူဘူးဆိုရင် အဖမ်းအဆီးခံရတာပဲ။ ဒါတွေမဖြစ် အောင်အထောက်အထားတွေပြန်လာ လုပ်တာ”ဟု ဗန်ကောက်မြို့၌အလုပ် လုပ်ကိုင်ပြီး မြ၀တီဝင်ပေါက်မှပြန်လည် ၀င်ရောက်လာသူ ကိုမိုးအောင်ကပြော သည်။

Work Permit  ပြုလုပ်ရန် ထိုင်း သူဌေးကစာရွက်စာတမ်းအထောက်အထား စုံလင်စွာပေးလိုက်၍ မြန်မာနိုင်ငံတွင် PJ ပတ်စ်ပို့စာအုပ်လာလုပ်ခြင်းဖြစ်ကြောင်း၊ ထိုင်း၌နေထိုင်လုပ်ကိုင်မည့်သူများအနေ ဖြင့် အလုပ်ခေါ်စာရရှိရန်ဆောင်ရွက်ပေး သူ(သို့)အေးဂျင့်ကုမ်္ပဏီများအားကိုယ်လုပ် ရမည့်အလုပ်တွင်အလုပ်ရှင်အမည်နှင့် အလုပ်သမားအမည်ကိုက်ညီမှုရှိအောင် တောင်းဆိုရန်လိုအပ်ပြီး အလည်အပတ် ပတ်စ်ပို့များအစားအလုပ်အကိုင်ပတ်စ်ပို့ PJ  များ ကိုင်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းင်းမှဆိုသည်။

၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည့်မြန်မာနိုင်ငံကူးလက် မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ (မကွေး)က လျှောက်ထားလာသူများကို စိစစ်ပြီး၂၀၁၄ ခုနှစ်တွင် ၂၂၉၈ ဦး ၊၂၀၁၅ခုနှစ်တွင် ၃၀၂၀ ဦး ၊၂၀၁၆ခုနှစ်တွင် ၄၃၆၆ ဦး ၊ ၂၀၁၇ ခုနှစ် ဇွန်လကုန်ထိ ၂၉၀၀ ဦးအား နိုင်ငံကူးလက်မှတ်များထုတ်ပေးခဲ့ကြောင်း သိရသည်။

“ပြန်သွားမှာဗျ။ ကျွန်တော့်အလုပ် ကစတီးဂဟေဆော်ရတာ။ ဒီမှာလုပ်ရင် တစ်ရက်ငါးထောင်ပဲရတာ။ ထိုင်းမှာက တစ်ရက်ကို ဘတ် ၃၆၀လောက်ရတယ်။ မြန်မာငွေနဲ့ဆိုတစ်သောင်းခွဲလောက်ရှိ မှာပေါ့။ အချိန်ပိုကြေးနဲ့ဆို တစ်လ ၆ သိန်းလောက်ရတယ်။ စားစရိတ်နဲ့ ကိုယ်သုံးတာနုတ်ပြီးရင်တောင် အိမ်ကို လေးသိန်းလောက်ပြန်ပို့နိုင်တယ်။ ပြန်လာတဲ့ သူအများစုကတော့ ပြန်သွားကြမှာဗျ။ အထောက်အထားစုံအောင်ပြန်လာလုပ် ကြတာ”ဟု ကိုမိုးအောင်ကဆိုသည်။

အလည်အပတ် Passport of Visit  နိုင်ငံကူးလက်မှတ်လျှောက်ထားသူများမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ် ထောင်စုစာရင်းပါရှိရန်လိုအပ်ပြီး၊ အလုပ် အကိုင် Passport of Jop  နိုင်ငံကူး လက် မှတ်လျှောက်ထားသူများမှာအလုပ်ခေါ် စာနှင့် လေဘာကတ်များပူးတွဲယူဆောင် လာရန်လိုကြောင်း၊ ကုန်ကျစရိတ်မှာ စာအုပ်ဖိုး ၁၉၀၀၀ကျပ်၊အွန်လိုင်းဝန် ဆောင်ခ ၁၀၀၀ ကျပ်၊ ဓာတ်ပုံဖိုး ၂၀၀၀ ကျပ် ၊ ဆေးဖိုးမင်ဖိုးနှင့်ပြုပြင်ထိန်းသိမ်းခ ၁၀၀၀ကျပ်၊ လျှောက်လွှာပုံစံဖိုး ၂၀၀ ကျပ် ၊ စက်ပစ်္စည်းနှင့်ဝန်ဆောင်ခ ၁၈၀၀ ကျပ်၊ စုစုပေါင်း ၂၅၀၀၀ ကျပ် ကျသင့် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက် မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ(မကွေး)တာ ၀န်ရှိသူတစ်ဦးထံမှ သိရသည်။

အထောက်အထားပြည့်စုံသော လျှောက်ထားသူများအား သက်တမ်း ၅ နှစ်ရှိမြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ကို  ၁၀ ရက်ကြာတွင်ထုတ်ပေးမည်ဖြစ်ပြီး ရုံး မှတ်တမ်းများအရ၂၀၁၅-၂၀၁၆တွင် တောင်တွင်းကြီးနှင့်မြို့သစ်မြို့နယ်များမှ လျှောက်ထားမှုအများဆုံး ၊ ၂၀၁၆ နှစ်ကုန်ပိုင်းမှ ၂၀၁၇ခုနှစ်ထိ မင်းလှ၊ ငဖဲ၊ စေတုတ္တရာမြို့နယ်များမှလျှောက်ထား မှုအများဆုံးဖြစ်ကြောင်း သိရသည်။

စိန်မင်း(မကွေး)

Date: 
Tuesday, August 1, 2017