ဦးကိုနီအသတ်ခံရမှုနောက်ကွယ်မှာ ကြိုးကိုင်သူထပ်မံရှိမရှိသိနိုင်ရန် လွတ်မြောက်နေသော အောင်ဝင်းခိုင်ကိုဖမ်းမိရန် အရေးကြီးဟုဆို

Author: 
ဖြိုးအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးဦးကိုနီ အသတ်ခံရခြင်း နှင့်ပတ်သက်၍ ငွေပေးစေခိုင်းမှုတွင် ငွေ ကြေးထောက်ပံ့ခဲ့သည့် ဇေယျာဖြိုး အပါ အ၀င် ပါဝင်ပတ်သက်ခဲ့သူ အများစုကို  ဖမ်းဆီးရမိထားသော်လည်း နောက်ကွယ် တွင် ထပ်မံပါဝင်ပတ်သက်သူ ရှိမရှိကို သိရှိရန်အတွက် အောင်ဝင်းခိုင်ကို ဖမ်း ဆီးရမိရေးသည် အရေးကြီးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် အောင်ဝင်းခိုင်ဆိုသူကို ဖမ်းဆီးရမိရေးအတွက်  နိုင်ငံတကာ ရဲတပ်ဖွဲ့အပါအ၀င် အာဆီယံရဲတပ်ဖွဲ့ထံ ဓာတ်ပုံများ ဖြန့်ဝေထားကြောင်း သိရ သည်။

““အောင်ဝင်းခိုင် ဖမ်းဆီးရမိရေးက အရေးကြီးပါတယ်။ အောင်ဝင်းခိုင်ကို မမိမချင်း၊ အောင်ဝင်းခိုင်ကိုမိရင် ဘာ ဆက်လုပ်ရမလဲဆိုတာ စဉ်ဆက်မပြတ် လုပ်ရမယ်။ ဒါကြောင့် တချို့ဟာလေး တွေက မပြောနိုင်သေးလို့ မပြောနိုင်သေး တာ ဖြစ်ပါတယ်””ဟု ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးကျော်ဆွေက ပြောသည်။

အောင်ဝင်းဇော်၊  ကြည်လင်း၊ ဇေယျာဖြိုးတို့ကို ဖမ်းဆီးရမိထားသော် လည်း အောင်ဝင်းခိုင်ဆိုသူကို မဖမ်းမိ သေးသည့်အတွက် ဆက်စပ်တွေးခေါ်မှု အမြောက်အမြားရှိနေကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လူပုဂ္ဂိုလ် ၇၂ ဦး ကို ခေါ်ယူစစ်ဆေးမြန်းမှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။

““သူတို့နောက်ကွယ်မှာ ဘယ်သူက လုပ်ချင်နေတာလဲ။ တပ်မတော်နဲ့ပြည် သူကြား၊  တပ်မတော်နဲ့ အစိုးရကြား ပြဿနာဖြစ်စေချင်လို့လား။ ဒီလိုအချက် တွေ အများကြီးရှိပါတယ်။ ဒါကြောင့် ရပ်ထားလိုက်လို့တော့ မရပါဘူး””ဟု ပြည် ထဲရေးပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးကျော်ဆွေက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးဦးကိုနီ အသတ်ခံရခြင်း နှင့်ပတ်သက်၍ သတ်ဖြတ်ခဲ့သူ ကြည် လင်း(ခ)ဖိုးထူးဆိုသူကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂၊ အပါအ၀င် လ၀က ဥပဒေ၊ လက်နက်ပြစ်မှုများဖြင့်လည်း ကောင်း၊ ကြည်လင်းအား ဆက်သွယ် စေခိုင်းသူ အောင်ဝင်းဇော်ဆိုသူကို ရာဇ သတ်ကြီးဥပဒေ ပုဒ်မ ၃၀၂၊ ၁၉(ခ) ဖြင့် လည်းကောင်း၊ အဆိုပါဖြစ်ရပ်တွင် ငွေ ကြေးထောက်ပံ့ခဲ့သူ  ဇေယျာဖြိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂၊ ပုဒ်မ ၆၇၊ ၄၂၀၊ ၄၆၈ ဥပဒေတို့ဖြင့်လည်းကောင်း အမှုဖွင့်ထားကြောင်း သိရသည်။

ဖြိုးအောင်

Date: 
Tuesday, February 28, 2017