ဧရာဝတီတိုင်းဒေသကြီးအစိုးရက ရခိုင်ပြည်နယ် သစ်တုံးသားခွဆုံကျေးရွာ၌ လူနေအိမ် ၄၀ ကျော်ပြန်လည်ဆောက်လုပ်ပေးနေ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့အနီးမိုင် ၃၀ ကျော်အကွာရှိသစ်တုံးသားခွဆုံကျေး ရွာ၌ လူနေအိမ်အလုံး ၄၀ ကျော် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရ သည်။
“အိမ်ရာဆောက်လုပ်ရာမှာလည်း ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့် အလမ်းနဲ့ တစ်ဖက်တစ်လမ်းအဆင် ပြေစေဖို့ဒေသထွက် ပစ်္စည်းတွေကို အဓိကထားသုံးသွားမှာဖြစ်ပြီး ဒေသခံ တွေ အလုပ်အကိုင်ရရှိအောင်ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟုဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့လျှပ်စစ်၊စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန် ကြီးဦးဝင်းဌေးကပြောသည်။
အိမ်များဆောက်လုပ်ပြီးစီးရန် ပြည် သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွား ရေးလုပ်ငန်းရှင်များပါဝင်သည့်ကော်မတီ တစ်ရပ်ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပြီး နေအိမ်တစ်လုံးကို ကျပ်သိန်း ၇၀ နှင့် ကျပ်သိန်း ၈၀ ကြားကုန်ကျမည် ဖြစ်ပြီး ဆောက်လုပ်ချိန်လေးလနီးပါးကြာ မြင့်မည်ဖြစ်ကြောင်း သိရသည်။
အိမ်တွေအားလုံးတည်ဆောက် ပြီးစီးပါက မူလကျေးရွာသားများအပြင် အနီးရှိတောင်ပေါ်ကျေးရွာများဖြစ်သည့် ပန်းချောင်း၊ ခရုချောင်း မျောက်ခေါင်း တောင်အင်းချောင်း(အောက်ရွာ)စသည့် ကျေးရွာများမှ မြိုတိုင်းရင်းသားများကို ပြန်လည်နေရာချထားပေးသွားမည်ဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
“ရခိုင်ပြည်နယ်ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေ  လုပ်တဲ့အခါမှာ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဘယ်နေရာတွေမှာ ကူညီပေးရမလဲလို့ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ကို ကမ်းလှမ်းလိုက်တော့ မြိုတိုင်းရင်း သားကျေးရွာတစ်ရွာဖြစ်တဲ့ သစ်တုံးနားခွ ဆုံရွာကိုဆောက်လုပ်ပေးဖို့သတ်မှတ်ပေး လိုက်တာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်မန်းဂျော်နီကပြောသည်။ 
သစ်တုံးသားခွဆုံကျေးရွာသည် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတစ်စုဖြစ် သည့်မြိုတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်ပြီး သြဂုတ်လ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့်အကြမ်းဖက် မှုဖြစ်စဉ်များအတွင်း ဘင်္ဂါလီအကြမ်း ဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကိုခံခဲ့ရ သည့်ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရ သည်။     
       မျိုးမင်းထွန်း (မြစ်မခ)
 
Date: 
Tuesday, November 14, 2017