ကျောက်ဂူဆရာတော် နွားထိုးကြီးဆေးရုံ၌ ပျံလွန်တော်မူ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ပြင်စည်ရဲစခန်းအပိုင် မိုင်တိုင် ၃၁၀-၃/၄ ကြားအနက်ရောင် LEXUS ဆလွန်း ကားတစ်စီး 1P/7779  သည် အောက်တို ဘာလ ၈ ရက် နံနက် ၉ နာရီခွဲခန့်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသား တောင်စောင်းကိုဝင်တိုက်သဖြင့် ပြင်စည် အမြန်လမ်းရဲတပ်ဖွဲ့ကကူညီကြသည်။

ယာဉ်ပေါ်၌ ကျောက်ဂူဆရာ တော် (၆၈နှစ်) အပါအ၀င်အမျိုးသားလေး ဦးထိခိုက်ဒဏ်ရာရပြီး ကိုဆန်းကိုပုလဲမြို့  နေသူမှာ နေရာတွင် သေဆုံးခဲ့သည်။ကျောက်ဂူဆရာတော်မှာစိုးရိမ်ရဖြင့် နွား ထိုးကြီးဆေးရုံသို့ဒဏ်ရာရသူများဖြင့် ရောက်ရှိလာပြီးကုသရာတွင် ရရှိဒဏ် ရာဖြင့် ပျံလွန်တော်မူသည်။

ကျောက်ဂူဆရာတော်ကမ္မဌာနစရိ ယဘဒ္ဒန္တဣန္ဒာစရိယရုပ်ကလာပ်တော် အားမကွေးတိုင်းဂန့်ဂေါမြို့နယ် ကန်ခုနစ်၊ ရွာရေထွက်တောရကျောင်းသို့နွားထိုး ကြီးမှသယ်ဆောင်ကြရာတွင် မန်္တလေး။ပြင်ဦးလွင်၊ မြင်းခြံ၊ပခုက္ကူမြို့များမှ တပည့် ဒါယကာများ၊ဝေဠုကျော်ဖောင်ဒေးရှင်းမှ မင်းသားဝေဠုကျော်တို့က ဦးဆောင်၍ ယနေ့ညနေ ၄ နာရီခွဲတွင်ကား အစီး၂၀ ကျော်ဖြင့်ပင့်ဆောင်ကြကြောင်းသိရသည်။

ကျောက်ဂူဆရာတော်အားနွားထိုး ကြီးမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရ ဟိတအဖွဲ့များ၊ တပည့်ဒါယကာ၊ ဒါယိ ကာမများကလိုအပ်သည်များကိုကူညီ ဆောင်ရွက်ပေးကြကြောင်းသိရသည်။

ဌေးမြင့်မောင်

 

Date: 
Tuesday, October 23, 2018