ကျောက်ဖြူမြို့ ၌ ဦးဥတ္တမရုပ်တုထားရှိသည့်အောက်ခြေခုံနှင့် ပလ္လင်တည်ဆောင်မှု ၉၈ ရာခိုင်နှုန်းခန့်ပြီးစီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ် စည်ပင်သာယာရေးဦးစီး ဌာန၏ဘတ်ဂျက် ကျပ်၈၅သိန်း ဖြင့်တည်ဆောက်နေသည့်ဆရာ တော်ဦးဥတ္တမရုပ်တု၏အောက်ခြေ ခုံအ၀ိုင်းနှင့် ပလ္လင်တည်ဆောက် ခြင်းလုပ်ငန်းများ ၉၈ ရာခိုင်နှုန်း ခန့်ပြီးစီးနေပြီဖြစ်ကြောင်းကျောက် ဖြူမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ သိရသည်။

ဆရာတော် ဦးဥတ်္တမရုပ်တု အားအများပြည်သူများလာရောက် ဂါရ၀ပြု ဖူးမြော် ပူဇော်ခံနိုင်ရန် မြို့နယ်စည်ပင်သာယာရေးဦးစီး ဌာနက တာဝန်ယူကာ ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း စတင်တည်ဆောက်လာခဲ့ကြောင်း သိရသည်။

“ရုပ်တုမှလွဲပြီးရုပ်တုရဲ့အောက်ခြေအ၀ိုင်းဖောင်ဒေးရှင်းနဲ့ကျောက်ဆစ်အနုလက်ရာ တွေနဲ့ ပလ်္လင်လုပ်တာကအစ အကုန်စည်ပင်ဘတ်ဂျက်နဲ့လုပ်တာ ဖြစ်ပါတယ်။ အခု လက်ရှိမှာတော့ တည်ဆောက်မှုလုပ်ငန်းက ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီး ဆေးသုတ် ရမယ့်လုပ်ငန်းတစ်ခုပဲကျန်တော့ပါတယ်”ဟု ကျောက်ဖြူမြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဒေါ်နှင်းစန်္ဒာကျော် ပြောသည်။

ကျောက်ဖြူမြို့၌ ဆရာတော်ဦးတ္တမရုပ်တုတည်ထားပူဇော်နိုင်ရန်အတွက် ကြေး ပိဿာချိန်၂၅၀တန် အပါအ၀င် သွန်းလုပ်ခစုစုပေါင်းကျပ်သိန်း ၁၀၀ ဖြင့် မြောက်ဦးမြို့ ရှိကြေးသွင်း ပညာရှင်ထံတွင် သွန်းလုပ်ပြီး ၂၀၁၇ ခုနှစ်မေလအတွင်း ကျောက်ဖြူမြို့သို့ ပင့်ဆောင်ကာတည်ထားခြင်းဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေးကော်မတီမှသိရသည်။

“ဆရာတော်ဦးဥတ္တမကလွတ်လပ် ရေးအတွက် ဆောင်ရွက်ခဲ့တာကို မြန်မာ မှာမကဘဲအာရှမှာတောင်လွတ်လပ်ရေး အလင်းပြမျိုးစေ့ချပေးခဲ့တဲ့ ဆရာ တော်တစ် ပါးပါ။ ဆရာတော်ရဲ့လွတ်လပ် ရေးကြိုးပမ်းမှု စိတ်ထားနဲ့ ကျေးဇူးတရားကိုသိတတ်ပြီး ရခိုင့်နောင်လာ နောင်သားတွေ အမျိုးသားအာမာန်နိုး ကြားစွမ်းဆောင်လာနိုင်အောင် တည်ထားပူဇော်ရတာလည်းဖြစ်ပါတယ်”ဟု ဦးဥတ်္တမရုပ်တုဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးကိုအောင်စောသိန်းက ပြောသည်။

အဆိုပါရုပ်တုကို ကျောက်ဖြူမြို့အတွင်းရှိ ဦးဥတ္တမပန်းခြံ၌ထားရှိကြောင်း သိရ သည်။ ဆရာတော်ဦးဦးတ်္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်ရှေ့ ဆောင်လမ်းပြ မျိုးစေ့ချပေးခဲ့သည့် ရခိုင်တို့အလေးအမြတ်ထားရာ ရခိုင့်မျိုးချစ်အာဇာနည်ဆရာတော် တစ်ပါးဖြစ်ပြီး လွတ်လပ်ရေးတရားဟောကြားခြင်းကြောင့် ဗြိတိသျှအင်္ဂလိပ်အစိုးရမှ ၁၉၂၁ ခုနှစ်မှ ၁၉၂၅ ခုနှစ်အထိ ထောင်တွင်းအကျဉ်းချခြင်းကိုခံရပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် ပျံလွန်တော်မူခဲ့ကြောင်းသိရသည်။

အာရကန်ကိုကို (မြစ်မခ)

Date: 
Tuesday, October 31, 2017