ထောင်တံခါးတွေ ပိတ်ချင်တယ်ဆိုရင်တော့ ကျောင်းတံခါးတွေ ဖွင့်ဖို့လိုတယ်

Author: 
ဇော်မြင့်

ပညာရေးတံခါးတွေ ပိတ်ခြင်းသည် ထောင်တံခါးတွေ ဖွင့်ခြင်းနှင့်အတူတူဖြစ် ပြီးထောင်တံခါးတွေပိတ်ချင်လျှင်ကျောင်း တံခါးတွေဖွင့်ဖို့လိုကြောင်း စစ်ကိုင်းပညာ ရေးကောလိပ် ဒုတိယနှစ်ကျောင်းသား ကိုဇော်ရဲထွဋ်ကျောင်းထုတ်ခံရခြင်းနှင့် ပတ်သက်၍ ပြုလုပ်သည့်သတင်းစာရှင်း လင်းပွဲတွင်  ဒဂုံတက်္ကသိုလ်ဆရာများ သမဂ်္ဂမှ ဒေါက်တာအာကာမိုးသူက  ပြောကြားသည်။

ယင်းသတင်းစာရှင်းလင်းပွဲကိုဗကသ များအဖွဲ့ချုပ်၊ NNER နှင့် ဒဂုံတက်္ကသိုလ် ဆရာများသမဂ္ဂတို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကျောင်းထုတ်ခံရသူ ကိုဇော်ရဲထွဋ် ကိုယ်တိုင် ရှင်းလင်းပြောကြားခဲ့သည်။

““စာရွက်စာတမ်းမဝေရဘူး။ ဆန်္ဒ မပြရဘူး။ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင် ခွင့်တွေ၊ အခြေခံအချက်အလက်တွေချိုး ဖောက်ခံထားရလို့ ဆန်္ဒပြတာ။ ဒါနိုင်ငံ ရေးဆူပူတာမဟုတ်ပါဘူး။ခေတ်နဲ့မလျော် ညီတော့တဲ့  ကျောင်းစည်းကမ်းတွေကို ကန့်ကွက်ကြောင်း ဆန်္ဒထုတ်ဖော်တာပါ။ ကျွန်တော်တို့ကြောင့် လမ်းတွေ၊ ယာဉ် ကြောတွေလည်း  ပိတ်ဆို့မသွားပါဘူး။ ဒီလိုအသွင်ကူးပြောင်းနေတဲ့ကာလမှာ နိုင်ငံရေးဆူပူမှုနဲ့ ကျောင်းထုတ်တယ်ဆို တာ အင်မတန်ရုပ်ဆိုးလွန်းပါတယ်”” ဟု ကိုဇော်ရဲထွဋ်က ပြောသည်။

ကျောင်းသားများကို  နိုင်ငံရေး အကြောင်းပြချက်ကြောင့်ဖြစ်စေ၊ ခန်္ဓာ ကိုယ်မသန်စွမ်းမှုကြောင့်ဖြစ်စေ ပညာ သင်ကြားခွင့်ကို ပိတ်ပင်တားဆီးခြင်းများ မရှိသင့်တော့ကြောင်း၊ကျောင်းသားအားလုံး တန်းတူညီမျှပညာသင်ကြားခွင့်ရှိရမည် ဖြစ်ကြောင်း ဒေါက်တာအာကာမိုးသူက ပြောသည်။

““ကျွန်တော်တို့ ကျောင်းသားတွေကို နိုင်ငံရေးအကြောင်းပြချက်ကြောင့်ဖြစ်ဖြစ်  ပိတ်ပင်တားဆီးတဲ့ဟာမျိုးတွေ မရှိသင့် တော့ဘူး။ အားလုံးညီမျှ ပညာသင်ကြား ခွင့်ရှိရမယ်။ ကန့်သတ်မှု၊ ပိတ်ပင်မှုတွေ လုပ်မယ်ဆိုရင် ပညာရေးတံခါးတွေကို ပိတ်တာပဲ။  ပညာရေးတံခါးတွေ  ပိတ် တယ်ဆိုရင်လူဆိုးတွေပေါ်ထွန်းဖို့ထောင် တံခါးတွေဖွင့်တာနဲ့ အတူတူပဲ။ ထောင် တံခါးတွေပိတ်ချင်တယ်ဆိုရင်တော့ကျောင်း တံခါးတွေဖွင့်ဖို့လိုတယ်”” ဟု ၎င်းင်းက ဆို သည်။

NNER အတွင်းရေးမှူးအဖွဲ့ဝင် ကိုစိုး ထွန်းကလည်း ပြစ်ဒဏ်ချမှတ်ခံရပြီးသား ကျောင်းသားကို ကျောင်းထုတ်ခြင်းမှာ ပြစ်မှုတစ်ခုအတွက် ပြစ်ဒဏ်နှစ်ရပ်ကျခံ ရခြင်းပင်ဖြစ်ကြောင်း၊ လွတ်လပ်စွာပညာ သင်ကြားခွင့်နှင့်လူ့အခွင့်အရေးချိုးဖောက် ခံရခြင်းဖြစ်ကြောင်းပြောသည်။

ကိုဇော်ရဲထွဋ်သည် ပညာရေးကော လိပ်အတွင်း ကျောင်းသားအခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ပေးရန် ဧပြီ ၂၆ ရက်တွင်အဆင့်မြင့်ပညာဦးစီးဌာန(အထက် မြန်မာပြည်)ရုံးရှေ့၌ ကိုနှင်းအောင်၊ ကိုရဲမျိုးဆွေ၊ ကိုကောင်းဇော်ဟိန်းတို့နှင့် အတူဆန်္ဒထုတ်ဖော်ခဲ့သဖြင့် ထောင်ဒဏ် ချမှတ်ခံရပြီး မေ ၂၄ရက်တွင် နိုင်ငံတော် သမ်္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန် လည်လွတ်မြောက်လာခဲ့သည်။ 

  ဇော်မြင့်

Date: 
Tuesday, June 6, 2017