ရေဘေးသင့်ပြည်သူများအား နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ထောက်ပံ့ကူညီ

ပြည်သူ့ပါတီအမည်ဖြင့် ပါတီမှတ်ပုံ တင်လျှောက်ထားဆဲဖြစ်သည့်နိုင်ငံရေးပါတီ  ဖြစ်မြောက်ရေးကော်မတီ (ဗဟို) က ဘီးလင်းမြို့နယ်ရှိရေဘေးသင့်ပြည်သူများ အား စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

သြဂုတ် ၂ ရက်တွင် ပါတီဖြစ် မြောက်ရေးတာဝန်ခံဦးကိုကိုကြီးနှင့် ဗဟို ကော်မတီဝင်များသွားရောက်လှူဒါန်းခဲ့ ခြင်းဖြစ်ပြီး ယင်းဒေသတွင် ရေဘေးသင့်  ဒုက်္ခသည် ၇၀၀၀ ခန့်ရှိ၍ စာသင်ကျောင်း  များလည်း ယာယီပိတ်ထားရကြောင်း၊ အကူအညီများဆက်လက်လိုအပ်လျက် ရှိကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဗဟိုစည်းရုံးရေးတာဝန်ခံ(၂)ဦးကျော်လင်း ကပြောသည်။

“ကျွန်တော်တို့အရင်ဦးဆုံးဘီးလင်းမြို့ နယ်ရေဘေးကယ်ဆယ်ရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ ဒုက္ခသည်ပြည်သူ တွေလက်ထဲတိုက်ရိုက်ပေးအပ်လှူဒါန်းခဲ့ တာပါ။ ခေါက်ဆွဲခြောက်လိုစားစရာတွေ နဲ့ အ၀တ်အထည်တွေ၊စောင်တွေရှစ်သိန်း ကျော်ဖိုးလောက်တော့ရှိတယ်ဗျ။ အဲဒီမှာ တော့ အကူအညီတွေတော်တော်လိုအပ် နေတာတွေ့ရတယ်။ နိုင်ငံတော်အစိုးရ လည်း လုပ်တော့ လုပ်နေတာပေါ့ဗျာ။ ဒါပေမဲ့ လိုအပ်ချက်တွေက များလွန်းတော့ ကျွန်တော်တို့အားလုံးဝိုင်းဝန်းကူညီပေး ကြပါဦးလို့ပြောချင်တယ်”ဟု ဦးကျော်လင်း ကပြောသည်။

နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်  မတီအနေဖြင့် တရားဝင်ပါတီမှတ်ပုံတင် မကျသေးသော်လည်း ပြည်သူအများ ဘေးဒုက်္ခရောက်ချိန်တွင် အချိန်နှင့် တစ်ပြေးညီကူညီလျက်ရှိကြောင်း ၎င်းင်းက ဆက်လက်ပြောကြားသည်။

နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော် မတီသည် ပြည်သူ့ပါတီအမည်ဖြင့် ပါတီ မှတ်ပုံတင်ကျရန်စောင့်ဆိုင်းလျက်ရှိပြီး သြဂုတ်လ ဒုတိယပတ်ထဲမှတ်ပုံတင်ခွင့် ပြုမိန့်ကျရန်မျှော်လင့်ထားကြောင်း သိရ သည်။                  ဇော်မြင့်

 

Date: 
Tuesday, August 7, 2018