ရေကြည်မြို့နှင့် ငသိုင်းချောင်းမြို့ အ၀င်ဘီးခွန်ဂိတ်များ မြို့အ၀င်နေရာသို့ ပြောင်းရွှေ့ကောက်ခံ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကောက်ခံလျက်ရှိသည့်ရေကြည်မြို့ဝင် ဘီးခွန်နှင့် ငသိုင်းချောင်းမြို့ဝင် ဘီးခွန် ဂိတ်များကို ပုသိမ်-မုံရွာ အဝေးပြေး ကားလမ်းပေါ်၌ ကောက်ခံလျက်ရှိရာ မတ်လ ၁ ရက်မှစ၍ မြို့အ၀င်နေရာ သို့ ပြောင်းရွှေ့ ကောက်ခံနေကြောင်း သိရ သည်။
ပြောင်းရွှေ့ကောက်ခံရသည့်အတွက် အခွန်ငွေလျော့ခဲ့သဖြင့် ပြန်လည်ဖြည့် ဆည်းရန် အခက်တွေ့နေကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောသည်။
“ရေကြည်နဲ့ ငသိုင်းချောင်းဂိတ်တွေ ကိုမတ်လအကုန်မှာစရပ်ဆိုင်းဖို့ကက်ဘိ နက်အစည်းအဝေးကဆုံးဖြတ်တာပါ။ ဒါပေမဲ့ အဲဒီနှစ်ဂိတ်က၀င်ငွေတွေက ရေကြည်မြို့နယ်ကစည်ပင်ဝန်ထမ်းတွေ ရဲ့လစာနဲ့ အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်တွေ အားလုံးပေးနိုင်လောက်တဲ့ အထိရနေတော့ အဲဒီငွေတွေကိုဘယ်က ပြန်ရနိုင်မလဲဆိုတာ အခက်အခဲရှိနေ တယ်။ စည်ပင်သာယာရေးအဖွဲ့ဆိုတာ လည်းကိုယ်ရှာရတဲ့ ပိုက်ဆံကိုလစာတွေ၊ ပင်စင်တွေနဲ့ မြို့ရွာတွေ ဖွံ့ဖြိုးတိုးတက် အောင်ကိုယ်တိုင်ပဲပြန်သုံးစွဲရတဲ့ဌာန တစ်ခုပါ” ဟုဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့် ကပြောသည်။ 
ပြောင်းရွှေ့ခဲ့ရသည့်ရေကြည်မြို့ အ၀င်ဘီးခွန်လေလံကြေးမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကကျပ်သိန်း ၃၃၀ အခွန်ငွေရရှိခဲ့သော်လည်းလက်ရှိ ၆ လ ပတ်လေလံကြေးမှာကျပ်သိန်း  ၃၀ သာ ရရှိခဲ့ပြီးငါးသိုင်းချောင်းမြို့ အ၀င်ဘီးခွန် သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကကျပ် သိန်း ၂၃၇ဒသမ၁ သိန်းရရှိခဲ့ရာလက်ရှိ ၆ လပတ်လေလံကြေးမှာကျပ်သိန်း ၄၀ သာရရှိတော့ကြောင်းရေကြည်မြို့နယ် စည်ပင်သာယာရေးကော်မတီမှသိရသည်။ 
“ဌာနကအခွန်ငွေလျော့ရတယ် ဆိုပေမယ့် အဲ့ဒီဂိတ်တွေကမဆီမဆိုင် မြို့ပြင်ထွက်ပြီး မြို့တွေထဲမ၀င်တဲ့ ယာဉ် တွေကို မြို့ပြင်ထွက်ကောက်နေတာလေ။ ပြေစာချလန်လည်းမပေးဘူး။ နောက်ပြီး ဆိုင်ကယ်တွေလည်း မချန်ကောက်တာ။ အမှန်ဆိုမြို့အ၀င်ဘီခွန်စည်းကမ်းထဲမှာ ကိုကဆိုင်ကယ်တွေကိုအတင်းအကျပ်မ ကောက်ဖို့ပါတယ်လေ” ဟုပုသိမ်မြို့ခံ ယာဉ်မောင်းဦးလှရွှေကပြောသည်။
ပြောင်းလဲကောက်ခံနေသည့်ဂိတ် များကို ရေကြည်မြို့နယ်စည်ပင်သာ ယာရေးကော်မတီမှ သတ်မှတ်ထားသည့် ကောက်ခံရမည့်နှုန်းထားများမှာ၁၂ဘီးနှင့် အထက်ယာဉ်တစ်စီးလျှင် ၁၁၀၀ကျပ်၊ ၅ တန်အထက် ၈ဘီး ၁၀ဘီး တစ်စီးလျှင် ၉၀၀ကျပ်၊ ၅တန်အထက်၆ ဘီး၇၀၀ကျပ်၊ ၃ တန်မှ ၅တန်အထိ ၅၀၀ကျပ်၊ ၁တန်မှ ၃တန်အထိ ၃၀၀ ကျပ်၊ ၁ တန်အောက် ကား ၃၀၀ကျပ်၊ ထော်လာဂျီ ၃၀၀ကျပ်၊ သုံးဘီးဆိုင် ကယ် ၂၀၀ ကျပ်၊ ဆိုင်ကယ် ၁၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။ 
မျိုးမင်းထွန်း (မြစ်မခ)
Date: 
Tuesday, April 3, 2018