ရွှေစက်တော်ဘုရားမှမိုးခိုဈေးသည်များ ဘုရားရိပ်ခိုရောင်းချခွင့်ပြုရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံအသနားခံသွားမည်

မန်းရွှေစက်တော်ဘုရားပွဲတော်ကာလ အပြီး နှစ်ပေါင်းများစွာမိုးတွင်းခိုရောင်း ချလာခဲ့သော မိုးခိုဈေးသည်များအား စည်းကမ်းပိုင်းဆိုင်ရာအားနည်းချက်များ ကြောင့် မေလ ၁၂ ရက်ညနေပိုင်းတွင် အပြီးဖယ်ရှားပေးရန် ရွှေစက်တော်ဂေါပ ကအဖွဲ့ကအမိန့်ကြေညာချက်ထုတ်ပြန် လိုက်ပြီးနောက်ပိုင်းဈေးသည်များကဘုရား အရိပ်အာဝါသခို၍ ရောင်းချခွင့်ပြုရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုထံအသနားခံစာတင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

“ပွဲတော်ကာလပြီးတိုင်းစားဝတ်နေ ရေးအရ ဘုရားအရိပ်ခိုရင်းဈေးရောင်း လာတာဆယ်နှစ်လောက်ရှိပါပြီ။ ဘယ် သူမှလည်း ထူးပြီးချမ်းသာလာတဲ့ သူမရှိ ပါဘူး။ စားဖြစ်နေဖြစ်ရုံလေးပါ။ အခု ဂေါပကကနှင်နေပါပြီ။ သတ်မှတ်တဲ့စည်း ကမ်းတွေလည်းလိုက်နာပါ့မယ်။ အခွန် လည်း တတ်စွမ်းသ၍ဆောင်ပါ့မယ်။ ဘုရားနားကနမ်္မဒါစာသင်ကျောင်းမှာ ဈေးသည်တွေရဲ့ကလေးတွေ ကျောင်း တက်နေကြတာလည်းအများကြီးပါ။ ခက်ခဲကုန်ကြပါပြီ။ ပြည်သူတင်တဲ့ ၀န်ကြီးချုပ်ကြီးဆီအသနားခံဖို့နားလည် တဲ့ဈေးသည်တွေက ဦးဆောင်စီစဉ်နေပါ တယ်။ ကျွန်မတို့ကတော့ အသနားခံ လက်မှတ်ထိုးမှာပါ”ဟု မိုးခိုဈေးသည်တစ် ဦးကပြောသည်။

ပွဲတော်ကျင်းပနေစဉ်ကာလတစ် ၀က်ခန့်ကတည်းက ယခုနှစ်တွင်မိုးခိုဈေး သည်များထားမည်မဟုတ်ကြောင်း အသိ ပေးထားပြီးဖြစ်ကာပွဲတော်မပြီး ခင်နှစ် ပတ်၊ သုံးပတ်အလိုကလည်း အသံချဲ့ စက်ဖြင့်ကြေညာထားခဲ့ကြောင်း ဂေါပက အဖွဲ့မှ သိရသည်။

“ပြီးခဲ့တဲ့နှစ်က ဒီတစ်နှစ်တော့ ဆိုး သည်ဖြစ်စေကောင်းသည်ဖြစ်စေ ကျွန်တော်တာဝန်ခံပါတယ်ဆိုပြီးထားခဲ့ တာဆိုင်၄၀ ကျော်လောက်ရှိပါတယ်။ သူတို့ကမျှစ်တွေချိုးတယ်။ မျှစ်တွေကို ရင်ပြင်တော်ပေါ်အထိလှမ်းတယ်။ ၈ မိုင် လမ်းဘက်ကလာတဲ့အခါကျတော့လည်း မျောတိုင်တွေ ခုတ်သယ်နေတာတွေ၊ မီးသွေးဖုတ်နေတာတွေတွေ့ကြရတယ်။ သူတို့စည်းကမ်းလိုက်နာမှုအားနည်း တော့ ဘုရားကြီးရဲ့သန့်ရှင်းသပ်ရပ်မှုကို လည်းထိခိုက်စေတာကြောင့် ဖယ်ရှားခိုင်း ရခြင်းဖြစ်ပါတယ်”ဟု ဂေါပကဥက်္ကဋ္ဌ ဦးသိန်းလှိုင်ကမီဒီယာများနှင့်တွေ့ဆုံစဉ် ရှင်းပြသည်။

၂၀၀၈ ခုနှစ် ဂေါပကဥက်္ကဋ္ဌ ဦးမြင့်သူရလက်ထက်တွင်လည်း မိုးခိုဈေး သည်များအားနှင်ခဲ့ဖူးပြီး ပြန်ဖို့အိမ်မရှိ ကြဟုဆိုကြ၍ ဘုရားရွာ၌ အိမ်ဝိုင်းနေ ရာ (၃၇)ကွက်ချပေးခဲ့ကြောင်း၊  တစ်နှစ်၊ နှစ်နှစ်ခန့်သာရှင်းလင်းသွားခဲ့ပြီး ချပေး ထားသည့်ဝိုင်းကွက်များအားရောင်းကာ မိုးခိုဈေးသည်များအဖြစ်ပြန်လည်ရောက် ရှိလာခဲ့ကြောင်း ဂေါပကဥကဋ္ဌဦးသိန်း လှိုင်ကဖြစ်ပျက်ဖူးသည့်အခြေအနေတစ် ခုအားပြောပြသည်။

“လှေတင်တံတားကြီးရှိနေပြီ။ ပွဲ တော်ကာလမဟုတ်လည်း အချိန်မရွေး ရွှေစက်တော်ကို သွားဖူးခွင့်ရနေပြီဆိုလို့ လာခဲ့ကြတာပါ။ အိမ်ကနေချက်ပြုတ်ပြီး ယူလာမိခဲ့ကြပေမယ့် ဒီရောက်တော့ ရေ မိုးချိုး၊ ဘုရားဖူးပြီး ထမင်းစားကြတော့ စားကောင်းကြတာနဲ့ ထမင်းကမလောက် တော့ဘူး။ ၀ယ်စရာဆိုင်ကလည်းမရှိ တော့ ဝေမျှပြီးပဲ စားလိုက်ရတယ်”ဟု ပြည်မြို့ကိုးသောင်းကြီးရပ်ကွက်မှ မိသား စု ၁၀ ဦးနှင့်အတူဘုရားဖူးလာရောက် သူ ဦးလှမြင့်ကပြောသည်။

ဘုရားဖူးပြည်သူများအဆင်ပြေစွာ တည်းခိုစားသောက်နိုင်ရေးအတွက် အဆင့်မီစားသောက်ဆိုင်များ၊ အမှတ် တရပစ်္စည်းဆိုင်များ၊ တည်းခိုဆောင်များ တင်ဒါခေါ်ယူချထားပေးသွားမည်ဖြစ် ကြောင်း၊ ဂေါပကအဖွဲ့ထံမှသိရပြီး မိုးခို ဈေးသည်များကလည်း ၎င်းင်းတို့၏ အသ နားခံမှုအပေါ်ဝန်ကြီးချုပ်ကမည်သို့မှတ် ချက်ပြုဖြေရှင်းပေးမည်ကိုအားကိုးတကြီး မျှော်လင့်နေမိပါကြောင်း မီဒီယာများသို့ ပြောကြားသည်။        စိန်မင်း(မကွေး)

 

Date: 
Tuesday, May 15, 2018