မြောက်ဦးမြို့ ပဋိပက္ခဖြစ်စဉ်အတွင်း သေဆုံးခဲ့သူများ၏ မိသားစုဝင်များအတွက် ဒေသတွင်းအလှူငွေများ ကောက်ခံကာ ကူညီပေးနေ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ဖြစ်ပွားခဲ့သည့်ပဋိပက္ခအတွင်းသေဆုံး သွားသူများအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထောက်ပံ့ငွေများအား ကျန်ရစ်သူမိသားစုဝင်များကလက်မခံ ခြင်းကြောင့် ဒေသတွင်းအလှူငွေများ ကောက်ခံကာထောက်ပံ့ပေးရန် စီစဉ်နေ ကြကြောင်း ဒေသခံများထံမှ သိရသည်။

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ထောက် ပံ့ငွေများအား ဇန်န၀ါရီလ ၁၈ ရက်တွင် သေဆုံးသူတစ်ဦးစီအတွက်ကျပ် ငါး သိန်းစီလာရောက်ပေးအပ်ခဲ့သော်လည်း ကျန်ရစ်သူမိသားစုများက လက်မခံခဲ့ ကြောင်း သိရသည်။

“မောင်တောပြဿနာ၊ ရေဘေး၊ မီးဘေး၊ စစ်ဘေးစတဲ့ ကိစ်္စတွေမှာလည်း ကိုယ့်ထူကိုယ့်ထပဲအလှူငွေတွေကောက် ခံပြီး ရပ်တည်လာကြတာများပါတယ်။ အစိုးရကိုအားကိုးတာထက်ကိုယ်ထူ ကိုယ်ထပဲအားပေးကူညီကြတာများ တယ်။ အခုလည်းမြောက်ဦးကကျန်ရစ် သူမိသားစုတွေကို ထောက်ပံ့ငွေပေးနိုင် အောင်မြို့နယ်တိုင်းလိုလိုအလှူငွေ ကောက်ခံနေကြတယ်။ သူတို့တွေ အတွက် တစ်စုံတစ်ခုအထောက်အပံ့ ရအောင်စာနာနားလည်မှုနဲ့ လုပ်ပေးနေ ကြတာပါ။ မင်းပြားမြို့နယ်မှာတော့ လောလောဆယ် ငွေ ၁၂သိန်း ကောက် ခံရရှိထားပါပြီ” ဟု မင်းပြားမြို့နယ်၊ ရခိုင်အမျိုးသားပါတီမှ ပြန်ကြားရေးမှူး ဦးသိန်းဇံ ကပြောသည်။

မြောက်ဦးမြို့ ပဋိပက်္ခဖြစ်စဉ်တွင် လူ ခုနစ်ဦးသေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ခြင်းအပေါ်မြောက်ဦး ရဲတပ်ဖွဲ့၏ကိုင်တွယ်ဖြေရှင်းပုံမှားယွင်းနေ ကြောင်း ဒေသခံများကသုံးသပ်နေကြပြီး ရဲတပ်ဖွဲ့ဝင်များ၏ဆောင်ရွက်ချက်များ သည်လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုရှိ၊ မရှိခုံရုံးဖွဲ့စုံစမ်းစစ်ဆေးသွားမည်ဟု နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ထား သည်။

“ဘယ်သူ့ဆီက ပေးမှန်းမသိတော့ ကျွန်မတို့ယူထားလိုက်မိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အစိုးရဆီကပေးတာလို့ ကျွန်မတို့သိရတော့ အစိုးရကပေးတာ ဆိုရင်လုံးဝမလိုချင်ဘူး။ ပြန်ပေးလိုက် တယ်”ဟုသေဆုံးသွားသူကိုကျော်နိုင်ဝင်း ၏အစ်မ မလှမေသန်းကပြော သည်။

မြောက်ဦးဖြစ်စဉ်တွင် သေဆုံးသူ၊ ဒဏ်ရာ ရရှိသူများ၏ မိသားစုများအား ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီ များ၊  လူမှုရေး အဖွဲ့အစည်းများနှင့် စေတ နာရှင်များက အလှူငွေများပေးအပ် ထောက်ပံ့ ပေးနေကြကြောင်း သိရ သည်။

ပန်လှအောင် (မြစ်မခ)

Date: 
Tuesday, January 23, 2018