ပြင်သစ်-မြန်မာချစ်ကြည်ရေးပွဲတော် ဝေဖန်မှုများဖြင့် အဆုံးသတ်

ဒီဇင်ဘာ ၂ ရက်မှ ဒီဇင်ဘာ ၄ ရက် ည ၉ နာရီအထိ ရန်ကုန်မြို့လမ်း မကြီးများပေါ်နှင့် ပြည်သူ့ဥယျာဉ်တို့တွင် စီတန်းလှည့်လည်ကျင်းပခဲ့သည့်ပြင်သစ် -မြန်မာ ၅၅ နှစ်မြောက်ချစ်ကြည်ရေး အထိမ်းအမှတ် “မင်္ဂလာပါပွဲတော်” ကို ဒီဇင်ဘာ ၄ ရက် ည ၉ နာရီတွင် ပြည်သူ့ရင်ပြင်၌အဆုံးသတ်ခဲ့ရာ ရန်ကုန် မြို့သူမြို့သားများအကြားဝေဖန်မှုများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံမှ  လက်မှုပညာရှင် Benoit Mousserion  ၏ ကြိမ်ဝါးဖြင့် ရက်လုပ်ထားသည့် ၂၄ ပေအမြင့်ရှိရုပ် သေးရုပ်ကြီးနှစ်ရုပ်သည်ဒီဇင်ဘာ ၂ ရက် တွင် ဗိုလ်တထောင်ဆိပ်ကမ်းသို့ ဆိုက် ရောက်လာပြီး မဟာဗန်္ဓုလပန်းခြံ၊ မဟာ ဗန်္ဓုလလမ်းတစ်လျောက်နှင့် ၀ါးတန်းဆိပ် ကမ်း၊ မြေနီကုန်းပြည်သူ့ရင်ပြင်တို့တွင် ၃ ရက်တိုင်အောင်စီတန်းလှည့်လည်ကာ ကျင်းပခဲ့သဖြင့် လမ်းပိတ်ဆို့မှုများဖြစ် ပေါ်ကာရန်ကုန်မြို့သူမြို့သားအချို့က ဝေဖန်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်နေတာရွှေဂုံတိုင်မှာပါ။ မြို့ထဲကိုအလုပ်ဆင်းဖို့ဆယ့်ငါးမိနစ်အတွင်း ရောက်တယ်။ ဒီရက်ထဲမတော့ နာရီဝက် ကျော်အောင် စီးရတယ်။ ဒီမင်္ဂလာပါပွဲ တော်ကြီးလုပ်နေလို့လမ်းတွေပြောင်းထား တာလေ။ ကျွန်တော်တို့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့လူတွေအနေနဲ့ ပြောရရင် ဒီပွဲကြီးကို အများပြည်သူသွားလာနေတဲ့ လမ်းတွေပေါ်မလုပ်သင့်ဘူးထင်ပါတယ်” ဟု ဗဟန်းမြို့နယ်ရွှေဂုံတိုင်နေသူကိုတင့် ဆွေကပြောသည်။

“အမျိုးသားဇာတ်ရုံတို့၊အောင်ဆန်း ကွင်းတို့၊ပြည်သူ့ရင်ပြင်တို့ရှိတာပဲဗျာ။ ၀င် ကြေးသာမယူနဲ့၊လူတွေလာကြည့်မှာပဲ။ အဲဒီနေရာတွေသွားလုပ်ပေါ့။ ကျွန်တော်  တို့ကတော့ ပျော်ဖို့ပါးဖို့အချိန်မရှိတဲ့ အတွက် ဒီပွဲကြီးကိုဘယ်လိုခံစားရမှန်း မသိဘူး။ လမ်းတွေပိတ်ကုန်လို့ခံစားလိုက် ရတာတော့အမှန်ပဲ”ဟု လှည်းတန်းမှ မြို့ တွင်းသို့အလုပ်ဆင်းရသူကိုကြည်လွင်က ဆိုသည်။

“၀န်ကြီးချုပ်နဲ့ ကရင်တိုင်းရင်းသား ၀န်ကြီးဆိုတဲ့ ၀န်ကြီးကပြောတယ်။ ရန်ကုန်မြို့ကိုကျွန်တော်တို့လက်ထဲပြန် အပ်လိုက်တာတဲ့။ဘာပြောမှန်းလဲမသိဘူး။ ရာဇ၀တ်မှုတွေပေါလာတာဖမ်းမရလို့။ လမ်းတွေပိတ်တာရှင်းမရလို့။ကုန်ဈေးနှုန်း တွေတက်တာထိန်းမရလို့ပြည်သူတွေ လက်ထဲမြို့ကို ပြန်အပ်လိုက်တာလားလို့ မေးချင်တယ်”ဟု ကျောက်တံတားမြို့နယ် နေနိုင်ငံရေးအကျဉ်းသားဟောင်းကိုမင်းဦး ကဝေဖန်ထောက်ပြသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့မြို့မှာနေထိုင်သူတွေအား လုံးကျွန်တော်တို့တွေးနိုင်တယ်။ စဉ်း စားနိုင်တယ်။ ကျွန်တော်တို့သိရှိထားတဲ့ အသိတွေနဲ့ ကျွန်တော်တို့ မြို့ကိုတိုးတက် အောင်လုပ်နိုင်တယ်။ ဒီလုပ်နိုင်ခွင့် အခွင့်အလမ်းအလမ်းတစ်ခုကျွန်တော် တို့ပြည်သူတွေလက်ထဲကိုပြန်ရောက်ပြီ။ ကျွန်တော်တို့အိပ်မက်တွေကို အကောင် အထည်ဖော်နိုင်ပြီဆိုတာကို မင်္ဂလာပါပွဲ တော်ကနေကျွန်တော်တို့ပြည်သူလူထု အားလုံးနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကလာတဲ့ ဧည့်သည်တွေအားလုံးကို သိရှိသွားနိုင်ဖို့ အတွက် မင်္ဂလာပါပွဲတော်ကိုကျင်းပရ ခြင်းဖြစ်ပါတယ်”ဟုမဟာဗန်္ဓုလပန်းခြံ ရှေ့တွင်ဝေငှသည့်လက်ကမ်းစာအုပ်တွင် ရေးသားထားသည်။

ပိတ်ပွဲကျင်းပချိန်ပစ်လွှတ်သည့်မီးရှူး မီးပန်းပစ်ဖောက်သံများကြောင့် အထိတ် အလန့်ဖြစ်ခဲ့ရကြောင်းကို Facebook စာမျက်နှာအချို့က ဝေဖန်ရေးသားခဲ့ကြ သည်။       

         ဇော်မြင့်

Date: 
Tuesday, December 6, 2016