ပြည်သူလူထုရဲ့ ပိုက်ဆံကိုသုံးမယ့် အစိုးရက ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါတယ်

ပြည်သူလူထု၏ပိုက်ဆံကို သုံးမည့် အစိုးရအဖွဲ့သည် ပွင့်လင်းမြင်သာမှုရှိရန် လိုကြောင်း ဖေဖော်ဝါရီ ၁၀ရက်နေ့က  Orchid Hotel ၌ ပြုလုပ်သည့် DVB စီးပွားရေးစကားဝိုင်းတွင် ရန်ကုန်တိုင်း ဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဟောင်း ဒေါ်ညိုညိုသင်းကပြောသည်။ ““စီမံကိန်းတွေက ပွင့်လင်းမြင်သာမှုရှိရဲ့ လား”” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ယင်း စကားဝိုင်းအား ဒေါ်ညိုညိုသင်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သုတေ သနဌာန တာဝန်ခံဦးမျိုးရန်နောင်သိန်း တို့က ဦးဆောင်၍ အထူးဧည့်သည်တော် ဦးခင်လှိုင်(ဇောတိက)နှင့် ဦးမျိုးမြင့်တို့ လည်း ပါဝင်ဆွေးနွေးခဲ့ကြသည်။

““ကျွန်မတို့တင်ထားတဲ့ အစိုးရဟာ ပြည်သူလူထုအပေါ် စိတ်ကောင်း စေ တနာရှိတယ်ဆိုတာ ကျွန်မမငြင်းဘူး။ သို့သော် လုပ်နည်းကိုင်နည်းက မှန်ရ မယ်။ ဘာကြောင့်လဲဆိုတော့ ဒီအစိုးရ သည် ငါးနှစ်သက်တမ်းပဲရှိတာ။ နှစ် ခြောက်ဆယ်အုပ်ချုပ်မှာ မဟုတ်ဘူး။ တကယ်လို့ ဒီသက်တမ်းအတွင်းမှာ ဥပဒေကိုလွဲပြီးတော့ တလွဲတချော်လုပ်မိ ရင် နောက်တက်တဲ့အစိုးရက ဒီအစိုးရကို ခုံရုံးတင်တယ်ဆိုတာမျိုး ကျွန်မတို့ မလို ချင်ဘူး။ အခု ရန်ကုန်မြို့သစ်စီမံကိန်း အတွက် ၆၈ ဘီလီယံအသုံးပြုမယ်။ ဒါ ကျွန်မတို့ ပြည်သူ့ပိုက်ဆံ၊ ကျွန်မတို့ ပြည်သူလူထု ဟာ ထမင်းတစ်နပ် စား ရဖို့ တစ်ပြည်လုံး အရမ်းကြိုးစားနေ ရတယ်။ အဲဒီပြည်သူလူထုရဲ့ ပိုက်ဆံကို သုံးမယ့်အစိုးရအဖွဲ့က ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါတယ်””ဟု  ဒေါ်ညိုညိုသင်းက ဆိုသည်။

အစိုးရ၏ ပွင့်လင်းမြင်သာမှုကို အသုံးချပြီး အဖျက်အမှောက်လုပ်မည့် သူများရှိနိုင်ကြောင်း စီမံကိန်းအချို့မှာ အသွင်သဏ္ဌာန်မကောင်းသော်လည်း အနှစ်သာရက ကောင်းမွန်ကြောင်း ဦးမျိုးရန်နောင်သိန်းက ချေပပြောဆို သည်။

““ပွင့်လင်းမြင်သာမှုရှိတာကို အသုံး ချပြီး အဖျက်အမှောက်လုပ်မယ့်သူအချို့ ရှိနိုင်တယ်။ ဥပမာ ကရင်ပြည်နယ်မှာ လုပ်မယ့်ကျောက်မီးသွေးစက်ရုံ၊ ကျွန်တော်တို့ဆီမှာ လုပ်နိုင်တာနဲ့ ထိုင်း ကစီးပွားရေးကျပြီ။ အဲဒီတော့ ထိုင်းလုပ် ငန်းရှင်တွေက ၀င်ကစားကြတယ်။ ကျွန်တော်တို့ဆီက သတင်းပေါက်လေ ထိုင်းက ကြိုက်လေပဲ။ ကျွန်တော်တို့ စဉ်း စားနေရတာက ဒီသတင်းအပေါက်ခံမ လား။ ပေါက်လို့ရှိရင် တိုင်းပြည်နစ်နာ မယ်။ ထိန်းထားရင် တိုင်းပြည်အကျိုးရှိ မယ်။ ဒီတော့ ကျွန်တော်တို့က ပြည်သူ အပြောကိုခံမယ်။ ပြည်သူကိုချစ်တဲ့ အတွက် အမုန်းခံတယ်””ဟု ၎င်းင်းကဆို သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်ဟောင်း ဦးခင်လှိုင်(ဇော တိက)က ““ပွင့်လင်းမြင်သာမှုများရှိရင် စီမံကိန်းပျက်သွားမယ်ဆိုတာကတော့ ဒါ မိုးကြိုးပစ်ထန်းလက်နဲ့ကာပုံမျိုးပြောတာပဲ၊ ဖြစ်လာမယ့်အနေအထားကို ကာကွယ် နိုင်တဲ့ ဥပဒေတွေ မရှိဘူးလား။ အစိုးရ တစ်ရပ်ပဲဖြစ်ဖြစ်၊ ပြည်သူပဲဖြစ်ဖြစ် အဂတိတရားလေးပါးကင်းဖို့လိုတယ်””ဟု  ပါဝင်ဆွေးနွေးသည်။

““ဒီအစိုးရကို ချစ်လို့ဆိုပြီးတော့ မျက်စိတွေမှိတ်နားတွေပိတ်ပြီး ထောက် ခံနေတာ မဖြစ်သင့်ဘူး။ ဒုတိယက ဒီ အစိုးရက ငါနဲ့မတူရန်သူဆိုပြီး တိုက်ခိုက် ကြမယ်ဆိုရင် ဒါလည်းမဟုတ်သေးဘူး။  နောက်တစ်ခုက ဒီအစိုးရက ဖမ်းတာ ဆီးတာများတယ်ဆိုပြီး အမှန်တရားတွေ ထောက်ပြချင်တာကို မထောက်ပြဘဲ နေ တာလည်းမဖြစ်သင့်ဘူး။ တချို့ကျပြန် တော့လည်း မှန်တာလည်းမသိဘူး။ မှား တာလည်းမသိဘူး။ သူများဖြူလိုက်ဖြူ၊ သူများမည်း လိုက်မည်းတာမျိုးလည်း မဖြစ်သင့်ဘူး။ အဲဒီ အဂတိတရားလေး ပါး ကင်းဖို့လိုတယ်””ဟု ဦးခင်လှိုင်(ဇောတိ က) က ပြောသည်။ ယင်းစကားဝိုင်း၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရဆောင် ရွက်နေသည့် စီမံကိန်းများကို အထူးပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်

Date: 
Tuesday, February 13, 2018