မြစ်ကြီးနားမြို့ ၌ ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ရှုတ်ချကြောင်း ဆန္ဒဖော်ထုတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ စက်တင် ဘာ  ၃၀ ရက် နံနက် ၈ နာရီ အချိန်တွင် ရခိုင်ပြည်နယ်၌ဖြစ်ပွားနေ သည့်အကြမ်းဖက်မှုများကို ကန့်ကွက် ကြောင်းနှင့် ရခိုင်အရေးကိုပြည်ပနိုင်ငံ များဝင်ရောက်စွက်ဖက်မှုကို အလိုမရှိ ကြောင်းလူအင်အား ၂၅၀၀ ခန့်ကဆန်္ဒ ဖော်ထုတ်ခဲ့ကြသည်။

အဆိုပါဆန်္ဒဖော်ထုတ်ပွဲတွင်မြစ်ကြီး နားမြို့ရှိဒေသခံတိုင်းရင်းသားပေါင်းစုံပါ ၀င်ခဲ့ခြင်းဖြစ်ပြီးဆန္ဒဖော်ထုတ်ပွဲကျင်းပ ရေးကော်မတီဝင်ဦးတင်လှိုင်က ရခိုင် ပြည်နယ်အတွင်းအစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်မှုကိုအလိုမရှိသောကြောင့် အဓိက ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

“အဓိကအနေနဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုကိုလုံးဝဆန့်ကျင်ပါတယ်။ပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ပြည်တွင်း အရေးကို ပြည်ပနိုင်ငံက စွက်ဖက်တာကို အလိုမရှိပါဘူး”ဟု၎င်းင်းကဆက်ပြောသည်။

မြစ်ကြီးနားမြို့ ဒေသခံတိုင်းရင်း သားများဖြစ်သောက ဟိန်္ဒူနှင့် ဗမာ       စသည့်တိုင်းရင်းသားမျိုးနွယ်စုများက ဆန်္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ် ပြီးဆန္ဒဖော် ထုတ်ပွဲဖြစ်မြောက်ရေးကော်မတီဝင်ရှမ်း တိုင်းရင်းသားဦးစိုင်းစန်းဝေက “လူသား အချင်းချင်းကိုယ်ချင်းစာတရားပျက် သုဉ်းပြီး စိတ္တဇဆန်တဲ့လူသတ်သမား တွေရဲ့ လုပ်ရပ်လိုဖြစ်နေလို့ရှုတ်ချပါ တယ်”ဟုပြောသည်။

အဆိုပါဆန်္ဒထုတ်ဖော်ပွဲကို ကြွေး ကြော်သံနှင့် ဆိုင်းဘုတ်စာသား ၁၀ မျိုး ကိုင်ဆောင်၍ မြစ်ကြီးနားရမ်ပူရပ်ကွက် ခေမာသီဝံကျောင်းတိုက်အတွင်းရှိအနန်္တ သုခရွှေတိဂုံပုံတူစေတီတော်မှ နံနက် ၈ နာရီခန့်တွင် စတင်ပြီး မြစ်ကြီးနားမြို့ တွင်းသို့လမ်းလျှောက်ကြွေးကြော်ဆန္ဒဖော် ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းပြီးခဲ့သည့် သြဂုတ်  ၂၅ ရက်မှ စတင်၍ ဗျွှဗ အကြမ်းဖက်သမားများက၀င်ရောက်တိုက် ခိုက်အကြမ်းဖက်မှုကြောင့် လုံခြုံရေး ရဲကင်း ၃၀ ကျော်အပါဝင်ကျေးရွာနေ အိမ်အများအဟြးပျက်စီး၍ လူအများ အပြားသေဆုံးခဲ့ရသဖြင့် ငြိမ်းချမ်းရေး လိုလားသောမြန်မာတိုင်းရင်းသားများက အကြမ်းဖက်လုပ်ရပ်များအားကမ္ဘာ့နိုင်ငံ များသိရှိစေရန်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။   တောသားလေး

Date: 
Tuesday, October 3, 2017