မြန်မာ့နိုင်ငံမှထွက်ရှိသည့်ကော်ဖီကို ပြည်ပနိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ရန် အစိုးရ၏အကူအညီများလိုအပ်နေ

မြန်မာ့နိုင်ငံမှထွက်ရှိသည့်ကော်ဖီကို ပြည်ပနိုင်ငံများသို့ တစ်နှစ်လျှင် တန်ချိန် ၁၀၀၀ ခန့်သာတင်ပို့နိုင်သဖြင့် ပိုမိုတင်ပို့ နိုင်ရန်နိုင်ငံတော်အစိုးရ၏အကူအညီများ လိုအပ်နေကြောင်းမြန်မာနိုင်ငံ ကော်ဖီ လုပ်ငန်းရှင်များအသင်းမှ သိရသည်။
““မြန်မာကော်ဖီကို နိုင်ငံတကာ တင် ပို့မှုအနေနဲ့ ဈေးကွက်တည်ငြိမ်ဖို့ အချက် က အဓိကအရေးကြီးပြီး အစိုးရအနေနဲ့ လည်းကော်ဖီစိုက်တောင်သူတွေအားလုံး စိုက်ပျိုးမှုတွေ ပိုမိုအောင်မြင်ဖြစ်ထွန်းစေ ဖို့အတွက် မြေသြဇာတွေကို အကြွေး စနစ်နဲ့ ရောင်းချတာတွေအပြင် ရေ၊ မီးနဲ့ လမ်းပန်းဆက်သွယ်ရေးတွေပါ ကူညီ ပံ့ပိုးပေးဖို့ လိုအပ်နေပါတယ်””ဟု မြန်မာ နိုင်ငံ ကော်ဖီလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဦးမင်းလှိုင်ကပြောသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီ သည်  အရည်အသွေးကောင်းသည့် အတွက် ပြည်ပသို့ တင်ပို့ရာတွင် ဈေး ကောင်းရရှိကြောင်း သိရသည်။
““လက်ရှိမှာဆိုရင် မြန်မာ့ကော်ဖီက နိုင်ငံတကာထက်ကို အဆင့်အတန်းမြင့် တယ်။ ဒီအတွက် ကော်ဖီဈေးကလည်း အခြား နိုင်ငံကထွက်ရှိတဲ့ ကော်ဖီထက် ကို ဈေးကကြီးနေတယ်။ ဒီအတွက် နိုင်ငံ ခြားတင်ပို့တဲ့အခါမှာ တန်ချိန်နည်းနေ သေးတယ်လို့ပြောလို့ရတယ်။ မြန်မာနိုင်ငံ မှာရှိတဲ့ ကော်ဖီစိုက်တဲ့တောင်သူတွေ အနေနဲ့ကလည်းဘယ်လိုဖြစ်နေတုန်းဆိုရင် ကော်ဖီတော့စိုက်ထားတယ်။ ကော်ဖီမှည့် တာနဲ့ တစ်ခါတည်းခူးပြီး ရောင်းချသလို ဖြစ်နေတော့သိပ်ပြီး တိုးတက်မှုအားနည်း နေတယ်””ဟုဦးမင်းလှိုင်ကဆက်ပြောသည်။
မြန်မာနိုင်ငံမှ ကော်ဖီစိုက်တောင် သူများအနေဖြင့်လည်း လက်ရှိစိုက်ပျိုးနေ သည့် ကော်ဖီများကိုအထွက်နှုန်းကောင်း ပြီး အရည်အသွေးပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် လိုအပ်နေကြောင်း သိရ သည်။
““ကျွန်တော်တို့ ကော်ဖီစိုက်တောင် သူတွေအနေနဲ့ကတော့ ကော်ဖီစေ့အစိမ်း ကို ရောင်းတာပါ။ ကော်ဖီစိုက်တဲ့ အခါ မိုးလေ၀သနဲ့ ရာသီဥတုအပြင် ရေမြေ တွေ အများကြီး စကားပြောပါတယ်။ ကော်ဖီ တစ်ပင်ဖြစ်ဖို့ကလည်း အများကြီး အရေးကြီးပါတယ်။ ကော်ဖီတစ်ပင်ဖြစ်ဖို့ အနည်းဆုံးခြောက်လကနေတစ်နှစ်ကျော် လောက်အထိ စောင့်ရပါတယ်။ ကော်ဖီ ဈေးကလည်း အခုလက်ရှိတော့ ဈေး ကွက်ကမဆိုးပါဘူး။ ဒါပေမဲ့ ပြင်ဦးလွင် မှာက ကော်ဖီစီမံကိန်းအနေနဲ့ နိုင်ငံတော် ကဧက ၅၀၀၀၀ အထိ သတ်မှတ်ထား သော်လည်း လက်ရှိမှာက ဧက ၅၀၀၀ခန့် သာကော်ဖီများကို စိုက်ပျိုးနေကြတာပါ”” ဟု ပြင်ဦးလွင်မြို့မှကော်ဖီစိုက်တောင်သူ ဦးမိုးကပြောသည်။
မြန်မာနိုင်ငံ၌ ကော်ဖီကို ရှမ်းပြည် နယ်တွင် အများဆုံး စိုက်ပျိုးကြပြီး မန်္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံဒေသမှ ထွက်ရှိသည့်ကော်ဖီကို ပြည်ပနိုင်ငံများက စိတ်ဝင်စားကာ ၀ယ်ယူမှုများနေကြောင်း သိရသည်။ 
မြန်မာကော်ဖီကို အာဖရိက၊ ဂျပန်၊ ဥရောပနိုင်ငံများနှင့် တောင်ကိုရီယား စသည့် နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကော်ဖီတစ်ကီလိုလျှင် ခြောက်ဒေါ်လာမှ ၁၀ ဒေါ်လာထိ ဈေးပေါက်နေကြောင်း သိရသည်။             မင်းခန့်(မြစ်မခ)
Date: 
Tuesday, June 26, 2018