မြန်မာနိုင်ငံကြက်ခြေနီအသင်း စစ်ဘေးရှောင်ပြည်သူများအတွက် ကြက်ခြေနီရန်ပုံငွေ ဈေးပွဲတော် ကျင်းပမည်

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြီးမှူး၍ စစ်ဘေးရှောင်ပြည်သူများ အတွက် ကြက်ခြေနီရန်ပုံငွေဈေးပွဲတော် ကျင်းပမည့်ကိစ်္စနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မတ်လ ၂၂ ရက်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ်(ရန်ကုန်ရုံးခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အစိုးရအဖွဲ့အစည်း မဟုတ်သော်လည်း လူမှုကရုဏာ လုပ်ငန်းများအား ကူညီ ဆောင်ရွက်ပေးနေသလို အဆိုပါ ရန်ပုံ ငွေမှရလာသည့် ရန်ပုံငွေများအား စစ် ဘေးရှောင်ပြည်သူများအတွက် အသုံးပြု သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက် ခြေနီအသင်းဥက်္ကဋ္ဌ ပါမောက်္ခဒေါက်တာ မြသူက ပြောသည်။

““ရန်ပုံငွေဈေးပွဲတော်ဆိုပေမဲ့ ကျွန်မ တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကြက်ခြေနီ လူမှု ကရုဏာလုပ်ငန်းတွေအကြောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဟာ ဘယ်လိုအသင်းမျိုးလဲ၊ အစိုးရအဖွဲ့ အစည်းလား၊ အစိုးရမဟုတ်တဲ့ နိုင်ငံ တကာအဖွဲ့အစည်းလား၊ လူမှုအဖွဲ့ အစည်းလား၊ ဒါတွေကို ကျွန်မတို့က သိစေချင်ပါတယ်။ ကျွန်မတို့လုပ်နေတဲ့ လုပ်ငန်းတွေကိုပြတဲ့ ပြခန်းတွေလည်း ပါမှာပါ။ ပြောရရင်တော့ ကျွန်မတို့က လူမှုကရုဏာအဖွဲ့အစည်း ဖြစ်ပါတယ်။ အစိုးရအဖွဲ့အစည်း မဟုတ်ဘဲနဲ့ ကျွန်မ တို့ကို နိုင်ငံတော်အစိုးရက ဥပဒေနဲ့ ပြဋ္ဌာန်းပေးထားတယ်။ လူမှုကရုဏာလုပ် ငန်းတွေမှာ နိုင်ငံတော်ကို အရန်အင်အား အဖြစ်နဲ့ ကျွန်မတို့က ကူညီဆောင်ရွက် ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ပြီးတော့ ဒီပွဲကရလာတဲ့ ရန်ပုံငွေကိုလည်း ရခိုင် ပြည်နယ်မှာ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်ခံစားနေရတဲ့သူတွေ၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ စစ်ဘေးရှောင်ပြည် သူတွေ၊ ကျန်းမာရေးအဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေ၊ ဘေးအန်္တရာယ်ကြိုတင် ကာကွယ်တဲ့လုပ်ငန်းတွေ အဲဒီလိုနေရာ တွေမှာ အသုံးပြုသွားမှာပါ””ဟု မြန်မာ နိုင်ငံကြက်ခြေနီအသင်းဥက်္ကဋ္ဌ ပါမောက်္ခ ဒေါက်တာမြသူက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၌ အသင်းဝင် အင် အားများစွာ လိုအပ်နေသေးသလို နည်း ပညာကျွမ်းကျင်သည့် လူငယ်များ၊ လူမှု ဂရုဏာလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားလိုသည့် လူငယ်များအား ပူးပေါင်းပါဝင်စေလိုကြောင်း၊ ကြက်ခြေနီ အသင်းသည် ပြည်သူအတွက် ဖြစ်ခြင်း ကြောင့် ပြည်သူများ ပူးပေါင်းပါဝင်မှသာ ပိုမိုအောင်မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းင်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ကြက်ခြေနီရန်ပုံငွေဈေးပွဲ တော်ကို မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်အထိ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ နံနက် ၉ နာရီမှ ည ၉ နာရီထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်သလို နာမည်ကြီး ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်များက တေး ဂီတများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ သရုပ်ဆောင်များ မော်ဒယ်များ၏ ဖက် ရှင်သရုပ်ပြအစီအစဉ်များ၊ မျက်လှည့် အစီအစဉ်များ စသည်တို့အပြင် တိုင်း ရင်းသားရိုးရာ အစားအစာနှင့် အသုံး အဆောင်ပစ်္စည်းများ ရောင်းချခြင်းနှင့် ကံစမ်းမဲလက်မှတ်ဖောက်ပေးခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။                      ကျော်ကိုကို

 

Date: 
Tuesday, March 27, 2018