ဝန်ကြီးတွေ လိုင်းကားနဲ့အငှားယာဉ်စီးနေတာ တစ်ယောက်မှမရှိပါဘူး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်းတစ်ထောင်တန်Ford ကား ၁၀စီး ၀ယ်ယူမည့် ဘတ်ဂျက်တင်ပြခြင်း ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် စီမံကိန်းရေးရာ ကော်မတီဥက္ကဋ္ဌ ဆိပ်ကြီးခနောင် တိုမြို့ နယ် မဲဆန်္ဒနယ်အမှတ်(၁)မှ လွှတ်တော် ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ကန့်ကွက် လိုက်ကြောင်း သိရှိရသည်။ 

ဇွန် ၄ရက်တွင်ပြုလုပ်သည့် ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(၃၉) ရက်မြောက်နေ့တွင် ရန်ကုန်တိုင်း ဒေသ ကြီးအစိုးရအဖွဲ့ကပေးပို့သည့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ အရသုံးခန့်မှန်းခြေ ငွေစာရင်းလျာထား ချက်နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များ၏ ဆွေးနွေးခဲ့မှုများအပေါ် တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ရှင်းလင်းရာ တွင် ယင်းကဲ့သို့ ကန့်ကွက်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။

““ကျွန်မတို့ဝန်ကြီးတွေကို အန္တရာယ် ကင်းကင်းနဲ့ စီးစေချင်ပါတယ်၊၊ ၀န်ကြီး တွေက ဘတ်စ်ကားလည်း မစီးရပါဘူး။ လိုင်းကားလည်း မစီးရပါဘူး။ taxi   လည်း စီးနေသူတစ်ယောက်မှ မရှိပါဘူး။ ကိုယ် ပိုင်ကားတွေစီးနေတဲ့ ၀န်ကြီးတွေလည်း ရှိပါတယ်၊၊ ကျွန်မတို့နိုင်ငံမှာ ခြိုးခြံချွေ တာဖို့  အတိုင်ပင်ခံပုဂ်္ဂိုလ်ကတောင် ၀န်ကြီးတစ်ယောက်ကိုလေးဌာနလောက် ကိုင်ခိုင်းပြီး လုပ်ကိုင်နေတဲ့အချိန်မှာ ကျွန်မတို့ သက်တမ်းအားဖြင့် နှစ်နှစ် ကျော်ပဲ ကျန်ပါတော့တယ်။ ဒီသက်တမ်း နှစ်နှစ်ကျော်လေးမှာ ဒီကားကြီးတွေကို ၀ယ်ပြီးစီးနိုင်ဖို့လိုအပ်တယ်ဆိုရင် လွှတ် တော်ရဲ့ အဆုံးအဖြတ်ကိုယူလိုက်ပါ၊၊ ကျန်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေ သဘောတူတယ်ဆိုရင် ကျွန်မတို့စီမံကိန်း ကော်မတီကလည်း သဘောတူပေးလိုက် ပါတယ်၊၊ ကျွန်မတို့စီမံကိန်းကော်မတီရဲ့ သဘောတရားက လုံးဝ လုံးဝ သဘော မတူပါဘူး””ဟု ဘဏ္ဍာရေး၊ စီးပွားရေးနှင့် စီမံကိန်းရေးရာကော်မတီဥက်္ကဋ္ဌဒေါ်စန်္ဒာ မင်းက ပြောသည်။

လက်ရှိအစိုးရအဖွဲ့တွင်ရှိသည့် အဆောင်အယောင်ကားများမှာ ဟောင်း နွမ်းနေသဖြင့် ကားသစ်များဝယ်ယူဖြည့် တင်းရန် လွှတ်တော်အဆုံးအဖြတ်ကို ရယူရခြင်းဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဦးမြင့်သောင်းက ပြန်လည်ရှင်း လင်းသည်။

““အစိုးရအဖွဲ့မှာအဆောင်အယောင် ကားတွေ အားလုံးမှာ ကားသုံးစီးပဲ စီးလို့ ရပါတယ်။ ဂျပန်အင်ဂျင်အဟောင်းများ ကြောင့် ကျန်တဲ့ကားတွေရဲ့ သက်တမ်း အရ သုံးစီးသာ စီးလို့ရပြီး ပြင်ဆင်စရိတ် က တစ်နှစ်ကို ၁၀ သိန်းကနေ ၁၈ သိန်း အထိ ကုန်ကျနေပြီးတော့ ကုန်ကျစရိတ် များပြားနေပါတယ်။ အားလုံးကားများ ဟာ ဟောင်းနွမ်းနေပါတယ်။ အရင် အစိုးရ လက်ထက်တည်းကပါလာတဲ့ ရခိုင်ဝန်ကြီးဦးဇော်အေးမောင်နဲ့ တိုင်ပင် ပြီး စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ကားတွေရဲ့ဟောင်းနွမ်းခြင်း၊ ကြံ့ခိုင်မှုမရှိ ခြင်း ရခိုင်ဝန်ကြီးကိုမေးမြန်းမယ်ဆိုရင် ဥက်္ကဋ္ဌကြီးကို ဒီကိစ္စတွေကို ပြောပြနိုင် ပါမယ်။ မဲခွဲပြီးတော့အတည်ပြုရတဲ့ ဆုံး ဖြတ်ချက် လုပ်ငန်းမျိုးထက်စာရင် အား လုံး တညီတညွတ်တည်း အတည်ပြုရတဲ့ ဘတ်ဂျက်ကို ပိုပြီးမြတ်နိုးပါတယ်””ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ပေးပို့သည့် ၂၀၁၈-၂၀၁၉ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏အရသုံးခန့် မှန်းခြေ ငွေစာရင်းလျာထားချက်တွင် ပါဝင်သည့် အစိုးရအဖွဲ့ ကားဝယ်ယူမည့် ဘတ်ဂျက်ကိစ်္စနှင့်နိုင်ငံခြားဘဏ်လုပ် ငန်း လုပ်ဆောင်ရန် ဘတ်ဂျတ်လုပ်ငန်းစဉ် နှစ်ခုကို ဘဏ္ဍာရေး၊ စီးပွားရေးနှင့် စီမံ ကိန်းရေးရာကော်မတီဥက်္ကဋ္ဌ ဒေါ်စန်္ဒာ မင်းက သဘောတူညီမှုမရှိသည့်အတွက် တိုင်းဝန်ကြီးချုပ်ပါဝင်သော တိုင်းအစိုးရ အဖွဲ့ထံပြန်တင်ပြကာ အစိုးရအဖွဲ့၏ ဆုံး ဖြတ်ချက်ကို လွှတ်တော်သို့ ပြန်တင်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အေမီအောင်(မြစ်မခ)

 

Date: 
Tuesday, June 5, 2018