၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေဆုပေးပွဲ

၂၀၁၆ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေ  ဆုနှင့် စာပေဗိမာန်စာမူဆု ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၁၃၇၉ ခုနှစ် နတ်တော် လဆန်း ၁ ရက် (စာဆိုတော်နေ့)၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့မင်းရဲကျော်စွာလမ်း ရှိ ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) ၌ ကျင်းပသည်။ 
အဆိုပါအခမ်းအနားသို့ပြည်ထောင် စုသမ်္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ်္မတ ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများ၊ ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက် တာဆုရစာပေပညာရှင်များ ၂၀၁၆ ခုနှစ် အတွက် အမျိုးသားစာပေဆုရသူများ၊ ၂၀၁၆ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ရစာပေပညာရှင်များနှင့် ဖိတ်ကြားထား သူများတက်ရောက်သည်။
အခမ်းအနားတွင် ဒုတိယသမ်္မတ ဦးမြင့်ဆွေက အမှာစကားပြောရာတွင် “ကျွန်တော်တို့မြန်မာ့စာပေသည်လွန်ခဲ့ သည့်နှစ် ၉၀၀ ကျော် ပုဂံခေတ်ကတည်း က စတင်ပေါ်ပေါက်ကြောင်း ပုဂံခေတ် ဂူကြောက်ကြီးဘုရားကျောက်စာ၊ မြစေ တီဘုရားကျောက်စာတို့မှာ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိအက်္ခရာများဖြင့် အခိုင်အမာ ရေးတိုးတာတွေ့ရကြောင်း၊ ထို့နောက် ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူ ခေတ်၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် များမှသည် ယနေ့မျက်မှောက်ခေတ်အထိ မြန်မာစာပေဟာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်လာသည်ကိုတွေ့ရကြောင်း ၁၉၄၈ ခုနှစ် မေလမှာ အမှောင်ခွင်း၍ အလင်း ဆောင်အံ့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စာပေဗိမာန်ကိုခေတ်နှင့်အညီပြောင်းလဲ ခေါ်ဝေါ်သုံးစွဲပြီး၊ ထိုနှစ်မှစ၍ စာပေဗိမာန် စာပေဆုများကိုချီးမြှင့်ခဲ့သည်မှာ ယနေ့ ထိဖြစ်ပါကြောင်း၊ ဤသို့စဉ်ဆက်မပြတ် စာပေဆုများချီးမြှင့်နေရခြင်းမှာ မြန်မာ စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေး ကြီးတဲ့ တာဝန်တစ်ရပ်အဖြစ်အလေး အနက်ထားဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စာပေပညာရှင်များအနေဖြင့်လည်း “ဓား သွားထက်ပိုထက်တဲ့ကလောင်သွားပိုင် ရှင်များ” ပီပီစိတ်စေတနာအပြည့်အ၀ ထားပြီး၊ မိမိပတ်ဝန်းကျင်ဘ၀၊ မိမိရေမြေ ဘ၀၊ မိမိလူမျိုးဘ၀၊ မိမိတိုင်းပြည်ဘ၀ အတွက် အကျိုးပြုစာပေလက်ရာများ ပိုမိုရေးသားနိုင်ကြပါစေကြောင်း စသည် ဖြင့် တိုက်တွန်းပြောကြားသွားသည်။
ဆက်လက်ပြီး ဆုရသူစာပေပညာ ရှင်များအား  သက်ဆိုင်ရာ ဆုများကို နိုင်ငံတော်ဒုသမ်္မတ၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များကဆုချီးမြှင့် ပေးအပ်ရာ ၂၀၁၆ ခုနှစ် အတွက် အမျိုးသားစာပေတစ်သက်တာ ဆုရရှိသူတစ်ဦးဖြစ်သူဆရာကြီး ဦးသိန်း သန်းထွန်း (သိန်းသန်းထွန်း)က ယခု တစ်သက်တာဆုအတွက် ချီးမြှင့်ငွေမှာ ကျပ်ငွေ ၂၅ သိန်း ဖြစ်ကြောင်း၊ နောက် နှစ်နောင်နှစ်တွေမှာ  တစ်သက်တာဆု အတွက် ကျပ်သိန်း ၁၀၀၀၊ အမျိုးသား စာပေဆုအတွက် ကျပ်သိန်း ၈၀၀ နှင့် စာပေဗိမာန်စာမူဆု အတွက် ကျပ်သိန်း ၅၀၀  စသည်ဖြင့်  တိုးမြှင့်ချီးမြှင့်သွား နိုင်ရေးအကြံပြုအပ်ပါကြောင်း စင်မြင့် ပေါ်က  ပြောကြားသွားသည်ကို မြင် သည်။
 ထို့နောက်ဆုရစာပေပညာရှင်ကိုယ် စားလှယ် ၂၀၁၆ ခုနှစ်အတွက် အမျိုးသား  စာပေဆုရဆရာကြီးဦးသာနိုး (မောင်သာ နိုး) က အမှာစကားပြောကြားရာ “စာများ  များဖတ်ကြပါ။ စာဖတ်သူများလျှင် တိုင်း ပြည်တိုးတက်မည်” စသည်ဖြင့် ပြောကြား သွားပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို နံနက် ၁၀ နာရီခွဲတွင်အောင်မြင်စွာရုပ်သိမ်းလိုက် သည်။ ၂၀၁၆ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆုရရှိသူသုံးဦး၊ အမျိုးသားစာပေဆုရရှိသူ ၁၀ ဦးနှင့် စာပေဗိမာန်စာမူဆုရရှိသူ ၂၆ ဦးရှိကြောင်း သိရသည်။                       ကျော်စိန်
Date: 
Friday, November 24, 2017