၂၀၁၈ခုနှစ်တွင် မကွေးတိုင်းအတွင်း ခိုးဝင်ဘင်္ဂါလီ ယမန်နှစ်ကထက် များပြားလာ

မကွေးတိုင်းဒေသကြီးတွင် ၂၀၁၈ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှ ခိုးဝင်လာ သည့် ဘင်္ဂါလီများမှာ ၂၀၁၇ခုနှစ်က ထက် အဆမတန် များပြားလာကြောင်း တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
၂၀၁၈ခုနှစ်အတွင်း ဘင်္ဂါလီခိုးဝင်မှု တားဆီးရေးစီမံချက်ဖြင့် ဌာနပေါင်းစုံ ပါဝင်သောပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှာ ဖွေမှုများ ပြုလုပ်ခဲ့ရာတွင် ၂၀၁၈ခုနှစ် ဇန်န၀ါရီ ၁ရက်မှ ဧပြီ၎ရက်အထိ ဖမ်းဆီး ရမိ ဘင်္ဂါ၉၁ဦးရှိခဲ့ကြောင်းသိရသည်။  ဘင်္ဂါလီလူမျိုးများနှင့် သယ်ဆောင်သူများ ခိုအောင်းနေနိုင်သည့် နေရာများအား မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းလွင် ဦးဆောင်သောအဖွဲ့သည် ဧပြီ၃ရက်နေ့ နံနက်၇နာရီ၃၀မိနစ် အချိန်မှစ၍ ငဖဲမြို့နယ်၊ မင်းလွင်ကျေးရွာ အုပ်စု၊  သစ်ဆိမ့်ပင်ကျေးရွာမှ လောက် ပုလဲကျေးရွာသို့ သွားရောက်သည့် တော လမ်းတစ်လျှောက် ပိတ်ဆို့ရှာဖွေစစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ သစ်ဆိမ့်ပင် ကျေးရွာ၏ အရှေ့မြောက်ဘက် နှစ် ဖာလုံခန့်အကွာရှိ လျှိုအတွင်း၌ ခိုးဝင် ဘင်္ဂါလီအမျိုးသား၁၁ဦး နှင့်အမျိုးသမီး နှစ်ဦး စုစုပေါင်း၁၃ဦး ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၈ခုနှစ် ဇန်န၀ါရီ၁ရက်မှ ဧပြီ ၄ ရက်အထိ မကွေးတိုင်းဒေသကြီး၊ မင်းလှ မြို့နယ်နှင့် ငဖဲမြို့နယ်တို့မှ ဖမ်းဆီးရ မိခဲ့သည့် ဘင်္ဂါလီ၉၁ဦးရှိကြောင်းသိရ သည်။ 
ဘင်္ဂါလီခိုးဝင်မှု တားဆီးရေး အတွက် မင်းဘူးခရိုင်၊ ပုသိမ်-မုံရွာကား လမ်းတစ်လျှောက် ဂုတ်ကြီး၊ငဖဲ၊ ပဒါန်း စသည့် မြို့နယ်စခန်းများတွင်လည်း ကောင်း သရက်ခရိုင်၊မင်းလှမြို့နယ်ရှိ စခန်းများတွင်လည်းကောင်း ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ကြောင်းသိရသည်။ 
““ခိုးဝင်ဘင်္ဂါလီများမှာ ကျောက် တော်နှင့်မြောက်ဦးမြို့နယ်များ ဖြစ်ပြီး မြောက်ဦးမှ စက်လှေနဲ့နှစ်ရက်လောက် တက်လာပြီး တောလမ်းရခိုင်ရိုးမ ကိုဖြတ်ကာ ပုသိမ်-မုံရွာကားလမ်းကိုလာ ကြတာ ပုသိမ်-မုံရွာကားလမ်းမှတစ်ဆင့် ရန်ကုန်ကိုသွားမှာပါ။ ဖမ်းဆီးရမိ သူအများစုမှာ အမျိုးသားများဖြစ်ကြပြီး မြန်မာ နိုင်ငံအတွင်း အဆင်ပြေသည့် မြို့များတွင် လည်းကောင်း၊ ရန်ကုန်မြို့ တွင်လည်းကောင်း အခြေပြုလူစုပြီး မလေးရှားကို ကုန်လမ်း(သို့)ရေလမ်း သင့်တဲ့နည်းနဲ့ သွားမယ်လို့သိရတယ်၊ မလေးရှားရောက်ပြီး ဘင်္ဂါလီများနှင့် အချိတ်အဆက်ရှိနေတယ်၊  ရန်ကုန် ဘယ်နေရာကနေ ချိတ်ဆက်နေလဲဆို တာကတော့ မသိရသေးပါဘူး””ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဦးစီးအရာရှိ( ပထမတန်း) ဒုတိယရဲ မှူးကြီး တင်မိုးကပြောသည်။ 
၂၀၁၇ခုနှစ် ဇန်န၀ါရီ၁ ရက်နေ့မှ ဒီဇင်ဘာ၃၁ရက်အထိ မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင်နှင့် သရက်ခရိုင် အတွင်းသို့ ခိုးဝင်လာသည့် ဘင်္ဂါလီ၁၇ဦး ဖမ်းဆီးရမိခဲ့ကာအဆိုပါ ဖမ်းဆီးရမိမှု များတွင် မင်းဘူးခရိုင်တွင် ၅မှု၊ သရက် ခရိုင်တွင်နှစ်မှုဖြစ်ကြောင်း သိရှိရပြီး အဆိုပါ ဘင်္ဂါလီ၁၇ဦး ဖမ်းဆီး ရမိမှုနှင့် ပက်သက်၍ လိုက်ပါပို့ဆောင်သူ မြန်မာ ၁၅ဦးအားလည်း အမှုဖွင့်အရေး ယူခဲ့ ကြောင်းသိရသည်။         
  သီဟဘုန်းမိုရ်
Date: 
Monday, April 9, 2018