၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလ ဘုရားကြီးအလှူငွေ သိန်းနှစ်သောင်းခန့် ရရှိမည်ခန့်မှန်း

မန်းရွှေစက်တော်ရာဘုရားပွဲတော် ကြီး ရန်ပုံငွေမှာ ဂေါပကသစ်လက်ထက် ၌ တစ်နှစ်ထက်တစ်နှစ် တိုးမြင့်ရရှိနေ ကြောင်း ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီအချိန်တွင် မန်းရွှေစက်တော်ရာ ဘုရား သုံးထပ်သာသနာ့ဗိမာန်တော် ကြီး၌ ကျင်းပပြုသော သတင်းစာရှင်း လင်းပွဲတွင် မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ဥက်္ကဋ္ဌ ဦးသိန်းလှိုင်က ပြော သည်။

၂၀၁၆ ခုနှစ်အတွင်း ယခင်ဂေါပက အဖွဲ့ထံမှ ဘုရားကြီးပိုင်ဆိုင်မှုအနေဖြင့် အလှူတော်ငွေ အရပ်ရပ်ပေါင်း  ကျပ် သိန်းပေါင်း သုံးသောင်းခုနစ်ထောင်နှင့် ရွှေစင်ရွှေသား ၂ ပိဿာ ၈ ကျပ်သား အား လက်လွှဲရရှိခဲ့ပါကြောင်း၊ ပြီးခဲ့ သော ၂၀၁၇ခုနှစ် မန်းရွှေစက်တော်ရာ ဘုရားကြီးပွဲတော် ကာလအတွင်းမှာ စေတိယသန်္တက၊ န၀ကမ်္မဘက်စုံနှင့် စက်တော်ရာ ရန်ပုံငွေအရပ်ရပ် စုစုပေါင်း အလှူတော် ငွေကျပ်သိန်းပေါင်း  တစ် သောင်းနှစ်ထောင်ခန့်ရရှိခဲ့ပြီး၂၀၁၇ခုနှစ် မေလ ၃ ရက်အထိ ဘုရားကြီးပိုင် ရန်ပုံငွေပေါင်းမှာ ငွေကျပ်သိန်းပေါင်း ၄၉၂၃၂၀၀၀၄၂ ကျပ် ဖြစ်ပါကြောင်း ဂေါပကဥက်္ကဋ္ဌက ဆက်လက်ပြောဆို သည်။

မန်းရွှေစက်တော်ရာဘုရားဂေါပက အဖွဲ့ ဥက်္ကဋ္ဌ ဦးသိန်းလှိုင်က ““၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ရာဘုရား ဗုဒ်္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲပြုလုပ်တဲ့ ဇန်န၀ါရီ ၂၁ ရက်မှာတင်ပဲ နမ်္မဒါ(၁)၊ နမ်္မဒါ(၂)၊ ငွေသောင်ယံ၊ တည်းကျောင်း ၁၁၆ ကျောင်း၊ သန့်စင်ခန်း ၁၈ မျိုး၊ ရေချမ်းစင် ညောင်ထောက်ကန်တော့ပွဲ ၂၉ မျိုးနဲ့ ကားပါကင် တင်ဒါအရပ်ရပ်တို့မှ အလှူတော်ငွေရရှိငွေပေါင်း ကျပ်သိန်း တစ်သောင်းနှစ်ထောင်ခန့်ရရှိခဲ့ပါတယ်။ ဇန်န၀ါရီ ၂၁ ရက်မှ ဇန်န၀ါရီ ၂၆ ရက် အထိ စေတိယသန်္တက၊ န၀ကမ်္မဘက်စုံ၊ စက်တော်ရာရန်ပုံငွေ အရပ်ရပ်တို့မှ လှူဒါန်းရရှိငွေမှာ  သိန်းပေါင်း ၁၇၄၂၈၀၈၅၀ ကျပ်ရရှိနေပြီး ဖွင့်ပွဲအစမှ ဘုရားပွဲတော်ပြီးသည်အထိ စေတိယ သန်္တက၊ န၀ကမ်္မဘက်စုံ၊ စက်တော်ရာ ရန်ပုံငွေအရပ်ရပ် လှူဒါန်းငွေမှာ အနည်း ဆုံး ကျပ်သိန်း ရှစ်ထောင်(သို့)ကျပ်သိန်း တစ်သောင်းရရှိမယ်လို့ခန့်မှန်းထားသည့် အတွက် ၂၀၁၈ ခုနှစ် မန်းရွှေစက် တော်ရာ ဘုရားကြီးပွဲတော်ကာလတွင် ဘုရားကြီးအလှူတော်ငွေ စုစုပေါင်း ကျပ်သိန်းပေါင်း နှစ်သောင်းခန့်ရရှိမယ် လို့ ခန့်မှန်းပါတယ်”” ဟု မီဒီယာများအား ပြောသည်။               

သီဟဘုန်းမိုရ်

 

Date: 
Tuesday, March 6, 2018